ဖြစ်ပုံက ... ဒီလို .... အဲဒီ အစ်မကြီးက မနက် ၉ နာရီအချိန် အလုပ်သွားဖို့
အတွက် အိမ်ကထွက်တဲ့ အချိန်မှာ လမ်းတစ်ဝက်မှာ မလေး နှစ်ယောက်
ပိုက်ဆံအိတ်ကို လုကြတာ ပိုက်ဆံအိတ်ထဲ ထည့်ထားတဲ့ ပတ်စပိုစ့် စာအုပ်
လည်းပါသွားတယ်။ လည်ပင်းမှာ ရှိတဲ့ ရွှေဆွဲကြိုးကိုလည်း ထပ်လုတယ်။
ဒါနဲ့ ... အစ်မကြီးကလည်း မလေးလို ကူညီကြပါလို့ အော်လိုက်တော့
ထွက်ပြေးသွားတာတဲ့ဗျာ ... ရွှေဆွဲကြိုးတော့ ပါမသွားဘူး ...
ပိုက်ဆံအိတ်နဲ့အတူ ပတ်စပိုစ့် စာအုပ်တော့ ပါသွားတယ်ဗျာ ...
စိတ်မကောင်းပါဘူးဗျာ ... အခုလို ကြားရတာ ...
=======================================
မလေးရှားမှာ ပိုက်ဆံတတ်နိုင်ရင် တန်ဖိုးရှိတဲ့ ပစ္စည်းတွေ ရွှေဆွဲကြိုးတွေ
မသုံးကြတာ မဝတ်ကြတာ ကောင်းပါတယ်။ တကယ်လို့ ဝတ်မယ် သုံးမယ်ဆိုရင်လည်း
သတိထားဖို့ လိုအပ်ပါတယ်။ ... ပိုက်ဆံကိုစုပြီး ကိုယ့်မိသားစုတွေဆီပဲ ပို့ပေးကြပါ။
ပတ်စပိုစ့် စာအုပ် မူရင်း စိတ်ချရတဲ့ နေရာမှာ သိမ်းထားပြီး မိတ္တူပဲ ကိုင်ပြီး
သွားလာကြပါ။ အပြင်ထွက်ခါနီး အမြဲသတိရှိကြပါ။ (အခု ပတ်စပို့စ့်တွေ ပျောက်တာ
အလုခံရတာတွေ ပြန်လျှောက်ရင် မလွယ်ပါဘူး။)
မလေးရှားမှာ အခုလို အဖြစ်အပျက် တွေက ရေတွက်မနိုင်အောင်
တစ်နေ့တစ်မျိုး မရိုးနိုင်အောင် ရှိပါတယ်။ ဒါကြောင့် သတိထားပြီး
သွားလာကြဖို့ အသိပေး တင်ပြ လိုက်ပါတယ် ခင်ဗျာ။
မလေးရှားရောက် ရွှေမြန်မာများ သွားလေရာ ဘေးရန်ကင်းဝေးကြပါစေ။
============================================
စာဖတ်သူ မလေးရှားနိုင်ငံရောက် မြန်မာများ အနေဖြင့် အခုလို ကိုယ်တွေ့ကြုံခဲ့ရသော
အဖြစ်အပျက်များကို အခြားသူများ လိုက်နာ ဆင်ခြင် ဗဟုသုတရစေရန် အတွက်
ရေးသားပေးပို့နိုင်သည်။
နေဇော်လင်း
Free Online Radio Media (Malaysia News)
Free Online Tv Website - www.nayzawlin.com
Free Media Website - www.malaysiaonlineradiomedia.com
Free Facebook Page - https://www.facebook.com/nayzawlin17
0 comments:
Post a Comment