Home » » အကယ်ဒမီ ဗန်းကိုင်ရှစ်ဦးနှင့် တွေ့ဆုံခြင်း

အကယ်ဒမီ ဗန်းကိုင်ရှစ်ဦးနှင့် တွေ့ဆုံခြင်း

Written By မောင်စေတနာ on Sunday, February 5, 2012 | 1:30:00 AM

မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီ)ပွဲ ကျင်းပတော့ မည်ဆိုလျှင် ပရိသတ်အများစု စိတ်ဝင်စားကြသည်က မည်သူတွေဆုရမည်လဲ၊ မည်သည့် အနုပညာရှင်များက မည်သည့် အကယ်ဒမီပွဲတက် ၀တ်စုံများနှင့် တက်ရောက်မည်လဲ ဆိုသည့် အကြောင်းအရာများ ကဲ့သို့ပင် ထပ်တူစိတ်ဝင်စားကြသည့် အကယ်ဒမီဗန်းကိုင် မည်သူတွေ ဖြစ်မည် ဆိုတာပင် ဖြစ်သည်။

ခေတ်အဆက်ဆက် နှစ်အသီးသီးတွင် အကယ်ဒမီဗန်း ကိုင်ဆောင်ခွင့်ရခဲ့ကြ သူတွေက အကယ်ဒမီ ဗန်းကိုင် ဖြစ်ပြီးနောက်တွင် ထင်ရှားသည့် အနုပညာရှင်များ ဖြစ်လာခဲ့ကြသည့်အတွက် အကယ်ဒမီ ဗန်းကိုင်များကို စိတ်ပါဝင်စားသူ များပြားခြင်းပင်ဖြစ်သည်။ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ပြုလုပ်မည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ပေးပွဲတွင် အကယ်ဒမီဗန်း ကိုင်ဆောင်မည့်သူ ရှစ်ဦး၏စာရင်း ထွက်ပေါ်လာခဲ့ရာ ဗန်းကိုင်ရှစ်ဦး၏ ကိုယ်ရေးအကျဉ်းနှင့် ပြောစကားအချို့အား မေးမြန်းဖော်ပြပေးဖြစ်ပါသည်။

e4443a

အမည်ရင်း - သဲစုနိုင်

မွေးသက္ကရာဇ် ၂ .၇ .၁၉၉၃

မိဘအမည် ဦးမြင့်တိုး-ဒေါ်မြတ်မြတ်ဌေး

ပညာအရည်အချင်း 3 rd year(Phy)

အနုပညာလှုပ်ရှားမှုစတင် - ၂၀၁၀

အနုပညာလှုပ်ရှားမှု -Miss KTM(မန္တလေး) ၊ 2nd runner up စစ်ကိုင်းတိုင်း ၊ Miss Ushido 2nd runner up

“သဲစု အရင်ကတော့ Miss ပြိုင်ပွဲတွေကိုနယ်မှာ ၀င်ပြိုင်ဖူးတာလောက်ပဲ ရှိပါတယ်။ ရုပ်ရှင်ချစ် ပရိသတ်အားလုံး စိတ်ပါဝင်စားတဲ့ပွဲမှာ ပါဝင်ခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်။ ရီဟာဇယ်တွေကိုလည်း သေချာလေ့ကျင့် ပြင်ဆင်သွားမှာပါ။ ဆုရမယ့် အစ်ကိုအစ်မတွေအတွက်လည်း ရင်ခုန်နေမိပါတယ်။”

e4443d

အမည်ရင်း - ၀င့်လဲ့နု

မွေးသက္ကရာဇ် - ၃ .၄ .၁၉၉၁

မိဘအမည် - ဒုတိယဗိုလ်မှူးကြီး ကိုကိုဝင့် (ငြိမ်း) -ဒေါ်လဲ့ယဉ်မြင့်

ပညာအရည်အချင်း -B.Sc (Hons) Chemistry

အနုပညာလောကစတင်- ၂၀၁၁

အနုပညာ လှုပ်ရှားမှု - တိုင်းနှင့် ပြည်နယ်ဝတ်စား ဆင်ယင်မှုပြပွဲ

“၀င့်လဲ့ ဗန်းကိုင်တစ်ယောက်အဖြစ် ရွေးချယ်ခံရတဲ့အတွက် အတိုင်းမသိ ၀မ်းသာပျော်ရွှင်မိပါတယ်။ ပရိသတ်ချစ်တဲ့ အနုပညာရှင် တစ်ယောက် ဖြစ်လာအောင် ကြိုးစားမှာပါ”

e4443g

ထက်မိုးမြတ်ဦး(လှယဉ်ကျေးမယ်)

