Home » , » ငါးထောင်တန်ဖုန်းစီမံကိန်း တာဝါတိုင်ပေါင်း ၂၈၀၀ ၀န်းကျင် တည်ဆောက်ရန် စီစဉ်ထားဟုဆို

ငါးထောင်တန်ဖုန်းစီမံကိန်း တာဝါတိုင်ပေါင်း ၂၈၀၀ ၀န်းကျင် တည်ဆောက်ရန် စီစဉ်ထားဟုဆို

Written By မောင်စေတနာ on Sunday, January 22, 2012 | 10:29:00 AM



ရွှေပြည်တံခွန်ကုမ္ပဏီက ငါးထောင်တန် ဖုန်းစီမံကိန်းကို နိုင်ငံတော်သို့တင်ပြထားရာ အဆိုပါ စီမံကိန်းဆောင်ရွက်ပါက တာဝါတိုင်ပေါင်း ၂၈၀၀ ၀န်းကျင်ခန့် တည်ဆောက်ရန် စီမံထားကြောင်း ရွှေပြည်တံခွန် ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဦးလွင်နိုင်ဦးကပြောသည်။

“အဓိကကတော့ နယ်စပ်ဒေသတွေ အပါအ၀င် မြန်မာတစ်ပြည်လုံးအနှံ့သုံးစွဲနိုင်ဖို့ပါ။ Station ပေါင်း ၂၈၀၀ ၀န်းကျင်လောက် တည်ဆောက်ဖို့ စီစဉ်ထားပါတယ်” ဟု၎င်းကပြောသည်။

လက်ရှိကာလတွင် ဖုန်းခေါ်ဆိုခ အားမြို့တွင်း ၂၅ကျပ် သတ်မှတ်ထားသည့်နည်းတူ စာတိုပို့စနစ် တစ်စောင်အတွက် အကြမ်းဖျဉ်း သတ်မှတ်နှုန်းထား ၂၅ ကျပ်ဖြစ်ကြောင်း ၎င်းကပြောသည်။

၎င်းငါးထောင်ကျပ် တန်ဖုန်းအတွက် ကြိုတင်ငွေပေး ကတ်တန်ဖိုးနှုန်းထား သတ်မှတ်ချက်မှာ ငါးထောင်၊ တစ်သောင်း၊ ငါးသောင်းဟု အကြမ်းဖျဉ်း သတ်မှတ်ထားကြောင်း သိရသည်။ မြန်မာနိုင်ငံသား မှန်ပါက မည်သူမဆို ၀ယ်ယူနိုင်မည်ဖြစ်ပြီး အစုရှယ်ယာအတွက် လတ်တလော ကာလတစ်စုလျှင် တစ်သိန်းခန့်လျာ ထားကြောင်း သိရသည်။

နိုင်ငံခြားမှ လာရောက်ရင်းနှီးမြှုပ်နှံမှုပြုသောလုပ်ငန်းများ မြန်မာနိုင်ငံသို့ ၀င်ရောက်သည့်အခါ GSM ဆက်သွယ်ကွန်ရက်ကို ဈေးနှုန်းချိုသာစွာ တည်ဆောက်ပြီးဖြစ်သဖြင့် ၎င်းတို့ကို ဆက်သွယ်ရေး ကဏ္ဍတိုးတက်မှုဖြင့် စွမ်းဆောင်နိုင်မည် ဟုဆိုသည်။

အဆိုပါ စီမံကိန်းကို ၂၀၁၃ ခုနှစ်တွင် ကျင်းပမည့် အရှေ့တောင် အာရှအားကစားပွဲ မတိုင်မီ ဆက်သွယ်ရေး ကဏ္ဍကိုဖွံ့ဖြိုးစေရန် ကြိုတင်ပြင်ဆင်မှု တစ်ရပ်အဖြစ်လည်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်ကပြောသည်။

Source by : www.myanmarinternetjournal.com
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။