Home » , » စိုးပြည့်သဇင်၏ ပထမဆုံး ဖျော်ဖြေရေး ခရီးစဉ်အဖြစ် စင်ကာပူနိုင်ငံသို့ သွားရောက်မည်။

စိုးပြည့်သဇင်၏ ပထမဆုံး ဖျော်ဖြေရေး ခရီးစဉ်အဖြစ် စင်ကာပူနိုင်ငံသို့ သွားရောက်မည်။

Written By မောင်စေတနာ on Friday, May 20, 2011 | 2:13:00 PM

e479

သရုပ်ဆောင် အကယ်ဒမီ စိုးပြည့်သဇင်၏ ပထမဆုံး ဖျော်ဖြေရေး ခရီးစဉ်အဖြစ် ဇူလိုင်လ ၁ရက်နေ့ တွင် စင်ကာပူနိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားပြီး ဇာတ်ကားရိုက်ကူးမှုများပါ တစ်ပါတည်းပြုလုပ်ရန် စီစဉ် ထားသည်ဟု သတင်းရရှိသည်။

“စိုးပြည့်ကို သီချင်းဆိုဖို့အတွက် ပထမဆုံးအကြိမ် ဖိတ်ကြားလာတာပါ။ စိုးပြည့်ရဲ့တစ်ကိုယ်တော်ခွေကလည်း မကြာခင် ထွက်နိုင်တော့မှာဆိုတော့ စိုးပြည့်အနေနဲ့ ဖျော်ဖြေမယ်ဆိုရင်လည်း ကိုယ်ပိုင်သီချင်းတွေနဲ့ ဖျော်ဖြေနိုင်တဲ့ အနေအထားရှိ သလို အဲဒီရက်ပိုင်းမှာလည်း စင်ကာပူ မှာ ဇာတ်ကားရိုက်ဖို့ ရှိနေတဲ့အတွက် လက်ခံဖြစ်သွားတာပါ” ဟု စိုးပြည့်သဇင်က ပြောပြခဲ့သည်။

စင်ကာပူနိုင်ငံတွင် ပြုလုပ်မည့် ဖျော်ဖြေပွဲ၌ သရုပ်ဆောင် စိုးပြည့်သဇင် နှင့်အတူ အခြားအနုပညာရှင်များ ပါဝင်သီဆိုရန် စီစဉ်ထားပြီး ဖျော်ဖြေပွဲ မှာ ဇူလိုင်လပထမပတ်တွင် ပြုလုပ်မည် ဟုသိရသည်။ စိုးပြည့်သဇင်သည် စင်ကာပူ၌ ကောင်းခန့်နှင့်အတူ ဒီဗီဒီ ဇာတ်ကားတစ်ကား၊ ဗီဒီယိုဇာတ် ကားတစ်ကားရိုက်ကူးရန် စီစဉ်ထားသည်ဟု သိရှိရသည်။

Share this article :

1 comments:

နေ၀သန် said...

ညီရေ.. လင့်ခ်လိုက်ပါပြီ...း))

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။