Home » » ဒဏ်ရာရ ကစားသမားတွေ များပြားနေခြင်းကို မတုန်လှုပ်ပါဘူး ဆိုတဲ့ မန်ယူနည်းပြ ဖာဂူဆန်

ဒဏ်ရာရ ကစားသမားတွေ များပြားနေခြင်းကို မတုန်လှုပ်ပါဘူး ဆိုတဲ့ မန်ယူနည်းပြ ဖာဂူဆန်

Written By မောင်စေတနာ on Monday, December 19, 2011 | 1:30:00 AM



အဓိက ကစားသမား အတော်များများ ဒဏ်ရာ ရနေသော အသင်းရဲ့ ကပ်ဆိုက်ကာလကို စိုးရိမ်ပူပန် တုန်လှုပ်ခြင်း မရှိကြောင်း ဖာဂူဆန်က ဖွင့်ဟပြောကြား လိုက်သည်။ လက်ကျန် ကစားသမား အင်အားဖြင့် နှစ်သစ်ကူးပွဲစဉ် များကို ကျော်ဖြတ်နိုင်ရန် ယုံကြည်မှု အပြည့်အ၀ ရှိကြောင်းနှင့် ယခုလို အတွေ့အကြုံများ မိမိတို့ နည်းပြအဖွဲ့ အနေဖြင့် များစွာကြုံတွေ့ဖူး၍ မထူးဆန်းတော့ကြောင်း ပြောကြားခဲ့သည်။

ဖာဂူဆန်က "လက်ရှိ ဖြစ်နေတဲ့ အနေအထားကို ကိုင်တွယ်ပြီး ခင်ဗျားတို့ ဘာပြောချင်လဲဆိုတာ ကျွန်တော် သိတယ်.. ကျွန်တော်တို့ နည်းပြအဖွဲ့တွေ အနေနဲ့ ဒါမျိုးတွေ အများကြီး ကြုံတွေ့ခဲ့ရတဲ့အတွက် လက်ရှိအနေအထားကို ကပ်ဆိုဒ်ကာလလို့ မသတ်မှတ်ပါဘူး.. ထိတ်လန့်တုန်လှုပ်ခြင်းလဲ မရှိပါဘူး.. ဒါကိုသာ စိတ်ညစ်နေရမယ်ဆိုရင် ရှေ့ခရီးကို ဘယ်လိုမှ ဆက်နိုင်မယ်တောင် မထင်ပါဘူး..

မန်ယူအသင်းရဲ့ ၀တ်စုံကို ထိုက်ထိုက်တန်တန် ၀တ်ဆင်နိုင်တဲ့ ကစားသမားတွေကို ကျွန်တော်တို့ ပိုင်ဆိုင်ထားပါတယ်.. သူတို့ရဲ့ ခန္ဓာကိုယ်ပေါ်ကို ဒီဝတ်စုံ ၀တ်ဆင်ပေးလိုက်တာနဲ့ပဲ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်နဲ့ အကောင်းဆုံး စွမ်းဆောင်နိုင်ကြပါလိမ့်မယ်.. အတွေ့အကြုံ ပြည့်ဝတဲ့ ကစားသမားတွေလဲ ကျွန်တော်တို့မှာ အလုံအလောက် ရှိပါတယ်.. လာမယ့်လတွေဟာ သူတို့ရဲ့ အရေးပါတဲ့ ကဏ္ဍဟာ ပေါ်လွင်လာပါလိမ့်မယ်.." ဟု ပြောဆိုသွားခဲ့သည်။

မန်ယူပရိတ်သတ် အများစုက ယခုဇန်န၀ါရီ အပြောင်းအရွှေ့ တံခါးဖွင့်လှစ်ချိန်တွင် ဖာဂူဆန်ကို ၀င်ရောက်စေလိုနေသော်လည်း ဖာဂူဆန်က "ကစားသမားကောင်းတွေ ထိပ်တန်းကစားသမားတွေ အသင်းနဲ့ အသင့်တော်ဆုံး ကစားသမားတွေကို ခင်ဗျားတို့ အမြဲပဲ မျှော်လင့်တောင့်တနေခဲ့ကြတယ်.. သူတို့ကို ဒီလိုအချိန်မှာ မရနိုင်ဘူးဆိုရင် ခင်ဗျားတို့ ဘာဆက်လုပ်မလဲ?" ဟု ဆက်လက်ပြောကြားခဲ့သေးကြောင်း သိရှိရသည်။

Source by :http://mutdfan.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။