Home » » ကျွန်တော် ကြိုက်၏ မကြိုက်၏ ( Tag Post )

ကျွန်တော် ကြိုက်၏ မကြိုက်၏ ( Tag Post )

Written By မောင်စေတနာ on Saturday, August 20, 2011 | 10:20:00 PM



ကျွန်တော် ကြိုက်၏ မကြိုက်၏ ( Tag Post )

ယခုရေးတဲ့ တဂ်ပိုစ့်လေးက ဘလော့ကာ တော်တော်များများ ရေးပီးနေပြီ ဖြစ်ပါတယ်။ ကျွန်တော်က တဂ်ပိုစ့်လေးကို ရေးတာ နောက်ဆုံးထင်ပါတယ်။ အလုပ်မအားလို့ မရေးနိုင်လို့ ဒီနေရာလေးကနေ ကျွန်တော် တောင်းပန်ပါတယ် ခင်ဗျာ။

အားလုံးသော ဘလော့ကာ မောင်နှမတွေ ပိုစ့်ခေါင်းစဉ်တူလေးတွေ ဖန်တီးပြီး တစ်ယောက်ကို တစ်ယောက် ဒီပိုစ့်လေးကို ရေးဖြစ်အောင် ဖန်တီးပြီး ရေးစေတာကလည်း တကယ့်ကို ခင်မင်မှုနဲ့ ဘလော့ကာများရဲ့ တက်ညီလက်ညီ စိတ်ဓာတ်လေးတွေကို ဖော်ပြနေသလိုပါပဲဗျာ။ ဒီတဂ်ပိုစ့်လေးကို မမ Angelhlaing နဲ့ မောင်စွယ်စုံကျမ်း က ရေးဖြစ်အောင် တဂ်လုပ်ပေးလို့ အထူးကျေးဇူးတင်မိပါတယ်။


ကိုယ်ခန္ဒာက

အရပ် ၅ပေ ၊ ၄ လက်မ ရှိတဲ့အတွက် ( အသက် ၁၉ နှစ်က မှတ်ပုံတင်လုပ်တုန်း မှတ်ထားတာပါ။ အခုဆို ၅ လက်မ ၆ လက်မလောက် ရှည်နေပီထင်တယ် :P ) အရပ် ရှည်တဲ့ စရင်းတွေအထဲ မပါသလို ၊ ပုတဲ့ စရင်းထဲလည်း ထည့်လို့မရဘူး။ ပေါင်က (၁၃၀) လောက်ရှိနေပီထင်တာပဲဗျာ။ အရင်ကထက် ဝလာတယ်လို့တော့ သူငယ်ချင်းတွေက ပြောကြတယ်။

ဝလာမှာပေါ့ဗျာ။ အခုက အလစ်သုတ်လုပ်နေ ... :P မှားလို့ ... အလုပ်သစ်လုပ်နေတာ ကြိုက်တာတွေ စားနေရတာကို ဝလာတာပေါ့ဂျာ ... ဝတာကို မကြိုက်လို့ နေစဉ် ရေချိုးခါနီးတိုင်း အခန်းထဲမှာ ဒီဂျေသီချင်း ဖွင့်ပြီး ခုန်နေရတာ မောနေတာပဲဂျာ:P နည်းနည်းတော့ ပိန်လာမလားလို့ပေါ့။ ချစ်သူကလည်း ပြောထားတာလေ ဝရင်မကြိုက်ဘူးဆိုလို့ အခုဆို မမ Angelhlaing ပြောသလိုပဲ အစားလျှော့စားနေတာ ( ညစာကို ပြောတာနော်။ ညဆို အအေးပဲသောက်တော့တာ):P

မျက်နှာ အပြင်ဆင်အနေနဲ့ ပြောရရင် ယောက်ကျားလေးဆိုတော့ ဘာမှ မသုံးပါဘူးဂျာ။ ဆံပင်တော့ ဂရုစိုက်တတ်တယ်။ တစ်လတစ်ခါ ဆံပင်ညှပ်တယ်။ ဆံပင်နည်းနည်း ရှည်နေရင် မနေတတ်ဘူး (ခေါင်းလိမ်းဆီအဖြစ် ဂျယ်လီကို လိမ်းတယ်။ ဆံပင်ထောင်တာကို ပြောတာ) ဆံပင်တိုတိုလေးနေတာကို နှစ်သက်တယ်။(နေတိုး စတိုင် လေးပေါ့ဂျာ:P) ပီးတော့ ဆံပင်ညှပ်ပီးရင် မျက်နှာဆေးတယ်။ မယုံရင် သားပုံလေးကို ပြမယ်ဂျာ ... ကျေနပ်တယ်မလား ? ...


