Home » » Miss People 2011 ရွေးချယ်ပွဲနှင့် Celebrities of the Year 2011 ရွေးချယ်ပွဲပြုလုပ်

Miss People 2011 ရွေးချယ်ပွဲနှင့် Celebrities of the Year 2011 ရွေးချယ်ပွဲပြုလုပ်

Written By မောင်စေတနာ on Sunday, December 18, 2011 | 9:30:00 PM



Miss People 2011 ရွေးချယ်ပွဲနှင့် Celebrities of the Year 2011 ရွေးချယ်ပွဲကို ဒီဇင်ဘာလ ၉ ရက် နေ့ညနေ ၆ နာရီတွင် ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ပြုလုပ်ခဲ့သည်။ အစီအစဉ်တင်ဆက်သူအဖြစ် မတင်မိုးလွင်က ဆောင်ရွက်ခဲ့ပြီး ပထမဦးစွာ ပါဝင် အကဲဖြတ်ပေးကြမည့် ဒီဇိုင်နာ ဒေါ်သီတာဝင်း (Dozo)၊ ဒီဇိုင်နာ မမဉ္ဇူ၊ ဒီဇိုင်နာမလတ်လတ်၊ ဓာတ်ပုံ ပီတာ၊ သရုပ်ဆောင် အကယ်ဒမီ မို့မို့ မြင့်အောင်၊ သရုပ်ဆောင် အကယ်ဒမီ ထွန်းအိန္ဒြာဗို၊ သရုပ်ဆောင် အကယ်ဒမီ အိန္ဒြာကျော်ဇင်တို့နှင့် ပရိသတ်အား မိတ်ဆက်ပေးခဲ့သည်။ ထို့နောက် ဆန်ခါတင် ၂၀ ဦးတို့၏ မိတ်ဆက် အကအစီအစဉ်ဖြင့် ဦးစွာတင်ဆက်ခဲ့သည်။

ဆက်လက်၍ ယှဉ်ပြိုင်မှု အစီအစဉ်ကိုပြုလုပ်ခဲ့ရာ ဒီဇိုင်နာနေမင်းထက်၊ ဖြိုးသန္တာကို၊ အေးငြိမ်းသူ၊ ယမင်းဟန်၊ နေမင်းသက်၊ ဇင်မိုးကျော်၊ ပိစိ(ချန်လုံး)၊ ထွန်းအောင်၊ ချမ်းမြအေး၊ မောင်အောင်ထွေးတို့ ဖန်တီးပေးထားသည့် ၀တ်စုံဒီဇိုင်းများ ကို ဆန်ခါတင်မော်ဒယ်လ် ၂၀ ဦးက ၀တ်ဆင်ပြသပေးခဲ့ကြသည်။ ယှဉ်ပြိုင်မှုများကို အဆင့်ဆင့် ယှဉ်ပြိုင်ပြီး နောက် အမှတ်ပေးရွေးချယ်ခဲ့ရာတွင် ခါးနံပါတ် ၂၀ ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် မော်ဒယ်လ်ဖြူနွယ်ခိုင်က Miss People ဆုအဖြစ် ငွေကျပ်သိန်း ၃၀ ကို ဆွတ်ခူးခဲ့သည်။ Miss People Runner up ဆုအဖြစ် မော်ဒယ်လ်ပိုးအိဖြူစင်က ငွေကျပ် ၁၀ သိန်း၊ People's Choice ဆုအဖြစ် မော်ဒယ်လ်ဖြူနွယ်ခိုင်က ငွေကျပ်ငါး သိန်း၊ Best Fashion Designer ဆုအဖြစ် ဒီဇိုင်နာ နေမင်းထက် (မန္တလေး)က ငွေကျပ် ခုနစ်သိန်း၊ BestFashion Designer Runner up ကစဆုအဖြစ် ဒီဇိုင်နာနေမင်းသက် (ရန်ကုန်)က ငွေကျပ် သုံးသိန်းတို့ အသီးသီးရရှိခဲ့ကြသည်။

ထို့နောက် Celebrities of the year 2011 ဆုကို ဆက်လက်ပေးအပ် ချီးမြှင့်ရာ ပရိသတ် သဘောကျသော ဖက်ရှင်အကျဆုံး အမျိုးသားနှင့် အမျိုးသမီးအနုပညာရှင်အဖြစ် နေတိုးနှင့် အိန္ဒြာကျော်ဇင်၊ ပေါ်ပြူလာအဖြစ်ဆုံး အမျိုးသားနှင့် အမျိုးသမီးအနု ပညာရှင်အဖြစ် ပြေတီဦး၊ နေတိုး၊ အိန္ဒြာကျော်ဇင်၊ သက်မွန်မြင့်၊ ပေါ်ပြူလာအဖြစ်ဆုံး တက်သစ်စ အနုပညာရှင် အမျိုးသားနှင့် အမျိုးသမီးအဖြစ် ကောင်းပြည့်နှင့် ဖွေးဖွေး၊ ပေါ်ပြူလာ အဖြစ်ဆုံး တီဗီကြော်ငြာမော်ဒယ်လ် အမျိုးသားနှင့် အမျိုးသမီးအဖြစ် နေတိုး နှင့် ၀တ်မှုံရွှေရည်၊ ပရိသတ်သဘောကျသော ဒါရိုက်တာအဖြစ် ၀ိုင်း၊ အလှအပ အချိုးအစား အပြေပြစ်ဆုံးဆုရှင် အဖြစ် မိုးဟေကိုတို့က အသီးသီး ရရှိခဲ့ကြသည်။

Source by :http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။