Home » , , » မလေးရှားရောက် ရွှေမြန်များ K L ကွာလာလမ်ပူမြို့သို့ တက်လာမယ် ဆိုရင် သတိထားကြပါ

မလေးရှားရောက် ရွှေမြန်များ K L ကွာလာလမ်ပူမြို့သို့ တက်လာမယ် ဆိုရင် သတိထားကြပါ

Written By မောင်စေတနာ on Wednesday, May 28, 2014 | 1:24:00 AM

 

မလေးရှားရောက် ရွှေမြန်များ K L ကွာလာလမ်ပူမြို့သို့ တက်လာမယ် ဆိုရင် သတိထားကြပါ ..............

ဂျို့ဟိုးကနေ ကေအယ် တက်လာတဲ့ မြန်မာတစ်ယောက် ကေအယ်မှာ ရဲဖမ်းခံရပြီး အထောက်အထား မရှိတဲ့ အတွက် ပါလာတဲ့ S4 ဖုန်းတစ်လုံးနဲ့ ပိုက်ဆံ ၁၀၀ ကို ပေးလိုက်ရလိုက်တဲ့ အကြောင်းကို မလေးရှားရောက် ရွှေမြန်မာများ ဗဟုသုတ ရစေရန် အတွက် ပေးပို့လာပါတယ်။ မူရင်း ပေးပို့လာတဲ့ အတိုင်း တင်ပေးလိုက်ပါတယ်။

 ================================================

၅လပိုင်း ၁၃ရက်နေ့က ဂျိုဟိုး မြန်မာတစ်ယောက် ပတ်စပိုစ့် အသစ်လုပ်လို့ရပြီ ဆိုတော့ klကို ည၁၂နာရီကားနဲ့ တတ်သွားပါတယ်… မနက်ပိုင်း သံရုံးမှာ လုပ်စရာတွေ လုပ်ပြီး နေ့လည်ပိုင်းလောက်မှာ မြို့ထဲပြန်ရောက် လာပြီး မြန်မာထမင်းဆိုင်မှာ ထမင်းစားကြပါတယ်… jbကတတ်တုန်းက ပါမစ်ရှိတဲ့သူငယ်ချင်း တစ်ယောက်နဲ့ သွားတာပါ…

သူတို့သူငယ်ချင်းနှစ်ယောက် ထမင်းစားပြီး ဇေယျာထောင့်မှာ jb သွားမယ့် ကားကိုစီးဖို့ အသွားမှာ အရပ်ဝတ် ရဲတွေစစ်ဆေးခြင်း ခံရပြီး ပါမစ်သမားကို မင်းပြန်လို့ရပြီလို့ပြောပြီး ပြန်လွတ် လိုက်ပါတယ်။ စာအုပ်အသစ်လုပ်တဲ့ ညီလေးတစ်ယောက်ကိုတော့ ဖမ်းစီးခေါ်ဆောင်သွားပါတယ်… အဲ့ညီလေးက ကျွန်တော့်ကို ပြန်ပြောပြပါတယ်… သူပြန်လွတ်ဖို့ စကားကို မျိုးစုံအောင် တောင်းပန်ရတဲ့ အကြောင်းတွေပေါ့…

အဲဒီအထဲမှာ ရဲအကြီးဆုံး မဟုတ်တောင် သူ့နေရာနဲ့သူ ရာထူးအကြီးဆုံး ဖြစ်မယ့်သူ တစ်ယောက်က မင်းသူဌေးကို ဖုန်းဆက်ဆိုပြီး ပြောပါတယ်… စကားတတ်တဲ့ သူတစ်ယောက်မို့ စကားကိုအမျိုး၂ပြောပြီး တောင်းပန်ရပါတယ်တဲ့… အဲ့ညီလေးကလဲ သူ့မှာပါတဲ့ ဖုန်းတွေ ငွေတွေထိုးပေးပေါ့ဗျာ… ခုနကရဲက မင်းဖုန်းဘာလုပ်ရမှာလဲ ပြောပြီး ထွက်သွားပါတယ်တဲ့…