လက်သည်းတွေ ၊ ခြေသည်းတွေ ရှည်တာကိုတော့ ဘယ်လိုမှ မနေတတ်သလို မကြိုက်တတ်ပါဘူး။ နည်းနည်းရှည်လာတာနဲ့ ညှပ်တာပဲ (ကိုအလင်းသစ်နဲ့ တူတယ်) သူများလက်သည်း ရှည်နေတာ တွေ့ရင်လည်း မကြိုက်ပါဘူးဂျာ :P



အပြုအမှုက

တစ်ခါတစ်လေ ခပ်တည်တည်နဲ့ နေတတ်တယ်။ တစ်ခါတစ်လေတော့လည်း တွေ့တာနဲ့ ရီရီမောမောပါပဲ။ မသိရင် မခင်ရင် စကားမပြောတတ်လို့ မာနကြီးတယ်လို့ ထင်ရပေမယ့် တကယ်ခင်သွားရင်တော့ လူတစ်ယောက်ကို အရမ်းခင်တတ်ပါတယ်။ ကိုယ်ထက် ကြီးတဲ့သူပဲ ဖြစ်ဖြစ်၊ ငယ်တဲ့သူပဲ ဖြစ်ဖြစ် လိုက်လျောညီထွေ ဖြစ်အောင် နေတက်တယ်။ ကျွန်တော်ထက်ကြီးရင် အစ်ကို ၊ အစ်မတွေ လိုသဘောထား ဆက်ဆံတတ်တယ်။ အခု အစ်ကိုတွေ အစ်မတွေ တော်တော်ပေါနေလို့ အန်ကန် ၊ အန်တီ ၊ ဦးဦး ၊ တီလေးတွေ ခေါ်နေရတယ်။



စကားပြောရင် ကျွန်တော် ကိုယ်တိုင်လည်း စကားကျယ်ကျယ် မပြောတတ်သလို သူများပြောရင်လည်း မကြိုက်ပါ။ တစ်ခါတစ်လေ စကားပြောတာ အေးပေမဲ့ တစ်ခါတစ်လေကျရင် ကြမ်းတမ်းတယ်။ ဆက်ဆံရေးက အားလုံးနဲ့ အဆင်ပြေပြေပေါင်းသင်းတတ်ပါတယ်။ အစ်ကို တွေ မမတွေ ခေါ်တော့ ကျွန်တော့်ကို ချစ်တဲ့ ခင်တဲ့ သူတွေက ပေါတာပေါ့ဂျာ။ ဟွန်း ... လမ်းကြုံတုန်း ကြွားတာ : D ( အမြင်လည်း ကတ်ကြတယ် တစ်ခါတစ်လေ ပြောရ ဆိုရ ခက်နဲ့ တကယ့် ဂျစ်ကန်ကန်လေ :P)

သူငယ်ချင်းတွေ အပေါင်းအသင်းတွေ အရမ်းခင်တတ်ပေမဲ့ တစ်ခါတစ်လေတော့လည်း တစ်ယောက်တည်း အေးအေးဆေးဆေး နေရတာလေးကို အရမ်းနှစ်သက်တယ်။ တစ်ယောက်တည်း နေရင် သီချင်းတွေနားထောင်တယ် ၊ စာတွေရေးတာ ၊ စာဖတ်နေရတာ ဂိမ်းဆော့နေရတာကို နှစ်သက်တယ်ဂျာ။ (သားကို ဂိမ်းမဆော့ရဘူးလို့တော့ မပြောရဘူးနော် ၊ အဲလိုပြောလို့ သားနဲ့ စကားများကြတာ ပထမရည်းစားနဲ့ ကွဲခဲ့တာဂျာ) အစ်ကို အစ်မတွေကို သတိပေးတာပါ၊:P

အစားအသောက်က

သရေစာ မုန့်ကို မစားရပဲ မနေနိုင်ပါဘူးဂျာ။ သားငယ်ငယ်လေးကတည်းကလေ မေကြီးက အပြင်က ပြန်လာရင် မုန့်တွေအမြဲ ဝယ်လာပေးတော့ အကျင့်ဖြစ်သွားတာ အခုအချိန်အထိပါပဲ။ အစားအသောက် ပက်သက်ပြီး ပြောရရင် ကျွန်တော်မစားတတ်တာက ရေချိုးငါးပဲ ၊ (ရေငန်ငါးပဲ စားတာ) ပြီးတော့ အမဲသား မစားဘူး ....

