Home » , » နာမည်ကြီးကျောင်း တက်ပေမယ့်လည်း အလုပ်မရနိုင်

နာမည်ကြီးကျောင်း တက်ပေမယ့်လည်း အလုပ်မရနိုင်

Written By မောင်စေတနာ on Saturday, November 12, 2011 | 10:25:00 AM



အမေရိကန် ပြည်ထောင်စုတွင် အလုပ်လက်မဲ့ များပြားလာခြင်းနှင့်အတူ နာမည်ကြီးကျောင်းများတွင် ပညာသင်ယူမှု ကျဆင်းလာကြောင်း တွေ့ရသည်။

နာမည်ကျော် တက္ကသိုလ်များမှ ဘွဲ့ရရှိသော်လည်း အလုပ်အကိုင် အခွင့်အလမ်း နည်းပါးခြင်းနှင့် ကြွေးထူခြင်း တို့ကြောင့် ကျောင်းသား အချို့သည် တချိန်က Ivy League ဟုနာမည်ကျော်ခဲ့သော အမေရိကန်ပြည်ထောင်စုရှိ တက္ကသိုလ်များတွင်
ပညာဆည်းပူးခြင်းထက် ဈေးနှုန်းချိုသာသော ကျောင်းများကို ရွေးချယ်မှု ပိုမိုများပြားလာသည်။

နာမည်ကြီးကျောင်း တခုဖြစ်သော ကော်နဲလ်တက္ကသိုလ်တွင် ဘွဲ့ကြို ကျောင်းသားတဦး၏ ကုန်ကျစရိတ်မှာ တနှစ်လျင် ဒေါ်လာ ၅၀၀၀၀ ငါးသောင်းအထိ ကုန်ကျနိုင်သည်။ ကျောင်းပြီးပါက အလုက်အကိုင် ရရှိမှု နည်းပါးခြင်းကြောင့် ဘွဲ့ရ အများစုသည် ချေးငွေ ပြန်ဆပ်နိုင်မှု အရေအတွက် တနှစ်ထက်တနှစ် မြင့်မားလာကြောင်း အချို့သော စစ်တမ်းများတွင် ဖေါ်ပြထားသည်။ ကျောင်းသားများသည် ငွေကြေး အကုန်အကျ များသော နာမည်ကျော် တက္ကသိုလ်များကို ရှောင်ကာ ငွေကြေး သက်သာသည့် ပြည်သူပိုင် ကျောင်းများနှင့် ကွန်မြူနတီ ကောလိပ်ကဲ့သို့သော ကျောင်းများတွင် တက်ရောက် သင်ကြားမှု များပြားလာခဲ့သည်။

အသက် ၁၈ နှစ်အရွယ် Mr Schwartz သည် ကော်နဲလ် တက္ကသိုလ်တွင် တက်ရောက်ခွင့် ရရှိသော်လည်း ကျူရှင် စရိတ်သက်သာသည့် နယူးယောက် တက္ကသိုလ်မှ Macaulay Honors College တွင် ပညာသင်ကြားနေသည်။ “ ဒီအချိန်က တနှစ်ကို ဒေါ်လာ ၅၀၀၀၀ ငါးသောင်းလောက် သုံးရမယ့် အခြေအနေ မဟုတ်ဘူး၊ အကြွေး မတင်ဘဲနဲ့ ပြည်သူပိုင် ကျောင်းတွေကလည်း ဒီဂရီ တခု ရနိုင်တာဘဲ” ဟု ပြောဆိုခဲ့သည်။

မိသားစုဝင်ငွေ တနှစ်လျင် ဒေါ်လာ တစ်သိန်း အထက်ရှိသော ကျောင်းသားများသည် အိမ်ခန်းငှားခ သက်သာစေရန် မိဘနေအိမ်များမှ ပညာ သင်ကြားနိုင်သော ပြည်သူပိုင်ကျောင်းနှင့် ဒေသကောလိပ်ကို ရွေးချယ်မှု ပိုမိုများပြားလာခဲ့သည်။ ၂၀၁၀-၂၀၁၂ ပညာသင်နှစ်တွင် ၁၂ ရာခိုင်နှုန်းထိ မြင့်တက်လာခဲ့သည်။

