Home » , » စင်ကာပူတွင် မြန်မာ အိမ်အကူများ ရောင်းချနေ

စင်ကာပူတွင် မြန်မာ အိမ်အကူများ ရောင်းချနေ

Written By မောင်စေတနာ on Monday, June 30, 2014 | 11:42:00 AM

 

စင်ကာပူရှိ ဈေးဝယ် စင်တာများတွင် မြန်မာအိမ် အကူများအပါ အ၀င် အိမ်အကူ  အလုပ် သမားများအား ရောင်းကုန်ပစ္စည်းတစ်ခုသဖွယ် ရောင်းချနေကြောင်း အယ်လ်ဂျား ဇီးရား  သတင်းဌာန ဖော်ပြ စင်ကာပူနိုင်ငံရှိ ဈေးဝယ်  စင်တာများတွင် မြန်မာ   အိမ်အကူများအ ပါအဝင် အိမ်အကူ   အလုပ်သမားများအား ရောင်းကုန်ပစည်း တစ်ခုသဖွယ် ရောင်းချနေကြကြောင်း အယ်လ်ဂျားဇီးရားသတင်းဌာနမှ မိုက်ကယ်   မလေး ရေးသားခဲ့သည့် သတင်း     ဆောင်းပါး “Buy a discount maid at Singapore's malls” အရ သိရသည်။ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ အိမ်အ    ကူများအဖြစ် သွားရောက်   လုပ်ကိုင်နေကြရာတွင် စင်ကာပူနိုင်ငံသည်လည်း အပါအဝင်ဖြစ်သည်။ 

ထိုသို့ သွားရောက်  လုပ်ကိုင်ရာတွင် အခက်အခဲအမျိုးမျိုးနှင့် ကြုံတွေ့ရလေ့ရှိပြီး ယခုနောက်ဆုံး အိမ်အကူများအားအလုပ်အကိုင်ခန့်ထားသည့် အေဂျင်စီများက ရောင်းကုန် ပစည်းများသဖွယ် ဈေးဝယ်စင်တာ  များတွင် ပြသရောင်းချနေကြခြင်း ဖြစ်သည်။ “စင်ကာပူမြို့လယ်မှာရှိတဲ့ ဘူကစ်တီ   မာရှော့ပင်းစင်တာကို သွားလိုက်ပါ။ 

မီးရောင်တွေ ထိန်ထိန်ညီးအောင်ထွန်းထားတဲ့အခန်းတွေပါဝင်တဲ့ ငါးထပ်ဆောင်နဲ့ “အိမ်အကူ” ဒါမှမဟုတ် “တွက်ခြေကိုက်သော အိမ်ဖော်” လို့ရေးထားတဲ့ ပြခန်းတွေကို တွေ့ရပါလိမ့်မယ်။ အဲဒီအခန်းတွေထဲမှာတော့ စိတ်မပါတဲ့  အမူအရာနဲ့ တိတ်တိတ်  ဆိတ်ဆိတ်ထိုင်နေကြတဲ့ ဒါဇင်နဲ့ချီတဲ့ အမျိုးသမီးတွေကို တွေ့နိုင်ပါလိမ့်မယ်။ သင်ဝင်လာတဲ့အချိန်မှာ သူတို့က ရိုရိုသေသေပဲ ခေါင်းညိတ်ပြကြပါလိမ့်မယ်။ 

တချို့က သင်အဲဒီအခန်းက ဝန်ထမ်းတွေနဲ့ စကားပြောနေချိန်မှာ အသေအချာကြည့်နေကြလိမ့်မယ်။ သူတို့ထဲက တစ်ယောက်ကို နှစ်နှစ်ဒါမှမဟုတ် အဲဒီထက်ကြာကြာပဲဖြစ်ဖြစ် သင်အိမ် ခေါ်သွားချင် ခေါ်သွားပါလိမ့်မယ်။ အဲဒီမှာထိုင်နေတဲ့ အမျိုးသမီး အိမ်တွင်းအလုပ်သမားတွေဟာ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ မြန်မာနိုင်ငံတွေဆီကနေ လာကြတာပါ။ 

