Home » , » Website pages တွေ ကို Desktop Shortcut ဖန်တီးရအောင

Website pages တွေ ကို Desktop Shortcut ဖန်တီးရအောင

Written By မောင်စေတနာ on Saturday, January 14, 2012 | 10:25:00 AM



ကျွန်တော်တို့ရဲ့ System ပေါ်မှာ အလုပ်လုပ်ရင်း မကြာမကြာပြန်သုံးကောင်းသုံးချင်မိတဲ့ Website တစ်ချို့ ၊ Application တစ်ချို့နဲ့ Utility တစ်ချို့ ရှိနိုင်ပါတယ်နော်၊ Desktop Shortcut ဖန်တီးလို့ရတဲ့ Application တစ်ချို့အတွက် က သူတို့ရဲ့ Context Menu ကိုသွား ပြီးတော့ Send To ပြီးတော့ Desktop ကိုသွားကြရတယ်ဟုတ်။

ဖန်တီးပြီးတဲ့ Shortcut ကိုတော့ ကျွန်တော်တို့တွေ ဟာ Taskbar Shortcut အဖြစ်နဲ့ Task bar ပေါ်မှာ ပြန်တင်ထားလို့ရပါတယ်။ ကျွန်တော်တို့ တစ်နေ့တာလုံးမှာ အချိန်အများစု သွားရောက်လည်ပတ် ဖြစ်တဲ့ Facebook လိုမျိုး ၊ G mail လိုမျိုး Particular Websites မျိုးမှာတော့ ဒီလို Option တွေ ရှိချင်မှ ရှိမှာပါ။

အဲဒိ အတွက် အကောင်းဆုံးကတော့ ကျွန်တော် တို့ Browser ပေါ်က Bookmark ပါပဲ။ ဒါပေမယ့် ခုနည်းလေးက ကျွန်တော်တို့ ရဲ့ Desktop ပေါ်မှာ အသုံးများဆုံး Websites တွေကို Desktop Shortcut ဖန်တီးဖို့လွယ်ကူတဲ့ နည်းလေးပါ။


အသုံးတဲ့လို့ သုံးချင်ရင်တော့ လုပ်ကြည့်လိုက်ပါဗျာ…

Desktop ပေါ်မှာ Right Click နှိပ်ပါ။ New ကိုသွားပါ ပြီးလျှင် Shortcut ကိုသွားပါ ….ပုံလေး ကို ကြည့်ပါ။




အောက်ပါ ပုံလို မျိုးပေါ်လာတဲ့အခါ Type the location of the item နေရာတွင် ကိုဖန် တီးချင်တဲ့ Web page လိပ်စာကိုထည့်ပါ။ ပြီလျှင် Next ကိုနှိပ်ပါ …




အောက်ပါပုံလို မိမိ ပေးချင်သော အမည်ပေးပါ ပြီးလျှင် Finish ကိုနှိပ်ပါ ။




ဒါဆိုရင်တော့ ပြီးသွားပါပြီ အောက်က ပုံလေး လို Desktop ပေါ်မှာ ကိုယ်ဖန်တီးချင်တဲ့ Website ရဲ့ Internet Shortcut လေးတစ်ခု ရသွားပါပြီ …



ဒါလေးကို Task Bar ပေါ်မှာ ထားချင်ရင်တော့ Drag ဆွဲ တင်ရုံပါ....အားလုံးအဆင်ပြေကြပါစေ မသိသေးသူများ အတွက်သာ…..

မျိုးကိုကို


Source by :http://myokokyaw.blogspot.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။