မြန်မာ ထမင်းဟင်းကို စားချင်တာဂျာ၊ အခုက တရုပ်ထမင်းပဲစားနေရလို့:P ထမင်းစားပီးရင် မုန့်အချိုတစ်ခုခု စားတတ်တယ်။ လ္ဘက်ရည်တွေ ကော်ဖီတွေ မကြိုက်ပါ။ အပြင်သွားလို့ တစ်ယောက်ယောက်က တိုက်ရင်တော့ တစ်ခွက်တည်း မသောက်တတ်ပါ။ နှစ်ခွက်လောက် သောက်တတ်ပါတယ်။ (အားနာလို့ သောက်ပေးတာပါ ကြိုက်လို့ မဟုတ်ပါဘူး :D) ဦးဦး (မောင် (စွယ်စုံကျမ်း) တို့လို ဘီယာတွေ အရက်တွေ မကြိုက်တတ် မသောက်တတ် ပါဘူးဂျာ (သောက်မိရင်လည်း မမူးမချင်း မထတတ်လို့ပါ :P)


အဝတ်အစားက

ကိုယ်တိုင် စိတ်ကြိုက် ဝယ်ဝတ်ရတာမျိုး အရမ်းသဘောကျတယ်။ ကိုယ်နဲ့ လိုက်ဖက်မဲ့ ဒီဇိုင်း အမျိုးမျိုး ဝတ်ရတာ နှစ်သက်တယ်။ အရောင်တွေကတော့ အဖြူရောင် ၊ အပြာရောင် ၊ အနီရောင်ကို ကြိုက်တယ်။ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ပုံစံမျိုး နှစ်သက်တယ်။ ဆန်းဆန်းပြားပြားတွေ သိပ်မကြိုက်ပေမဲ့ ကိုယ်နဲ့ လိုက်ဖက်တဲ့ အဝတ်တွေကို ဝယ်တတ်ပါတယ်။ ရိုးရိုးလေးနဲ့ ကြည့်ကောင်းတဲ့ စတိုင်လ်ကိုပဲ နှစ်သက်တယ်။ ဘောင်းဘီတိုလေးနဲ့ လွတ်လွတ် လပ်လပ် နေရတာကို ကြိုက်တယ်။ ( ဦးဦး မောင် (စွယ်စုံကျမ်း) နဲ့တူတယ်) လုံချည်တော့ မဝတ်ဖြစ်ဘူး .... ဒီမှာနေရတာဆိုတော့လေ ...

ကဲ .... ရေးလို့ပြီးပြီနော် ...

မမ (Angelhlaing) နဲ့ ဦးဦး (မောင် (စွယ်စုံကျမ်း) ရေ ....

ဒီလောက်ဆို အိုကေတယ်နော် ... စိတ်မဆိုးရင် တားကို မုန့်ဝယ်ကျွေးရမယ်နော် ...

မှက်ချက် ။ ။ ဦးဦး (မောင် (စွယ်စုံကျမ်း) က ဓာတ်ပုံ တင်ပေးပါ (ရုပ်ကဆိုးဆိုးဆိုတော့ မတင်ရဲ့တာလေ :D) မတင်ရင် Flash Songs သီချင်းတွေ မလုပ်ပေးဘူးလို့ ချိန်းခြောက်လာလို့ တင်ပေးလိုက်ပါတယ်ဂျာ။ သူ့ကိုလည်း ကြောက်ရသေးတယ်။ သူက ဆရာကီးလေ :P ညညဆို အလုပ်ကများသေးတယ် အောက်မှာ တွေ့တယ်မလား အဲဒါလည်းပါတယ် အလုပ်မအားလို့ စကားမပြောရင် စိတ်ဆိုးကြသေးတယ်။ :P အလုပ်များတဲ့အကြောင်း ကြော်ငြာခဏ ဝင်တာပါ။



ဒီပိုစ့်လေးက ဘလော့ကာတွေ တော်တော်များများ ရေးပြီးနေတဲ့အတွက် Tag Post မလုပ်တော့ဘူးနော် ...

