စင်ကာပူ ၏ နာမည်ကျော် ဆက်သွယ်ရေး ကုမ္ပဏီ SingTel အား မိုဘိုင်းဖုန်းများ၌ လိင်မှု ရေးရာ ဓါတ်ပုံများ ထည့်သွင်းပေးမှုကြောင့် ဒေါ်လာ ၄၀၀၀၀ ဒဏ်ငွေတပ်ခံခဲ့ရသည်။
SingTel ၏ ၀က်ဘ်ဆိုက် တွင် ကာမဂုဏ်လှုံဆော်သည့် ဓါတ်ပုံများ ရောင်းချနေကြောင်း ပြည်သူတစ်ဦးမှ သတင်းပေး တိုင်တန်းကမှ ယင်းသို့ အရေးယူ ခံရခြင်းဖြစ်သည် ။ မီဒီယာ ဖွံ့ဖြိုးမှုအာဏာပိုင် MDA က ၄င်းတို့ရောင်းချနေသော ဂိမ်း ၁၁ခုတွင် ညစ်ညမ်းပုံများ ကိုတွေ့ရှိခဲ့ရကြောင်း ပြောပါ သည်။
စင်ကာပူ ၏ အင်တာနက်လုံခြုံရေးဥပဒေအရ လိင်မှု ဆက်နွယ်သော တင်ပြချက် တို့ကို တားမြစ်ပိတ်ပင်ထားသည်။ အလားတူဂိမ်းများအား ဆက်သွယ်ရေးကုမ္ပဏီ M1 နှင့် StarHub တို့က ညွန်ကြားချက် အတိုင်းရောင်းချခဲ့သဖြင့် ဒဏ်ငွေ တပ်မခံရချေ။
ဒဏ်ငွေ ပေးဆောင်ခံရ သော SingTel က ၄င်းတို့၏ အင်တာနက်စာမျက်နှာပေါ်တွင် Download ဖြင့်ရောင်းချသော ဂိမ်းများအား တင်းကျပ်သွားမည်ဟု ဆိုပါသည်။။
Source by :https://linyonemagazine.wordpress.com/

0 comments:
Post a Comment