Home » » ကိုရီးယားသို့ မြန်မာအမျိုးသမီး လုပ်သားစေလွှတ်ရန် စီစဉ်နေ

ကိုရီးယားသို့ မြန်မာအမျိုးသမီး လုပ်သားစေလွှတ်ရန် စီစဉ်နေ

Written By မောင်စေတနာ on Saturday, September 24, 2011 | 3:47:00 AM



EPS စနစ်ဖြင့် မြန်မာအမျိုးသမီးများ ကိုရီးယားသို့ သွားရောက်နိုင်ရန်အတွက် အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီမှ ၄င်းနိုင်ငံသို့ မေးမြန်းစုံစမ်းမှုများ ပြုလုပ်လျက်ရှိ ကြောင်း အဆိုပါ အေဂျင်စီမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က စက်တင်ဘာ ၁၈ ရက်ပြောသည်။

”တရားဝင် စေလွှတ်ဖို့အတွက် ဟိုမှာ ဘာအလုပ်တွေ လုပ်ရမလဲဆို ပြီး မေးထားတာတော့ ရှိတယ်”ဟု ၄င်းကပြောသည်။ ကိုရီးယား လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးမှ ညွှန်ကြားရေးမှူးချုပ် Mr.Choi.Jung.In က EPs စနစ်ဖြင့် ကိုရီးယားသို့ သွားရောက်သောနိုင်ငံ ၁၅ နိုင်ငံတွင် မြန်မာနိုင်ငံမှလွဲ၍ အခြားနိုင်ငံများမှ အမျိုးသမီးများ လာရောက် အလုပ်လုပ်ကြကြောင်း၊ အမျိုးသမီး များသည် အမျိုးသားများထက် စာမေးပွဲအောင်ချက် ကောင်းသော်လည်း အလုပ်ရှင်များက အမျိုးသားများကိုသာ ပိုရွေးကြခြင်းကြောင့် အမျိုးသမီးဦးရေ နည်းပါး ကြောင်း ပြောသည်။

”အမျိုးသမီးတွေက စာပိုတော်ပြီး အောင်ချက် ကောင်းပေမယ့် အမျိုးသားကို ရွေးတာများတော့ စာမေးပွဲအောင်ပြီး ကျန်တဲ့အမျိုးသမီး တွေလည်း များတယ်”ဟု ၄င်းက အလုပ်ရှင်များ၏ ရွေးချယ်မှုနှင့် စာမေးပွဲအောင်ချက် အနေအထားကို ပြောပြသည်။

ထို့ပြင် ကိုရီးယားတွင် အမျိုးသား၊ အမျိုးသမီး မခွဲခြားဘဲ လစာ နှင့် အခြား ခံစားခွင့်များကို တန်းတူပေးထားပြီး အခြေခံလစာကိုလည်း အစိုးရက သတ်မှတ် ပေးခြင်းဖြစ်ကြောင်း၊ အကယ်၍ မြန်မာနိုင်ငံမှ အလုပ်သမား စေလွှတ် လိုပါက ကိုရီးယားဘက်မှ ဆက်သွယ်လာသည် ကိုမစောင့်ဘဲ မြန်မာနိုင်ငံမှ စတင် ကမ်းလှမ်းရန် လိုကြောင်းလည်း ၄င်းကပြောသည်။

ကိုရီးယားတွင် ဖိလစ်ပိုင်နှင့် ဗီယက်နမ် အမျိုးသမီးများ အများဆုံး လာရောက်လုပ်ကိုင်ကြပြီး အမျိုးသမီး အလုပ်သမားများအတွက် လုံခြုံမှုရှိသည်ကို တွေ့ရသည်ဟု ကိုရီးယားရောက် မြန်မာလုပ်သားတစ်ဦး က ၄င်း၏အမြင်ကို အွန်လိုင်းမှ ပြောသည်။

”ဒီမှာ အမျိုးသမီးတွေအတွက် ပေါ့ပေါ့ပါးပါးနဲ့ အချိန် ပြည့်လုပ်လို့ရတဲ့ အလုပ်တွေ ရှိပါတယ်။ များသောအားဖြင့် ပလတ်စတစ်လုပ်ငန်းတွေ မှာလုပ်ကြတာ” ဟု၎င်းကပြောသည်။ ကိုရီးယားနိုင်ငံသည် ကမ္ဘာပေါ်တွင် စတုတ္ထမြောက် စက်မှုအဖွံ့ဖြိုးဆုံး နိုင်ငံဖြစ်ပြီး ၂ဝဝ၇ခုနှစ်မှ စ၍ EPS စနစ်ကို စတင်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှအမျိုးသမီး အလုပ်သမားများကို ထိုင်းနိုင်ငံသို့ တရားဝင် ပို့ဆောင်ခွင့်ပေးလျက်ရှိပြီး နှစ်နိုင်ငံ အစိုးရ သဘောတူညီချက် (G to G) စနစ်အရ အလုပ်သမားဝန်ကြီးဌာန ၏ တရားဝင် ခွင့်ပြုချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

မေဇင်ဝင်း
Source by :http://popularmyanmar.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။