သူတို့ဟာ အိမ်ရှင်နဲ့ ဘယ်လောက် ရင်းရင်းနှီးနှီးရှိတယ်၊ အလုပ်      ဘယ်လောက် ကြိုးစားတယ်ဆိုတာကို ချီးကျူးပြောဆိုထားတဲ့ ဆိုင်းဘုတ်တွေရယ်၊ အထူး    အရောင်းမြှင့်တင်ခြင်း၊ ဈေးလျှော့ပေးခြင်းလို့ ကြော်ငြာထားတဲ့ အရောင်တောက် တောက်ပြောင်ပြောင် ပိုစတာတွေရယ်ရဲ့ အောက်မှာ သူတို့ တွေ တိတ်တိတ်      ဆိတ်ဆိတ်ပဲ ထိုင်နေကြတယ်” ဟု အဆိုပါ သတင်း ဆောင်းပါးတွင် ရေးသားထားခဲ့သည်။ 

အိမ်အကူ အမျိုးသမီးများအား ရောင်းကုန် သဖွယ်ပြသထားရာတွင် ၎င်းတို့လုပ်ကိုင်နိုင်သည့် အလုပ် အကိုင်များပုံစံ သရုပ်ပြ လုပ်ဆောင်ရမှုများလည်း ရှိနေသည်ဟု အဆိုပါ ဆောင်းပါးတွင် ရေးသားဖော်ပြခဲ့သည်။ “ဈေးဝယ်စင်တာက မိန်းလမ်းမရဲ့ တစ်ဘက်       မှာဆိုရင် အိမ်အကူ အလုပ်သမား တွေဟာ တစ်ဦးနဲ့ တစ်ဦးကို လက်တွန်း      လှည်းပေါ်မှာတင်ပြီး တွန်းပြနေကြတယ်။ သူတို့ဟာ သက်ကြီးရွယ်အိုတွေကို ဘယ်လို စောင့်ရှောက်နိုင်တယ်ဆိုတာမျိုးကို သရုပ်ပြနေကြတာပါ။ 

နောက်တစ်ခန်းမှာတော့ အမျိုးသမီး တစ်ယောက်က ကလေးအရုပ်ကလေးကို ပုခက်လွှဲပေးနေပြီး ကလေးအရုပ်ကလေးကို သေးခံလဲပေးနေတဲ့ပုံစံ သရုပ်ပြနေတယ်။ တခြားလူတွေက ဧည့်ခန်းထဲမှာ ရှပ်အင်္ကျီတွေကို မီးပူတိုက် နေတဲ့ပုံစံ၊ အိပ်ယာပြင်ဆင်ေ နတဲ့ပုံစံတွေနဲ့ သူတို့ကျွမ်းကျင်မှုတွေနဲ့ ပတ်သက်ပြီး သရုပ်ပြနေကြပါတယ်” ဟု ရေးသား ထားခဲ့သည်။ 

စင်ကာပူနိုင်ငံသို့ အိမ်အကူအဖြစ် အဓိက လာရောက်လုပ်ကိုင်နေသည့်နိုင်ငံများမှာ မြန်မာ၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံများဖြစ်ကြပြီး စင်ကာပူနိုင်ငံရှိ မြန်မာအမျိုးသမီး အိမ်အကူ  အရေအတွက်မှာ ယခင်က ၂ဝဝဝဝ ခန့်ရှိရာမှ နှစ်နှစ်အတွင်း ၃ဝဝဝဝ အထိ တိုးတက်လာခဲ့သည်။ အင်ဒိုနီးရှား အိမ်အကူအရေအတွက်မှာ ၁၂၅ဝဝဝ ကျော်ရှိပြီး ဖိလစ်ပိုင် အိမ် အကူအရေအတွက်မှာ ၇ဝဝဝဝ ကျော်ရှိသည်။ 

လက်ရှိအချိန်တွင် စင်ကာပူနိုင်ငံရှိ မြန်မာအမျိုးသမီးအိမ်အကူများမှာ တစ်လလျှင် လစာငွေ ဒေါ်လာ ၄ဝဝ မှ ၄၃ဝ ကြား ရရှိနေကြသော်လည်း နားရက်အဖြစ် ခံစားခွင့်မရှိပေ။ ထို့ပြင် အိမ်အကူဝန်ဆောင်ခအဖြစ် လစာ ရှစ်လစာ သို့မဟုတ် ဒေါ်လာ ၃ဝဝဝ ထက်မနည်းကိုလည်း ပေးဆောင်ရသေးသည်။ 

အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်အိမ်အကူများမှာ အနည်းဆုံးတစ်လလျှင် ဒေါ်လာ ၄၅ဝ မှ ၅ဝဝ ထိ လစာပေးရန် သတ်မှတ်ထားပြီး တစ်ပတ်လျှင် တစ်ရက် အနားယူခွင့်ပေးရသည်။ ဖိလစ်ပိုင်နိုင်ငံက ၎င်း၏အိမ်အကူများအတွက် ဝန်ဆောင်ခပေးဆောင်ရန် မလိုလားဘဲ အင်ဒိုနီးရှားကမူ လစာ၏ ခြောက်လစာ သို့မဟုတ် ဒေါ်လာ ၂ဝဝဝ ကို ဝန်ဆောင်ခအဖြစ် ပေးဆောင်ရန် သတ်မှတ်ထားသည်။ 

အဆိုပါ သတင်းဆောင်းပါးတွင် စင်ကာပူနိုင်ငံအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအကာအကွယ်ပေးရေးအဖွဲ့အစည်းများအနေဖြင့် အိမ်အကူများအား အကာအကွယ်ပေးနိုင်ရေး လုပ်ဆောင်နေမှုများနှင့် ပတ်သက်၍ မေးမြန်းမှုများပြုလုပ် ထားသော်လည်း မည်သို့မည်ပုံ စနစ်တကျအကူ အညီပေးအပ်နေသည်ဆိုသည့် အချက်အလက်များကိုမူ ရှင်းလင်းစွာပြောကြားထားခြင်း မရှိပေ။ 

 “စင်ကာပူနိုင်ငံ အခြေစိုက် ရွှေ့ပြောင်း အလုပ်သမားအကူ အညီပေးရေးအဖွဲ့အစည်း တစ်ခုဖြစ်တဲ့ ရွှေ့ပြောင်းစီးပွားရေးများ လူသားချင်းစာနာထောက်ထားမှု အဖွဲ့အစည်း (HOME) ရဲ့ စီမံခန့်ခွဲမှုဒါရိုက်တာ ဂျိုလိုဗန်ဝမ်းကတော့ တချို့ အိမ်အကူတင်ပို့တဲ့ အေဂျင်စီတွေဟာ အိမ်အကူတွေကို လူသုံးကုန်ပစ္စည်းတွေလိုမျိုး ဈေးကွက်မြှင့် တင်တာတွေ လုပ်နေကြတယ်လို့ ပြောပါတယ်။ သူက ဖြည့်စွက်ပြောရာမှာ လူမျိုး အပေါ်မူတည်ပြီး ဝယ်ယူသူတွေစိတ်ကြိုက် ပြောဆို သတ်မှတ်တာတွေရှိတယ်လို့လည်း ပြောပါတယ်။ 

လူမျိုးအပေါ် မူတည်ပြီး ပုံစံသတ်မှတ်တယ်ဆိုတာက ဖိလစ်ပိုင်တွေက ပိုပြီးဥာဏ်ကောင်းကြတယ်၊ အင်ဒိုနီးရှားတွေက နည်းနည်း ထုံတုံတုံရှိတယ်။ မြန်မာတွေကတော့ ချိုချိုသာသာရှိတယ်၊ လုပ်ချင်ကိုင်ချင်စိတ်ရှိတယ် ဆိုတာမျိုးတွေပေါ့” ဟု ရေးသားထားခဲ့သည်။ 

စင်ကာပူရှိအိမ်အကူများ ကြုံတွေ့ရသည့်အခက်အခဲများတွင် လစာငွေမရရှိခြင်း၊ အစားအစာ လုံလောက်စွာမစားသောက်ရခြင်း၊ သတ်မှတ်ထားချိန်ထက်ပိုအောင် နာရီပေါင်းများစွာ ခိုင်းစေခံရခြင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ခံစားရခြင်းတို့အပြင် အိမ်တွင်းအကူ အလုပ်သမားများအနေဖြင့် အလုပ်ရှင်အိမ်တွင်မနေမဖြစ် ဥပဒေအရ သတ်မှတ်ထားသည့် စင်ကာပူနိုင်ငံ၏ လုပ်ထုံးလုပ်နည်းစည်းမျဉ်းကြောင့်လည်း 

