မလေးရှားနိုင်ငံရှိ တရားမ၀င် မြန်မာအ လုပ်သမားများအား တရားဝင်အထောက်အထားများ လုပ်ဆောင် ပေးနိုင်ရန် ခြောက်လ ထပ်မံ အချိန် တိုးမြှင့်ပေးဖို့ မေတ္တာ ရပ်ခံစာ မလေးရှားပြည်ထဲရေး ၀န်ကြီးထံ ပေးပို့ထားသော်လည်း တုံ့ပြန်မှုမရှိသေး
=============== ====================================
မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော တရားမ၀င် မြန်မာအလုပ်သမားများအား တရားဝင်အထောက်အထားများနှင့် အလုပ်လုပ်ခွင့်ပါမစ်များ ထပ်မံလုပ်ဆောင်ပေးရေးအတွက် အချိန်ခြောက်လ ထပ်မံတိုးမြှင့်ပေးစေလိုကြောင်း မလေးရှားပြည်ထဲရေးဝန်ကြီးသို့
မေတ္တာရပ်ခံစာ ပေးအပ် ထားသော်လည်း လက်ရှိအချိန်အထိ တုံ့ပြန်မှုမရှိသေးကြောင်း
အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး
ဦးအေးမြင့်က ပြောကြားသည်။
မလေးရှားနိုင်ငံတွင် စက်တင်ဘာ ၁ ရက်မှ စတင်ပြီး မြန်မာနိုင်ငံ အပါအ၀င် အခြားနိုင်ငံများမှ တရားမ၀င် လုပ်သားများအား အထူးစီမံချက်ဖြင့် ဖမ်းဆီး၍ နေရပ်သို့ပြန်လည်ပို့ဆောင်မ ည့်
စီမံကိန်းကို လုပ်ဆောင်နေပြီး ဒီဇင်ဘာ ၃၁ ရက်မှစတင်၍ တရားမ၀င်
အလုပ်သမားများ နေရပ်ပြန်ရန် မလေးရှားနိုင်ငံ၏ အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံသို့ သွားရောက် လုပ်ကိုင်နေသည့် တရားမ၀င်ရွှေ့ပြောင်း အလုပ်သမားများအတွက် အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနတို့မှ အရာရှိ ၁၂ ဦးပါဝင်သည့် အထူး အဖွဲ့သည် မလေးရှားနိုင်ငံရှိ မြန်မာသံရုံးသို့သွားရောက်၍ မြန်မာ လုပ်သားများအတွက် တရားဝင် အထောက်အထားများနှင့် အလုပ်လုပ်ကိုင်ခွင့်ပါမစ်များ၊ နေထိုင်ခွင့်များအတွက် ဆောင်ရွက်ပေးခဲ့သည့် အရေအတွက်မှာ တစ်သိန်းကျော်အထိ ရှိလာနေပြီဖြစ်ကြောင်း ဦးအေးမြင့်က ဆက်လက်ပြောဆိုသည်။
အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနအနေနှင့် မေတ္တာရပ်ခံစာ ပေးပို့ထားသော်လည်း မလေးရှားနိုင်ငံ၏ တရားမ၀င်အလုပ်သမားများမှာ မြန်မာနိုင်ငံသားများသာမက အခြားနိုင်ငံသားများပါ ပါရှိနေသည့်အတွက် မလေးရှားနိုင်ငံ၏ ဥပဒေအရ ဆုံးဖြတ်သည်ကိုပင် လက်ခံရမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် မလေးရှားနိုင်ငံသို့ တရားဝင်စေလွှတ်နေသည့် အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန အသိအမှတ်ပြုအေဂျင်စီ ၂၀၀ ကျော်ခန့် ရှိနေကြောင်းနှင့် တရားမ၀င်သွားရောက်သည်မှာ တရားဝင်သွားရောက်သည့်ထက် ငွေကြေးအကုန်အကျများသည့်အပြ င် အလုပ်အကိုင်ရရှိရန် မသေချာမှု၊ ပို့ဆောင်ပေးသည့် ပွဲစားထွက်ပြေးပါက အခက်အခဲများစွာ ကြုံတွေ့ရမှု၊ တရားမ၀င် သွားရောက်သည့်အတွက်