အဲ .... အထုမှ တတိရဒယ် အထုမှ မြန်မာတ ပန်လာတဲ့ ဦးဇော်ကြီး ကျန်သေးတယ်။

နောက်တစ်ယောက်က ကျွန်တော်နဲ့ ခင်တဲ့ အသဲကွဲ ကဗျာတွေရေးတတ်တဲ့ ကိုကိုအုပ်ကြီး ...

နောက်တစ်ယောက်က အစ်မတစ်ယောက်လို စနောက်နေရတဲ့ မခိုင်နုငယ်

အဆင်ပြေရင် ရေးပေးနော်ဂျာ ... ခင်မင်မှု အမှတ်တရ အနေနဲ့ ရေးပေးပါနော်ဂျာ ...

အွန်လိုင်းပေါ်မှ အမှတ်တမဲ့ ခင်မင်ခဲ့ရသော ရေးဖော် ရေးဖက် ၊ များ ဝါသနာတူ ဘလော့ကာများ စာဖတ်သူများ အားလုံး အရာရာ အဆင်ပြေအောင်မြင်ပါစေလို့ ဆုတောင်းပေးရင်း ...........


သားသား နေဇော်လင်း ၊ ဦးဦး မိုးယံ ၊ ကိုကိုအုပ်ကြီး ၊ ဦးဇော် တို့နဲ့ အမှတ်တရ

စာဖတ်သူများကို လေးစားလျှက်

နေဇော်လင်း

21.8.2011

1:40AM





Share this article :

13 comments:

Anonymous said...

စောစောစီးစီးပထမဆုံးဦးဦးဖျားဖျားသူများထက်အရင်ကွန်မန့် ပေး၇တယ်ကွ..ဟဟ..ကိုနေကလည်းဗျာ.ဘီယာ
ကတရုတ်နှစ်သစ်ကူးကရတာလေ..တစ်နှစ်တစ်ခါပဲသောက်တာပါမူးပါဝူးဗျ..ပုံလေးတင်ပေးလို့ ကျေးဇူးပဲ.နောက်ဆိုကျနော်တစ်ယောက်ထဲပုံနဲ့ တင်ရတာ
ဘလော့ပေါ်မှာကျနော့ပုံချောချောလေးတွေပျင်းနေမှာစိုးလို့ လေ..အခုတော့ကိုနေနဲ့ အဖော်ရပြီ..မိကျောင်းသွားစီး..အဲမှားလို့ စောစောစီးစီးလာရောက်ဖတ်ရှုသွားပါပြီဗျာ...ခင်မင်လေးစားစွာဖြင့်..မောင်(စွယ်စုံကျမ်း)

တောက်ပကြယ်စင် said...

နေဇော်လင်းကိုတော့ မြင်ဖူးသွားပီ။ (ဘာရယ်ဟုတ်ဖူး နာမည်ကြီးလို့ မြင်ဖူးချင်ရုံသက်သက်ပါ)။ မိုးယံတော့ ဘယ်လိုပုံစံလည်းဆိုတာ မမြင်ဖူးသေးဘူး။ လမ်းကြုံရင် ပြောပေးပါဦး။ မြင်ဖူးချင်တယ်လို့။ ကျန်းမာပျော်ရွှင်ပါစေနော့

kokomin said...

ကိုနေဇော်လင်း ကိုအခုမှ မြင်ဖူးတယ်ဗျာ။
ကျွန်တော့်ကို ကူညီပေးနေပေမဲ့ ဓတ်ပုံကိုမမြင်ဖူးဘူး
အခုမှ တွေ့ရတယ်ဗျာ။

အောင်မြင်ပါစေ အစ်ကို
အားပေးနေပါတယ်။

ချင်းကလေး said...

ဟာာာာာာာာာာာ လန်းလိုက်တဲ့အစ်ကိုနေဇော်လင်းဗျာ... တကယ်ပြောတာ... မမြင်ဖူးသေးတော့မသိဘူးပေါ့..လတ်စသတ်တော့နေဇော်လင်းဆိုတာ သူကိုးး....ခစ်ခစ်..ခုတော့မြင်လည်းမြင်သွားပြီ၊သိလည်းသိသွားပြီ...။ အကျင့်လေးတွေကိုလည်းနှစ်သက်မိပါတယ်ဗျာ..ယခုထက်ပိုအောင်မြင် တဲ့ဆရာကြီးသဘာကြီးတစ်ပါးဖြစ်ပါစေဗျာ.......။

မင်းမင်း said...