မွေးသက္ကရာဇ် -၁၀ .၄ .၁၉၉၃

ပညာအရည်အချင်း -2nd year (Eng)

မိဘအမည် - ဦးဇော်မောင်-ဒေါ်သင်းသင်းဦး

ရရှိပြီးဆုများ -အိုလံပစ်မယ်(၂၀၁၁)ပထမ၊ ရန်ကုန်တိုင်းမယ်(၂၀၁၁)ပထမ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး မယ်(၂၀၁၁) အပါအ၀င်ဆု ၁၁ ဆု

“ထက် အကယ်ဒမီဗန်းကိုင် အဖြစ် ရွေးချယ်ခံရတော့ ပြောမပြတတ်အောင် ၀မ်းသာပါတယ်။ အနုပညာရှင်တွေ အားလုံးရင်ခုန် ပျော်ရွှင်ကြတဲ့ပွဲဖြစ်တာကြောင့် ထက်တို့လည်း ရင်ခုန်နေမှာပါ”

e4443f

ယုသန္တာတင်(သရုပ်ဆောင်မော်ဒယ်လ်)

အမည်ရင်း -ယုသန္တာတင်

မွေးသက္ကရာဇ် - ၃၁.၆ .၁၉၉၁

ပညာအရည်အချင်း -1st year (Eng)

မိဘအမည် - ဦးအောင်နိုင်-ဒေါ်ခင်နွဲ့ရီ

အနုပညာလောက စတင်ဝင်ရောက် - ၂၀၀၉ မတ်လ

ပထမဆုံးအနုပညာလှုပ်ရှားမှု - အသားဖြူခရင်မ်ကြော်ငြာ

ရိုက်ကူးပြီးဇာတ်ကား - ၄ ကား

“ယုဂျာနယ်ကတစ်ဆင့် ဗန်းကိုင်လျှောက်လွှာ ခေါ်တယ်ဆိုတာနဲ့ သွားလျှောက်ဖြစ်သွားတာပါ။ အကယ်ဒမီ ဗန်းကိုင်ဖြစ်ခွင့်ရတဲ့သူတွေ က တစ်တိုင်းပြည်လုံးက ပရိသတ်တွေ သိသွားနိုင်တဲ့ အခွင့်အရေးလည်း ရှိတဲ့ အဖြစ် စီနီယာအစ်မတွေတုန်းက လည်း ဒီအခွင့်အရေးကတစ်ဆင့် အောင်မြင်တဲ့ အနုပညာရှင်တွေ ဖြစ်သွားတာကြောင့် အရမ်းပဲဖြစ်ချင်ခဲ့တဲ့ စိတ်ကူးယဉ်အိပ်မက်ပါ။

အနုပညာရှင်တိုင်း ပျော်ကြတဲ့ တန်ဖိုးထားတဲ့ ဒီပွဲမှာ အခုလို အကယ်ဒမီ ဗန်းကိုင်ခွင့်ရမယ် ဆိုတဲ့အတွက် အရမ်းပျော်သလို ဂုဏ်လည်းယူပါတယ်။ ဆုရမယ့် အစ်ကိုတွေအစ်မတွေ အတွက်လည်း ထပ်တူထပ်မျှ ရင်ခုန်နေမိမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် အရမ်းပဲပျော်တယ် ဆိုတာပဲ ပြောပြချင်ပါတယ်”

e4443h

သဲနော်ဇာ(သရုပ်ဆောင်မော်ဒယ်လ်)

အမည်ရင်း - သဲနော်ဇာ

မွေးသက္ကရာဇ် -၁၃ .၄ .၁၉၈၇

ပညာအရည်အချင်း- B.Sc (Physics)

