Home » , » မာလာကာတွင် မြန်မာအချင်းချင်း တိုက်ခိုက်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့

မာလာကာတွင် မြန်မာအချင်းချင်း တိုက်ခိုက်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့

Written By မောင်စေတနာ on Monday, May 26, 2014 | 5:38:00 PM

 
မလေးရှားနိုင်ငံ မာလာကာတွင် မြန်မာအချင်းချင်း အပြန်အလှန် ထိုးသတ် တိုက်ခိုက်မှုဖြစ်ပွားပြီ တစ်ဦး သေဆုံးခဲ့ မလေးရှားနိုင်ငံ မာလာကာ မြန်မာနိုင်ငံသားတစ်ဦး ၎င်းဌာရမ်း နေထိုင်တဲ့ အိမ်အနီးတွင် မေလ ၂၃ ရက်နေ့ နံနက် ၅ နာရီ ၀န်းကျင်တွင် သေဆုံးခဲ့ကြောင်း TV7 သတင်းဌာနမှာ ထုတ်လွင့်ပြသသွားခဲ့သည်။ 

 သေဆုံးသွားတဲ့ သူရဲ့ဘေးမှာ အိုင်တီ ကဒ်ပြားကို ထုတ်ယူကြည့်ရာ မောင်နေမျိုးဝင်း ဖြစ်ပြီ အသက် ၂၅ နှစ် ဖော်ပြထားကြောင်း သူအလုပ်လုပ်တဲ့နေရာ Bandar Hilir နိုက်ကလပ် ဖြစ်ကြောင်း တွေ့ရှိထားသည်။ 

 မသေဆုံးခင်မှာ တယောက်နဲ့ တစ်ယောက် အပြန်အလှန် ထိုးနှက် တိုက်ခိုက်ခဲ့ကြောင်း နှစ်ဦး နှစ်ဘက် ဒဏ်ရာ အပြင်းအထန်ရရှိပြီ သေဆုံးနေတဲ့မောင်နေမျိုးဝင်းရဲ့ဘေးမှာ သံသေတ္တာထောင့် အချွန် တွေ့ရှိခဲ့သည်။ 

မှုခင်းရဲတပ်ဖွဲ့၏ ထင်မြင်ချက်အရ နေမျိုးသည် အလုပ်ကနေ အိမ်သို့ လမ်းလျှောက်ပြန်ချိန်တွင် ရုတ်တရတ် ၀င်ရောက်တိုက်ခိုက်ခံဖွယ်ရှိပြီး နံနက် ၅း၄၀ နာရီ ၀န်ကျင်တွင် ပြင်ထန်းစွာဒဏ်ရာရပြီး လမ်းမှာပင် သေဆုံး သွားနိုင်တာဖြစ်သည်။ 

 ဒီသေဆုံးမှုကို အလျင် အမြန် စုံစမ်း လုပ်ဆောင်သွားမည်ဟု မလေးရှားမှုခင်း ရဲအရာရှိက ပြောဆိုသွားခဲ့သည်။ 

Credit - Thuriya - Facebook 

Admin 
နေဇော်လင်း 
Free Online Radio Media (Malaysia) 
Website - www.malaysiaonlineradiomedia.com 
Facebook - https://www.facebook.com/nayzawlin15
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။