Home » , » တရုတ်နှစ်ကူးဟင်းအိုးထဲ ရောက်မည့်မြွေများ မေမြို့တွင် ကယ်တင်ခံရ

တရုတ်နှစ်ကူးဟင်းအိုးထဲ ရောက်မည့်မြွေများ မေမြို့တွင် ကယ်တင်ခံရ

Written By မောင်စေတနာ on Sunday, January 22, 2012 | 5:13:00 AM



တရုတ်နိုင်ငံ စားသောက်ဆိုင်တခုမှ မြွေသားဟင်းလျာ

တရုတ်နိုင်ငံသို့ ကုန်ကား ၂ စီးဖြင့် သွားကြမည့် ထောင်နှင့်ချီသော မြွေများကို မေမြို့အနီးစခန်းတွင် ၁၂ ရက်နေ့က တွေ့ရသည်ဟု မြန်မာပြည်မှ လာသော သတင်းများတွင် ရေးသားထားသည်။

ကုန်ကား ၂ စီးရှိ သေတ္တာ အလုံး ၄၀၀ ထဲတွင် လင်းမြွေ၊ မြွေပွေး၊ မြွေဟောက်၊ ငန်းတော်ကျား စသည့် မြွေများ ပါဝင်သည်ဟု ယမန်နေ့က ကြေးမုံ သတင်းစာတွင် ရေးသားဖော်ပြထားသည်။



ကောင်ရေ တသောင်းနီးပါး ရှိသည်ဟု မော်ဒန်သတင်းဂျာနယ်တွင် ဖော်ပြကြောင်း AP သတင်းတပုဒ်တွင် ဆိုထားသည်။

တွင်းအောင်းတိရိစ္ဆာန်တို့ကို တရားမ၀င် ခိုးထုတ်ရောင်းဝယ်မှုကို သတင်းရသဖြင့် စောင့်ဆိုင်း ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု သတင်းစာတွင် ရေးသားဖော်ပြထားသည်။



တရုတ်နှစ်သစ်ကူးပွဲတော်အမီ မန္တလေး လားရှိုးကားလမ်းမှတဆင့် ပြည်ပ တင်ပို့စဉ် ဖမ်းဆီးခဲ့သည်ဟု ရေးထားသည်။

မြွေသားဟင်းကို တရုတ်ပြည်တွင် နည်းမျိုးစုံ ချက်ပြုတ် စားသောက်ကြသည်။

“ဘယ်လိုချက်ချက် ရတယ်၊ အကောင်းဆုံးကတော့ ငရုပ်ကောင်း၊ ဆားတို့နဲ့ နယ်ပြီး ကြော်တာ အကောင်းဆုံးပဲ” ဟု ရှန်ဟဲမြို့ ပင်လယ်စာ ရောင်းသည့်ဈေးမှ အလုပ်သမားတဦးကို ကိုးကားပြီး CNN Go ဘလော့တွင် ရေးထားသည်။

Source by :http://moemaka.com
Share this article :

2 comments:

Anonymous said...

မတော်တာစားပြီးမတော်တာဖြစ်နေတဲ့ကိုရွှေတယုတ်တွေး)

ခင်မင်လျှက်

မဒိုးကန်

mstint said...

တရုတ်ပြည်မကြီးက နည်းပညာရှင်တစ်ယောက် တီတင့်တို့စက်ရုံမှာအလုပ်လုပ်စဉ်က အစားသောင်းကျန်း
ပုံများကြုံဘူးတယ် မောင်နေဇော်လင်းရေ။ မြွေဆိုရင်
ကိုယ်တိုင်ဖမ်းပြီးချက်ပစ်တာ။ စက်ရုံစောင့်ခွေးတောင်
အလွတ်မပေးဘူးး)ခေါ်ဆူလည်းမမှတ်ဘူး။
အခုလည်းဖမ်းမိလို့သာတော်သေးတယ်။ လွှတ်သာထားရင်မျိုးရိုးတုံးသွားနိုင်တယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။