ကျောင်းသူ Natasha Pearson သည် ဘော်စတွန် ကောလိပ်တွင် ပညာ သင်ကြားခွင့် ရရှိခဲ့သော်လည်း ပညာသင် ထောက်ပံ့ကြေး အပါအ၀င် မိသားစုမှ တနှစ်လျှင် ဒေါ်လာ ၃၀၀၀၀ သုံေးသာင်း သုံးစွဲရမည် ဖြစ်သဖြင့် ကျောင်းစရိတ် သက်သာသည့် နယူးယောက်မှ Hunter College တွင် ပညာသင်ကြားနေသည်။

ချမ်းသာသော မိသားစုများမှလည်း ပညာရေး အသုံးရိတ်ကို ၁၈ ခိုင်နှုန်းထိ လျှော့ချလာသည်ကို တွေ့ရှိရသည်။ ကျောင်းသားများ နာမည်ကျော် ကျောင်းများတွင် ပညာသင်ကြားခြင်း နည်းပါးလာရခြင်းမှာ ဘွဲ့ရ လူငယ်များ ကြုံတွေ့နေရသည့် အလုပ်အကိုင် ရှားပါးမှုနှင့် ချေးငွေများ ပြန်မဆပ်နိုင်ခြင်း တို့ကြောင့် ဖြစ်သည် သုတေသန စစ်တမ်းများတွင် ဖေါ်ပြထားသည်။

ကျောင်းလခ သက်သာသည့် တက္ကသိုလ်များ၊ ကောလိပ်များတွင်ပညာ သင်ကြားသော ကျောင်းသားများ၏ အခက်အခဲမှာ ကျောင်းသား များပြားခြင်းကြောင့် ကျောင်းသား ဆရာ အချိုးညီမျှမှု မရှိခြင်းတို့ကြောင့် လေးနှစ်အတွင်း လေ့လာရမည့် ဘာသာရပ်များ ပြီးဆုံးရန် ခက်ခဲကြောင်း တွေ့ရသည်။

ဘွဲ့ကြိုကျေင်းသား Mr Schwartz သည် စရိတ် သက်သာသည့် ကျောင်းတွင် ပညာသင်ကြား နေသော်လည်း အမှတ်ကောင်းဖြင့် အောင်မြင်ပါက နာမည်ကျော် တက္ကသိုလ်များတွင် ပညာသင် ထောက်ပံ့ကြေး ဖြင့် ပညာသင်ကြားနိုင်ရေး အတွက် ကြိုးစားလျက်ရှိသည်။

“ ကျနော်တို့ ကြီးပြင်းလာတဲ့ ခေတ်က ကျနော့်မိဘတွေ ခေတ်တုန်းကနှင့် မတူတော့ဘူး၊ ကျနော်ဘာလိုချင်လဲ၊ ကျနော် ဘာကို ရနိုင်သလဲ ဆိုတာ စဉ်းစားဆုံးဖြတ်ရတယ်၊ ကျနော်က ဆရာဝန် ဖြစ်ချင်ခဲ့တယ်၊ ဒါပေမယ့် အခြေအနေမပေးဘူးလေ၊ လူတွေပြောသလို ငွေက အရေးမကြီးဘူးဆိုပေမယ့် အခုအနေမှာတော့ ငွေကအရေး အပါဆုံးဘဲ” ဟု သူ၏ ထင်မြင်ချက်ကို ပြောဆိုခဲ့သည်။

Source by :လှရွှေ
http://www.maukkha.org
Sources; Weigh in: Is an Ivy League Degree Worth It?
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။