သောက်မိရင်မမူးမချင်းမထတတ်ဝူးတဲ့..တော်ပြီကွာ
အလည်ခေါ်တော့ဝူး..မွဲတွားမယ်..ဟီးဟီး

Anonymous said...

အရင်တုန်းက အကို့ကိုလေးဆယ်ကျော်လောက်ထင်တာ ခုလိုမြင်ရတော့လည်း ငယ်ငယ်လေးရှိသေးတာပဲနော် ဒါတောင် ချစ်သူကမရှိဘူး ဟီးဟီး :P

မမမြတ်နိုး said...

မောင်လေးရေ ...
မမဝင်လာဖတ်တယ်နော် ..
ငါ့မောင်လေးက ရုပ်ချောသားပဲ ..
မြှောက်တာမဟုတ်ဘူးနော် ..
စိတ်ထားလေးပါ ကောင်းတယ်။
အောင်မြင်ပါစေနော် ..

မောင်လေး
မမမြတ်နိုး

Angelhlaing(May everybody be happy and healthy! said...

မောင်လေးရေ တဂ်ပို့စ်လေးရေးပေးလို့ ကျေးကျေးပါလို့ ငါ့မောင်လေးက အချောသားပဲ ...မမနဲ့တူလို့ ဖြစ်ရမယ်....:P:P ဟဲဟဲ ဘယ်ရမလဲနော် ...မောင်နှမတွေဆိုတော့ ချောလဲအတူတူချောမှ ဖြစ်မယ်လေနော်....:):)
၊ကြိုက်မကြိုက်လေးတွေ မှတ်ထားလိုက်ပြီမောင်လေးေ၇..

ကိုဇော် said...

မအားတာနဲ့ ဘယ်မှ သိပ်မရောက်ဖြစ်တာ ညီရေ။
ညီ့နေရာကိုတော့ စာတွေ ခဏတဖြုတ်တော့ လာဖတ်ဖြစ်ပါတယ်။ အခုစာကတော့ မဖတ်မိလိုက်ဘူး။ တဂ်ထားတော့လည်း ရေးရမှာပေါ့။ အားတာနဲ့ ရေးပေးပါ့မယ်။ ကျေးဇူး။

အဆွေးလူ said...

တားယေး
လန်းတာဟ
ဟီးးး
နီညက်နှာဆေးတာ ဖူဂျီး နဲ့ ဆေးတွားတာယေဟ
လူထင်ကြီးအောင်ကျောနေနဲ့ ဦး
ညက်နှာတစ်ဆပ်ပြာကုန်နေလို့  အဝတ်လျော်တဲ့ဆပ်ပြာနဲ့ ဆေးတွားဘီးတော့...ဟဟ
ဖတ်သွားပါတယ်တွာ
ဒီထက်ပျော်ရွှင် အဆင်ပြေ အောင်မြင်ပါစေ....

ဆွေးကြီးးးးးးးးးးးးးးးးး

အုပ်ကြီး said...

မျက်စိနာနေလို့ ..ညီရေ
ဖြေးဖြေးတော့ရေးတာပေါ့နော် ...

Myo lwin kyaw said...

ကိုလေးရေ.........
ကျတော်ဝင်ဖတ်သွားတယ်ဗျ ကိုလေး...
ဟီးးးးးး တို့ ကိုလေးက အလန်းကြီးပဲဗျ...
ဒါပေမယ့် စွန်တော့ မစွန်သေးဘူးဗျ...
အဲ့ ဒါလေးပဲပြောစရာရှိတာနော်.......
အဟိ.... :P:):P

စံပယ်ချို said...

ငါ့တူလေးက လောချုပဲ အဲလေ
လူချောပဲလို့ပြောတာပါ....ခုမှလာလို့စိတ်မဆိုးပါနဲ့
လင့်တွေပျောက်ကုန်တာ ဒါကြောင့်မသိလိုက်ဘူး
၎ယောက်တွဲပုံက အားလုံးလူချောတွေပဲနော်...
အဲဒီလိုပဲဖြစ်ရမယ်လေ jas သူငယိချင်းတွေပဲ။
ချမ်းမြေ့ပါစေ။
တီတီဂျက်

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။