မလုံခြုံမှုများစွာ ဖြစ်ပေါ်နေသဖြင့် တရားဝင်သာ သွားရောက်စေလိုကြောင်း
ဦးအေးမြင့်က ဆက်လက်ပြောကြားသည်။
မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော တရားမ၀င် မြန်မာအလုပ်သမားများအား တရားဝင်အထောက်အထားများနှင့်
မလေးရှားနိုင်ငံတွင် စက်တင်ဘာ ၁ ရက်မှ စတင်ပြီး မြန်မာနိုင်ငံ အပါအ၀င် အခြားနိုင်ငံများမှ တရားမ၀င် လုပ်သားများအား အထူးစီမံချက်ဖြင့် ဖမ်းဆီး၍ နေရပ်သို့ပြန်လည်ပို့ဆောင်မ
မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံသို့ သွားရောက် လုပ်ကိုင်နေသည့် တရားမ၀င်ရွှေ့ပြောင်း အလုပ်သမားများအတွက် အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနတို့မှ အရာရှိ ၁၂ ဦးပါဝင်သည့် အထူး အဖွဲ့သည် မလေးရှားနိုင်ငံရှိ မြန်မာသံရုံးသို့သွားရောက်၍
အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနအနေနှင့် မေတ္တာရပ်ခံစာ ပေးပို့ထားသော်လည်း မလေးရှားနိုင်ငံ၏ တရားမ၀င်အလုပ်သမားများမှာ မြန်မာနိုင်ငံသားများသာမက အခြားနိုင်ငံသားများပါ ပါရှိနေသည့်အတွက် မလေးရှားနိုင်ငံ၏ ဥပဒေအရ ဆုံးဖြတ်သည်ကိုပင် လက်ခံရမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် မလေးရှားနိုင်ငံသို့ တရားဝင်စေလွှတ်နေသည့် အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန အသိအမှတ်ပြုအေဂျင်စီ ၂၀၀ ကျော်ခန့် ရှိနေကြောင်းနှင့် တရားမ၀င်သွားရောက်သည်မှာ တရားဝင်သွားရောက်သည့်ထက် ငွေကြေးအကုန်အကျများသည့်အပြ
မလေးရှားနိုင်ငံတွင် လက်ရှိအချိန်ထိ
တရားဝင်အထောက်အထား လုပ်ဆောင်နိုင်မှု မရှိသေးသည့် မြန်မာလုပ်သား
တစ်သိန်းခွဲခန့် ရှိနေနိုင်သေးကြောင်း သိရသည်။
============
Eleven Media Group
ကိုစိန်သန်း
နိုဝင်ဘာလ ၂၄ ရက် ၊ ၂၀၁၄ ခုနှစ်
NAY ZAW LIN1 @ နေဇော်လင်း1
Free Online Media Malaysia (Radio & Tv Live)
Free Online Tv Website - www.nayzawlin.com
Free Media Website - www.malaysiaonlineradiomed ia.com
Free 4D Facebook Page - https://www.facebook.com/ nayzawlin18
Free Health Facebook Page - https://www.facebook.com/ nayzawlin4
============
Eleven Media Group
ကိုစိန်သန်း
နိုဝင်ဘာလ ၂၄ ရက် ၊ ၂၀၁၄ ခုနှစ်
NAY ZAW LIN1 @ နေဇော်လင်း1
Free Online Media Malaysia (Radio & Tv Live)
Free Online Tv Website - www.nayzawlin.com
Free Media Website - www.malaysiaonlineradiomed
Free 4D Facebook Page - https://www.facebook.com/
Free Health Facebook Page - https://www.facebook.com/
0 comments:
Post a Comment