Home » , » မြန်မာနိုင်ငံသားတစ်ဦး ကပုန်းတွင် ထပ်မံ တိုက်ခိုက်ခံရ

မြန်မာနိုင်ငံသားတစ်ဦး ကပုန်းတွင် ထပ်မံ တိုက်ခိုက်ခံရ

Written By မောင်စေတနာ on Friday, August 1, 2014 | 12:59:00 PM

မလေးရှားနိုင်ငံ ကွာ လာလမ်ပူ ကပုန်း ဘာရူး ၊ ဂျလန်း အမ်ပုန်း တွင် အလုပ်မှပြန်လာသော မြန်မာနိုင်ငံသား တစ်ဦး အား ဆိုင်ကယ် ၂ စီး ဖြင့် လာသော လူ ၄ ဦး မှ ဓားဖြင့် ခုတ်ခဲ့သော ဖြစ်ရပ် ၃၀.၇..၂၀၁၄ ည ၁၁ ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည် ။  

 အဆိုပါ လူ ၄ ဦးသည် ဓားများဖြင့် အလုပ်မှပြန်လာသူ ကိုထွန်းအောင်၏ ဦးခေါင်းအား စတင် ခုတ်ခဲ့အပြီး အနီးနားမှလူများ အော်ဟစ်ထွက်လာကြောင့် ကိုထွန်းအောင်အား တစ်ချက်သာ ခုတ်ခဲ့ပြီး ပြန်ထွက် သွားခဲ့ကြောင်း လူနာ၏ သူငယ်ချင်းများက ပြောကြားသည် ။ 

ကိုထွန်းအောင်မှာ အသက်မသေဆုံးခဲ့သော်လည်း နှဖူး နှင့် နောက်စေ့တွင်ဓားဒဏ်ရာ ရရှိ ပြီး ဦးဏှောက်နှင့် အာရုံကြော ဝေဒနာခံစားကာ အတွင်းလူနာအဖြစ် ဆလာရန်း ဆေးရုံကြီး ကြပ်မတ်ဆောင်တွင် ဆေးကုသမှုခံယူနေရကြောင်းသိရသည် ။ ကိုထွန်းအောင်သည် မလေးရှားတွင် သာမာန် နေထိုင်လုပ်ကိုင်စားသောက်သူဖြစ်ပြီး ခွဲစိတ်ကုသရန်အတွက် အကူအညီ လိုအပ်ကြောင်း ဓားခုတ်ခံရသူ ၏ သူငယ်ချင်းများမှ တဆင့်သိရသည် ။ နှ

ဖူးမှဒဏ်ရာ မပြင်းထန်သော်လည်း နောက်စေ့တွင်ရရှိသော ဒဏ်ရာမှ အလွန်ပြင်းထန်ကာ သတိမေ့မျောလျှက်ရှိသည် ။ အရေးပေါ်ခွဲစိတ်ကုသရန် အတွက် ထောက်ပံမှု လိုအပ်ပြီး ကူညီနိုင်သူများ ၊ ကူညီထောက်ပံ့လိုသူများအနေဖြင့် လူနာ၏ ဦးလေးဖြစ်သူ ဦးဝင်း ဖုန်းနံပတ် 01141744566 သို့ဆက်သွယ်ကာ တိုက်ရိုက် ကူညီ လှူဒါန်းနိုင်သည် ။ 

တတ်နိုင်သရွေ့ ဝိုင်းဝန်းကူညီပေးပါရန် လည်း တိုက်တွန်းပါသည် ။ မလေးရှားရောက် မြန်မာနိုင်ငံသားများ အနေဖြင့် ညပိုင်း အပြင်သွား လာခြင်းများ ရှိပါက အုပ်စုလိုက် သွားလာကြရန် ၊ ပတ်ဝန်ကျင် အားမျက် ခြေမပြတ်သတိထား စောင့်ကြည့်နေ ထိုင်ကြရန် မြန်မာသံရုံးမှ သတိပေးကြော်ငြာချက် ထုတ်ပြန်ထားကြောင်း သိရသည် ။ ဆက်လက် ပြီး ထူးခြားမှုများရှိပါက တင်ဆက်ပေး မည် ။ 
မလေးရှားရောက်မြန်မာများ facebook စာမျက်နှာ  - www.facebook.com/mmrinmy 

သတင်း ၊ ဓာတ်ပုံ - မလေးရှားရောက်မြန်မာများ facebook 

Admin 
Nay Zaw Lin1 @ နေဇော်လင်း 
Free Online Radio Media (Malaysia News) 
Free Online Tv Website - www.nayzawlin.com 
Free Media Website - www.malaysiaonlineradiomedia.com 
Free 4D Facebook Page - https://www.facebook.com/nayzawlin18 
Free Health Facebook Page - https://www.facebook.com/nayzawlin4
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။