Home » » စင်ကာပူ အစိုးရ တက္ကသိုလ်များ ကျောင်းလခ မြင့်တက်

စင်ကာပူ အစိုးရ တက္ကသိုလ်များ ကျောင်းလခ မြင့်တက်

Written By မောင်စေတနာ on Friday, March 4, 2011 | 4:51:00 AM



စင်ကာပူ အစိုးရ တက္ကသိုလ်များ၏ ကျောင်းလခ မြင့်တက် တော့မည်ဟု ဇန်နဝါရီ ၁၄ ရက်က ထုတ်ပြန် ကြေညာ လိုက်သည်ဟု ပြည်တွင်း ပညာရေး ဝန်ဆောင်မှု အသိုင်းအဝိုင်းမှ သိရသည်။ ထုတ်ပြန် ကြေညာချက်များ အရ ၂ဝ၁၁ ကျောင်းဖွင့် ချိန်မှ စတင်၍ စင်ကာပူ အမျိုးသား တက္ကသိုလ်၊ နန်ယန်း တက္ကနော် လော်ဂျီ တက္ကသိုလ်၊ စင်ကာပူ စီမံ ခန့်ခွဲမှု ဆိုင်ရာ တက္ကသိုလ် အပါ အဝင် ပိုလီကျောင်း များနှင့် အိုင်တီအီး ကျောင်းများ၏ ကျောင်းလခ များကို တိုးမြှင့် ကောက်ခံ သွားမည် ဖြစ်ကြောင်း သိရသည်။



ကျောင်း လခမှာ စင်ကာပူ နိုင်ငံသားများ အတွက် အနည်း ငယ်သာ မြင့်တက်ပြီး နိုင်ငံတကာ ကျောင်းသား များနှင့် PR သမားများ အတွက် ကျောင်းလခ မြင့်တက်မှု ပိုများ နေကြောင်း တွေ့ရသည်။ ”မြန်မာ ကျောင်းသား တွေနဲ့ တိုက်ရိုက် ပတ်သက်မှု များတာက ပိုလီကျောင်း တွေက များတယ်။ ပိုလီကျောင်းက မနှစ် ကလည်း စင်ကာပူ ဒေါ်လာ ၁ဝဝဝ တက်သွား သေးတယ်” ဟု RV စင်တာမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ပိုလီ ပညာ သင် ထောက်ပံ့ကြေး ရရှိသည့် ကျောင်းသား အနေဖြင့် ၂ဝ၁၁ ပညာ သင်နှစ်တွင် စင်ကာပူ ဒေါ်လာ စုစုပေါင်း ၆၈၈ဝ ပေးသွင်း ရမည် ဖြစ်ပြီး မူလထက် စင်ကာပူ ဒေါ်လာ ၁၅၈ဝ မြင့်တက် သွားကြောင်း သိရသည်။ ပိုလီကျောင်း တက်မည့် စင်ကာပူ နိုင်ငံသား မှာမူ စင်ကာပူ ဒေါ်လာ ၅ဝ သာ ပိုပေးရမည် ဖြစ်ပြီး PR သမား များမှာ စင်ကာပူ ဒေါ်လာ ၄၈ဝ သာ တက်သွားကြောင်း သိရသည်။ ကျောင်း လခများ မြင့်တက် သွားမှု အပေါ်တွင် ကျောင်းသားများ ခက်ခဲမှု မရှိစေရေး အတွက် သင့်လျော်သည့် စီမံ ဆောင်ရွက်မှု များကိုပါ ပြုလုပ် ထားကြောင်းလည်း သိရသည်။

Source by : Popular News

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။