
ဒီဂီယာရဲ့အပေါ်မှာ ရှိနေတဲ့ ဖိအားတွေကို ကျွန်တော် နားလည်ပေးနိုင်ပါတယ် (မက်ဆီမိုတိုင်ဘီ၊ မန်ယူဂိုးသမားဟောင်း)
မန်စီးတီးအသင်းနှင့် ယှဉ်ပြိုင်ခဲ့သော ကွန်မြူနတီဒိုင်းပြိုင်ပွဲနှင့် ၀က်စ်ဘရွန်းအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သော ပရီမီးယားလိဂ် အဖွင့်ပွဲစဉ်များတွင် အမှားအယွင်း အချို့ရှိခဲ့သော မန်ယူအသင်း ဂိုးသမား ဒီဂီယာနှင့် ပါတ်သက်၍ မန်ယူအသင်းနည်းပြ ဖာဂူဆန်က ဒီဂီယာအနေဖြင့် အသားကျရန် အချိန်ပေးရအုံးမည်ဟု မှတ်ချက်ပေးထားခဲ့ရာ တစ်ချိန်က အသင်းမှ ထွက်ခွာသွားသော ပီတာရှမိုက်ကယ်၏ နေရာတွင် အလျင်အမြန် ခေါ်ယူ အစားထိုးခြင်း ခံခဲ့ရသော မက်ဆီမို တိုင်ဘီက ဒီဂီယာအပေါ်မှာ ရှိနေသော ဖိအားများကို သူ့အနေဖြင့် သိရှိနားလည်ပေးနိုင်ကြောင်း ပြောကြားလိုက်သည်။
တိုင်ဘီက "ဖာဂူဆန်ဟာ ကျွန်တော့အမှားတွေကြောင့် ချဲလ်ဆီးအသင်းကို ၅ ဂိုးပြတ် အရေးနိမ့်ပြီး ရှုံးနိမ့်ပြီးသွားတဲ့ အချိန်မှာတောင်မှ ကျွန်တော့ကို အားပေးစကားပြောကြားပြီး သင်ကြားပြသပေးခဲ့ပါတယ်... ချဲလ်ဆီးကို ဂိုးပြတ်ရှုံးနိမ့်တာနဲ့ ပါတ်သက်ပြီး ကျွန်တော့ အပေါ်ကို ဒေါသတွေ တစ်လှေကြီး ကျလာတော့မယ်လို့ ထင်မြင်ခဲ့ပေမယ့် သူဟာ တည်တည်ငြိမ်ငြိမ်နဲ့ပဲ ကျွန်တော့ကို အမိန့်တွေ ပေးနေနိုင်ခဲ့ပါတယ်...
ဖာဂူဆန်ဟာ ကျွန်တော် အလေးစားရဆုံး ထိပ်တန်း မန်နေဂျာ တစ်ဦးပါ... ကျွန်တော့မှာ အမှားတွေ ရှိခဲ့တာတောင်မှ နေရာကနေ ဖယ်ရှားဖို့ မစဉ်းစားပါဘူး... မန်ယူအသင်းမှာ ဂိုးသမားတစ်ယောက်ဖြစ်ရတာ ဖိအားတွေ အရမ်းများလှပါတယ်..
တကယ့်ကို မလွယ်ပါဘူး... ဒါပေမယ့် ဒီဂီယာဟာ ခုမှ အသက် ၂၀ ပဲ ရှိပါသေးတယ်... ကျွန်တော် အဲဒီမှာ လ အနည်းငယ် နေခဲ့တဲ့အတွင်း အမှားအယွင်းအချို့ ကျူးလွန်ခဲ့ပါတယ်.. ဒါကြောင့် ဒီဂီယာအနေနဲ့လည်း အချိန် အနည်းငယ် ပေးရပါလိမ့်မယ်... မန်ယူရဲ့ လက်ရှိ နံပါတ် ၁ ဂိုးသမား တစ်ဦး ဖြစ်နေတဲ့ ရှမိုက်ကယ်တောင်မှ ကောင်းသော စ တင်ခြင်းနဲ့ စတင်ခဲ့ရတာ မဟုတ်ပါဘူး..
ဒီဂီယာဟာ ငယ်ရွယ်နုပျိုနေဆဲ ဖြစ်တာကြောင့် နောက် ၁၅ နှစ်အတွင်းမှာ မန်ယူရဲ့ ဂန္တ၀င်တစ်ဦး ဖြစ်လာမယ်ဆိုတာ ယုံမှားသံသယ ရှိစရာ မလိုပါဘူး.. သူ့ရဲ့ တန်ဖိုး အစစ်အမှန်ကို ပြသနိုင်ဖို့ ဆက်ကြိုးစားရပါ့မယ်" ဟု ပြောကြားသွားခဲ့သည်။
Source by :http://mutdfan.com/
0 comments:
Post a Comment