ခဏကြာတော့ ရဲအငယ်နှစ်ယောက်ရောက်လာပြီး မင်းဒီထဲမှာနေရင် ၁ ပတ်နေရမယ်… ပြီးရင်ထောင်ထဲ ၆လနေရမယ့် အကြောင်းပြောပါတယ်… ဘယ်လိုလုပ်မလဲ မေးပါတယ်တဲ့… jbကညီလေးက ဒီဖုန်းကို အစ်ကိုတို့ယူလိုက်ပါ… ငွေ ၁၀၀လဲထပ်ယူပါလို့ပြောပြီးတောင်းပန် စကားပြောရင်းပေါ့… ရဲကလဲ ok ဆိုပြီး ဖိနပ်ပြန်ဝတ်ခိုင်းပြီး ဆိုင်ကယ်နဲ့ TBS ကို လိုက်ပို့ပါတယ်တဲ့…

ဂိတ်ကြီးရောက်တော့ ဖုန်းပေးဆိုပြီးတောင်းပြီး ဂိတ်မှာတာဝန်ကျနေတဲ့ ရဲသားတစ်ယောက်နဲ့ လွှဲပြောင်းပေးခဲ့ပါတယ်လို့ပြောပါတယ်… KLကို အထောက်အထား မခိုင်လုံရင် မသွားလာသင့်ပါဘူး…

ခုအဖမ်းခံရတဲ့ ညီလေးဟာ မလေးစကားကို ကျွမ်ကျင်စွာပြောဆိုနိုင်တဲ့သူ တစ်ယောက်ဖြစ်တာကတစ်ကြောင်း ပေးစရာ ဖုန်း ငွေ အပြည့်စုံပါတာက တစ်ကြောင်းမို့ ပြန်လည်လွတ်မြှောက်နိုင်ခဲ့တာပါ…

S4ဖုန်းအသစ်တစ်လုံးနဲ့ ငွေ ၁၀၀ဟာ မြန်မာငွေ ၄သိန်းကျော်၂တန်းဖိုးရှိလှပါတယ်… မိမိရဲ့မိသားစုဘ၀ကို များစွာအထောက်ကူပြုနိုင်သော ငွေကြေး ပမာဏ ရှိသောကြောင့် အိုသမားများအနေဖြင့် အသွားအလာ သတိဖြင့်နေစေလိုကြောင်း စေတနာဖြင့် ရေးသား အသိပေး လိုက်ပါတယ် ခင်ဗျာ…

အိမ်ဝေးငှက် (ဂျို့ဟိုး) မှ ပေးပို့ပါသည်။

 ============================================== 

ကေအယ်မှာ စနေ့နေ့ ၊ တနင်္ဂနွေနေ့တွေဆို လူစည်ကားတဲ့အတွက် ရဲများ နှင့် လုယက်သူများ ၊ ခါးပိုက်နှိုက် သူများ ၊ လမ်းသွားရင် ဖုန်းတွေကိုပြပြီးဖုန်းရောင်းသူများ နေရာ တော်တော်များများမှာ ရှိပါတယ်။ ကေအယ်တွင် ညပိုင်းအချိန် အပြင်သွားလာခြင်းများကို ရှောင်ကြပါ။ ညပိုင်းအချိန်ဆို ပိုက်ဆံတောင်းတဲ့ ရဲတွေများပါတယ်။ မလေးရှားမှာ အထောက်အထား မရှိရင် လူစည်ကားတဲ့ နေရာ ရဲတွေများတဲ့ နေရာတွေကို ရှောင်ပြီး သွားလာကြပါ။ 

အထောက်အထား မခိုင်လုံသူများ အနေဖြင့် ဂရုစိုက် သတိထားပြီး သွားလာ ကြပါရန် အသိပေးအပ်ပါသည်။ ရဲဖမ်းခံရရင် ငွေနဲ့ရှင်းလို့ ရပေမယ့် တစ်ချို့ဆို ငွေနဲ့ ရှင်းလို့ မရပဲ ထောင်ထဲ ထည့်ထားတာတွေ ရှိပါတယ်။ မိမိတို့ ရှာဖွေထားတဲ့ ပိုက်ဆံတွေဟာ အချိန်ခဏလေး အတွင်းမှာ ကုန်သွားနိုင်ပါတယ်။ 

ဒါကြောင့် အထောက်အထား မရှိသူများ သတိထားနိုင်ရန် အတွက် အသိပေးလိုက်ပါသည်။ မလေးရှားရောက် ရွှေမြန်မာများ အားလုံး ဘေးရန်ကင်းဝေးပြီး အလုပ်အကိုင်များ အဆင်ပြေကြပါစေ။ 

 နေဇော်လင်း 

Nay Zaw Lin1 
Free Online Radio Media (Malaysia) 
Website - www.malaysiaonlineradiomedia.com 
Facebook - https://www.facebook.com/nay.zawlin1
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။