စင်ကာပူ၏ အခြေခံအဆောက်အအုံမှာ ပိုမိုအကန့်အသတ်ရှိလာနေပြီး နိုင်ငံ၏ အမျိုးသား အမှတ် လက္ခဏာများမှာ ထိပါးခံနေရသဖြင့် နိုင်ငံခြားသား အလုပ်သမားများဝင်ရောက် မှုကို ထပ်မံတင်းကျပ် သွားမည်ဖြစ် ကြောင်း အစိုးရက ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ကြေညာခဲ့သည်။
နိုင်ငံခြားသားအလုပ်သမား များပြားသည့် ပြဿနာသည် ပြီးခဲ့ သည့်နှစ်က ရွေးကောက်ပွဲတွင် အာဏာ ရပါတီကို အထိနာစေခဲ့သည့် အရေးအကြီးဆုံးပြဿနာများ ထဲမှ တစ်ခုဖြစ်သည်။ အစိုးရအနေဖြင့် ကုန်ထုတ်လုပ်ငန်း များ၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ ၀န်ဆောင်မှု လုပ်ငန်းများတွင် နိုင်ငံခြားသားအလုပ်သမားများရှိရမည့် အချိုးအစားကို ချိန်ညှိသွားမည်ဖြစ်ကြောင်း ဒုတိယ၀န်ကြီးချုပ် လည်းဖြစ်သော ဘဏ္ဍာရေးဝန်ကြီး သာမန်ရှာမူဂါရက်နန်က ၂၀၁၂ ခုနှစ် ဘတ်ဂျက်ကို ကြေညာစဉ် ပါလီမန်၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
အိမ်နှင့် လူနေအိမ်ရာများ ထပ်မံတည်ဆောက်ရန်နှင့် သယ်ယူပို့ဆောင် ရေးစနစ်ကို ထပ်မံတိုးချဲ့ရန်အတွက် ကြိုးပမ်းနေသော်လည်း နေရာနှင့် အခြေခံအဆောက်အအုံတို့အတွက် အကန့်အသတ်များရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ ထို့ပြင် နိုင်ငံခြားသားအလုပ်သမားများကို အလွယ်တကူရရှိနိုင်မှုကြောင့် ကုမ္ပဏီများအနေဖြင့် ကုန်ထုတ်လုပ်မှု တိုးမြှင့်ရန် အလုပ်အကိုင်ကောင်း များဖန်တီးရန်အတွက် မက်လုံးများ လျော့ကျစေကြောင်း သာမန်က ပြောကြားခဲ့သည်။
စင်ကာပူလူဦးရေသည် ၂၀၁၁ ခုနှစ်က ၅ ဒသမ ၁၈ သန်းရှိခဲ့ရာ လေးပုံတစ်ပုံကျော်မှာ
နိုင်ငံခြားသားများ ဖြစ်ကြသည်။ နိုင်ငံခြားသား အလုပ်သမားများဝင်ရောက်မှုကို လူထု၏ဆန့်ကျင်မှုကြောင့် စင်ကာပူအစိုးရသည် နိုင်ငံခြားသားများ ၀င်ရောက်မှုကို လျော့ချရန် ကြိုးပမ်းခဲ့သည်။ ပြီးခဲ့သည့်နှစ် သြဂုတ်လက နိုင်ငံခြားမှပညာရှင်များ အလုပ်ခန့်ထားမှုအတွက် လိုအပ်ချက်များကို တင်းကျပ်သွားမည်ဟု ၀န်ကြီးချုပ်က ကတိပြုခဲ့သည်။ ပြီးခဲ့သည့် နှစ်နှစ်အတွင်း နိုင်ငံခြားသားများ ၀င်ရောက်မှုသည် ၇ ဒသမ ၅ ရာခိုင်နှုန်းကျော် တိုးတက်ခဲ့သည်။
Source by : Ref:AFP
http://first-11.com

1 comments:
မခန့်နဲ့ပေါ့ အပျင်းနိုင်ငံသားတွေကများး)))
Post a Comment