အမျိုးသမီးအိမ် အကူများအနေဖြင့် အလွဲသုံးစားမှု ပိုမိုခံစားနေရကြောင်း သတင်းဆောင်းပါးက အိမ်အကူများအရေး အကူအညီပေးနေသည့် အဖွဲ့အစည်းများကို ကိုးကား၍ ရေးသားထားခဲ့သည်။ စင်ကာပူနိုင်ငံသည် မြန်မာအမျိုးသမီး အိမ်အကူအများစု သွားရောက်လုပ်ကိုင်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ယခုနှစ်မတ်လတွင် မြန်မာအမျိုးသမီးအိမ်အကူဟု ယူဆရသူတစ်ဦး သေဆုံးလျက် တွေ့ရှိခဲ့ရသည်။ 

ထို့ပြင် ယခုနှစ်များအတွင်း နိုင်ငံခြားရောက် မြန်မာအမျိုးသမီး အိမ်အကူများအား အကြမ်းဖက်မှုများ ဆက်တိုက်ဖြစ်ပွားလျက်ရှိနေပြီး နိုင်ငံတကာတွင်လည်း ပြည်ပရောက်အိမ်အကူများအား အိမ်ရှင်များက အကြမ်းဖက်မှု အဖြစ်အပျက်များ ဖြစ်ပွား လျက်ရှိသောကြောင့် အမျိုးသမီးအိမ်အကူများ၏ လုံခြုံရေးနှင့် ပတ်သက်၍ စိုးရိမ်မကင်းဖြစ်မှုများ ဖြစ်ပွားလျက်ရှိနေသည်။ များမကြာမီအချိန်က ဟောင်ကောင်ရောက် အင်ဒိုနီးရှား အိမ်အကူတစ်ဦးအား ဟောင်ကောင် အိမ်ရှင်လင်မယားက အလွန်အမင်း နှိပ်စက်ညှဉ်းပန်းမှုကြောင့် အင်ဒိုနီးရှားနိုင်ငံက ၎င်း၏အမျိုးသမီးအိမ် အကူတင်ပို့မှုကို ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

အင်ဒိုနီးရှားနိုင်ငံက ၂ဝ၁၇ ခုနှစ်နောက်ပိုင်း အိမ်အကူပြုလုပ်ရန် ရည်ရွယ်ချက်ဖြင့် အင်ဒိုနီးရှားနိုင်ငံသားများအား ပို့ဆောင်ခြင်းခွင့်မပြုတော့ဟု ရည်ရွယ်ပြီး နောက်ပိုင်းတွင် မြန်မာနိုင်ငံသည် နိုင်ငံခြားသို့ အလုပ်သမားတင်ပို့ရာ ဈေးကွက်တစ်ခုအဖြစ် ထွက်ပေါ်လာခဲ့သည်။ 

ထိုသို့ ပြည်ပရောက် အိမ်အကူများ၏ လုံခြုံရေးနှင့်  ပတ်သက်၍ စိုးရိမ်စရာများ ဖြစ်ပေါ် နေသော်လည်း မြန်မာနိုင်ငံ အနေဖြင့်မူ ပြည်ပသို့ အိမ်အကူ ပို့ဆောင်ရေး လုပ်ငန်းများကို ဆက်လက် တွန်းအားပေးလုပ်ဆောင်လျက်ရှိနေပြီး ယခု နှစ်အနည်းငယ်အတွင်း ဟောင်ကောင်သို့ အိမ်အကူ  ထောင်နှင့်ချီ၍ တရားဝင်ပို့ ဆောင်ရန်လည်း စီစဉ်လျက်ရှိသည်။ 

မြန်မာအစိုးရက ယခု လောလောဆယ်တွင် စင်ကာပူနိုင်ငံနှင့် ဟောင်ကောင်သို့ အိမ်အကူ တင်ပို့ခြင်းအတွက် ခွင့်ပြုပေးလိုက်ပြီဖြစ်ပြီး ထိုင်ဝမ်နိုင်ငံသို့လည်း တင်ပို့ခွင့်ပြုရန် မျှော်မှန်းထားသည်ဟု သိရသည်။ 

မူရင်း - news-eleven.com 

 နေဇော်လင်း 
Free Online Radio Media (Malaysia) 
Website - www.malaysiaonlineradiomedia.com 
Facebook - https://www.facebook.com/nayzawlin17
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။