Home » , » တောင်ကိုရီးယားသို့ မြန်မာလုပ်သားနှစ်ထောင်ကျော် နှစ်လအတွင်း စေလွှတ်မည်

တောင်ကိုရီးယားသို့ မြန်မာလုပ်သားနှစ်ထောင်ကျော် နှစ်လအတွင်း စေလွှတ်မည်

Written By မောင်စေတနာ on Sunday, February 5, 2012 | 10:29:00 AM



အလုပ်သမား အခွင့်အရေး ၊ ခံစားခွင့်များကောင်းမွန်၍ မြန်မာအလုပ် သမားအများစု သွားရောက် လုပ်ကိုင်လိုကြသည့် တောင်ကိုရီးယားနိုင်ငံသို့ EPS (Employment Permit System)စနစ်ဖြင့် မြန်မာအလုပ်သမား နှစ်ထောင်ကျော်ကို နှစ်လအတွင်းစေလွတ်မည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တောင်ကိုရီးယားနိုင်ငံက မြန်မာအလုပ်သမားခေါ်ယူရန် ဇန်နဝါရီလ ၃၁ရက်နေ့အထိ အလုပ်ခေါ်စာ (Job Offer) နှစ်ထောင်ကျော်ကျလာပြီး အလုပ်သမားများမှာ နှစ်လခန့်ကြာလျှင် တောင်ကိုရီးယားနိုင်ငံသို့ သွားရောက် လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း၊

အလုပ်ခန့်စာရထားသော အလုပ်သမားများအနက် တောင်ကိုရီးယားနိုင်ငံတွင် တရားမဝင်နေထိုင်ဖူးသူ ၊ ကျန်းမာရေးစစ်ဆေးချက်မအောင်မြင်သူ၊ တောင်ကိုရီးယားနိုင်ငံကချမှတ်ထားသည့် စည်းကမ်းချက်များနှင့် ငြိစွန်းသူဖြစ်ပါကသွားရောက်လုပ်ကိုင်ခွင့်ရမည်မဟုတ်ကြောင်း အဆိုပါဌာနက တရားဝင်ထုတ်ပြန်ထားသည်။

''ဇန်နဝါရီလ ၁၇ရက်နေ့ထိ အလုပ်သမားခေါ်စာ ခြောက်ရာကျော်ကျတယ်။ ထပ်ပြီးတော့ ၂၇ရက်နေ့အထိ နောက်ထပ် တစ်ထောင်ကျော် ထပ်ကျလာတော့တစ်ထောင့်ကိုးရာလောက်ရှိပြီ။ အခုဆက်တိုက်ကိုကျနေတယ်''ဟု အထက်ပါပုဂ္ဂိုလ်ကဆိုသည်။

အဆိုပါအလုပ်ခေါ်စာကျလာသည့် မြန်မာအလုပ်သမားများသည်အလုပ်ရှင်က ကမ်းလှမ်းသည့် အလုပ်ကို သဘောတူညီပါက အလုပ်စာချုပ် (Standard Labor Contract) ချုပ်ဆိုပေးရမည်ဖြစ်ပြီး ၊ ကိုရီးယားအလုပ်ရှင်ထံပြန်လည်တင်ပြပေးရကာ အလုပ်သမားကျွမ်းကျင်မှုသင်တန်းတက်ရမည်ဖြစ်ကြောင်း၊ ယင်းသို့တင်ပြပြီးပါက အလုပ်ရှင်လည်းသဘောတူညီလျှင် အလုပ်ခန့်စာ ဟု ယူဆရမည့်

ဗီဇာ ထုတ်ပေးရန် သက်သေခံလက်မှတ် (CCVI) ပေးပို့လာမည်ဖြစ်ကြောင်း၊ ဗီဇာထုတ်ပေးရန် သက်သေခံလက်မှတ် (CCVI) ကျလာလျှင် အလုပ်သမားကိုကျန်းမာရေး ဆေးစစ်ချက်များရယူမည်ဖြစ်ပြီး ဗီဇာယူခြင်း ၊ အလုပ်သမားကတ်ထုတ်ခြင်း စသည့်မြန်မာနိုင်ငံ ဘက်တွင် လုပ်ဆောင်ရမည့်အရာများကို လုပ်ပြီးပါက သွားရောက်လုပ်ကိုင်ရမည်ဖြစ်ကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီထံ စုံစမ်းသိရသည်။

''အလုပ်ခန့်စာ (CCVI) ကျလာပြီးရင်တစ်ပတ်၊ နှစ်ပတ်လောက်ဆိုသွားနိုင်ပါတယ်။ တစ်လအတွင်း အလုပ်သမားကို စေလွှတ်ပေးရမယ်''ဟု အစိုးရ ပြည်ပအလုပ် အကိုင် အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

မြန်မာအလုပ်သမားခေါ်ယူရန်တောင်ကိုရီးယားနိုင်ငံက အလုပ်ခေါ်စာ(Job Offer) များနှစ်ထောင်ကျော် ကျလာရာတွင် ရော်ဘာစက်ရုံလုပ်ငန်း၊ လျှပ်စစ်ပစ္စည်းစက်ရုံလုပ်ငန်းနှင့် ကုန်ထုတ်လုပ်ငန်းများအတွက်ခေါ်ယူသည့် အလုပ်များဖြစ်ကြောင်း၊ တောင်ကိုရီးယားနိုင်ငံသို့ မြန်မာအလုပ်သမားစေလွှတ်ရန် အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ တာဝန်ယူဆောင်ရွက်စဉ် ယင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်ရန်

မဖြစ်မနေဖြေဆိုရသည့် ကိုရီးယားဘာသာအရည်အချင်းစစ်စာမေးပွဲ (Topik) ကို နှစ်ကြိမ်စစ်ဆေးခဲ့ရာ စာမေးပွဲအောင်မြင်ပြီး အလုပ်လျှောက်လွှာတင်ထားသူ ခြောက်ထောင်ကျော်ရှိကာ ကိုရီးယားနိုင်ငံသို့ အလုပ်သမား လေးရာကျော် စေလွှတ်ထားပြီးဖြစ်ကြောင်း ၊ အစိုးရပြည်ပ အလုပ်အကိုင်အေဂျင်စီထံမှ သိရသည်။

အလုပ်ခေါ်စာ (Job Offer) ကျလာသော်လည်း အချို့အလုပ်သမားများမှာ အဆက်အသွယ်မရဖြစ်နေသဖြင့် အစိုးရ ပြည် ပ အလု ပ်အကိုင်အေဂျင်စီ ထံသို့လာရောက် စုံစမ်းရန်လိုအပ်ကြောင်းယင်းအေဂျင်စီထံမှ သိရသည်။

''အခုအလုပ်ခေါ်စာတွေ ဆက်တိုက်ကျလာတာတွေ့ရတယ်။ ပါ မပါတော့သွားကြည့်ရမယ်။ မပါသေးရင်လည်း အရင်ထက်စာရင် ကိုရီးယားကို အလုပ်သွားလုပ်ဖို့ မျှော်လင့်ချက်ပိုရှိလာပါပြီ''ဟု အသက် ၃ဝ အရွယ် အမျိုးသားတစ်ဦးကဆိုသည်။


Sources:
- The Voice Weekly (8/8)
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။