မိဘအမည် - ဦးဝင်းနိုင်-ဒေါ်ဇာ

အနုပညာလောက စတင်ဝင်ရောက် -၂၀၀၈

အနုပညာလှုပ်ရှားမှု- Miss မိုးယံ၊ Miss People ၂၀၀၉ အပါအ၀င်ဆယ်ဆု

“ ဗန်းကိုင်လျှောက်လွှာတွေ စပြီးလျှောက်လို့ရပြီဆိုတာ မိတ်ဆွေတစ်ယောက်က ပြောလာတာနဲ့ လျှောက်ဖြစ် သွားတာပါ။ အရွေးခံ ရလိမ့်မယ်လို့ မျှော်လင့်မထားပါဘူး။ ဒီနှစ်က လျှောက်တဲ့သူတွေလည်းများ တဲ့ အခါကျတော့လေ။ အခုတကယ်တမ်း အရွေးခံရပြီဆိုတော့လည်း အရမ်း ပျော်ပါတယ်။ အကယ်ဒမီပွဲဆိုတာ က ပရိသတ်တွေ အများကြီးစောင့်ကြည့် ရင်ခုန်ကြတဲ့ပွဲ ဖြစ်တဲ့အတွက် အခုလိုပွဲမျိုးမှာ အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်ခွင့်ရတာကို အရမ်းဂုဏ်ယူမိပါတယ်”

e4443e

အမည်ရင်း- ခင်ရတနာစိုး

မွေးသက္ကရာဇ် -၂၉ .၅ .၁၉၉၅

မိဘအမည် -ဦးမြင့်လှိုင်-ဒေါ်အေးသိန်း

ပညာအရည်အချင်း- 1st year (Eng)

အနုပညာလောကစတင် -၂၀၁၁

ရိုက်ကူးပြီးကြော်ငြာ -လန်းဆန်းကျော်တိုင်းရင်း ဆေး

“အကယ်ဒမီဗန်းကိုင် လျှောက်လွှာခေါ်တယ်ဆိုတာ ဂျာနယ်တွေမှာ တွေ့တာနဲ့ သွားလျှောက်ဖြစ်တာပါ။ အခုလိုအရွေးခံရတယ် ဆိုတာ သိသိချင်း အရမ်းပျော်ပါတယ်။ စိတ်လည်း လှုပ်ရှားနေမိပါတယ်။ အကောင်းဆုံး ကြိုးစားသွားမှာပါ”

e4443c

အမည်ရင်း - ထိုက်ဆုဝင်း

မွေးသက္ကရာဇ် -၂၀ .၁၀ .၁၉၉၀

မိဘအမည် ဦးဝင်းမြင့်စိန်-ဒေါ်နွယ်နီထွန်း

ပညာအရည်အချင်း - BA

အနုပညာလောက စတင်ဝင်ရောက် - ၂၀၀၈

ရရှိပြီး Missဆုများ - ၆ ဆု

အလှမယ်ဆု - ၁၂ ဆု

ရိုက်ကူးပြီးဇာတ်ကား ၁၉ ကား

“ထိုက်ဆု အနုပညာအလုပ်တွေ လုပ်ဖြစ်တာတော့ နည်းနည်းကြာပါပြီ။ ပရိသတ်နဲ့လည်း အတန်အသင့်တော့ ရင်းနှီးမှုရှိနေပြီပေါ့နော်။ အကယ်ဒမီ ဗန်းကိုင်လျှောက်လွှာကိုတော့ မနှစ်ကလည်း လျှောက်ဖြစ်ပါတယ်။ ဒီနှစ်က လျှောက်တဲ့သူလည်း များတဲ့အတွက် မျှော်လင့်မထားပါဘူး။ ခေါ်တွေ့တဲ့အချိန်ကျမှပဲ အရွေးခံရတယ် ဆိုတာသိတာ။ ထိုက်ဆုတို့လို ဒီလောကထဲမှာ ကြိုးစားခါစသူတွေ အတွက်တော့ အခုလိုအရွေးခံရတာ တကယ့် အခွင့်အရေးကောင်း တစ်ခုပါပဲ”

e4443b

အမည်ရင်း - အိနြေ္ဒဘုန်းမြင့်

မွေးသက္ကရာဇ် -၂၉ .၉ .၁၉၉၄

မိဘအမည် - ဦးလင်းနန္ဒ-ဒေါ်ခင်မေကြူ

ပညာအရည်အချင်း -1st year (Eng)

အနုပညာလောကစတင် -၂၀၁၁

အနုပညာလှုပ်ရှားမှု - ဂျာနယ်မဂ္ဂဇင်း အလှဓာတ်ပုံရိုက်၊ Presenter

“အိနြေ္ဒက ဒီအနုပညာအလုပ်တွေ စလုပ်ဖြစ်တာ မကြာသေးပါဘူး။ အကယ်ဒမီ ဗန်းကိုင်အတွက် အရွေးခံရတယ်ဆိုတာ သိတော့ အရမ်း ၀မ်းသာမိပါတယ်။ ဆုရမယ့် သူတွေနဲ့အတူ ရင်ခုန်နေမိမှာပါ”


Source by :http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။