Home » , » ***** ညီလေးတို့ရွာ ( ၃ ) ******* (ကျေးလက် သာဘာဝ ဗဟုသုတ ဆိုင်ရာ)

***** ညီလေးတို့ရွာ ( ၃ ) ******* (ကျေးလက် သာဘာဝ ဗဟုသုတ ဆိုင်ရာ)

Written By မောင်စေတနာ on Sunday, May 25, 2014 | 11:07:00 AM

 
 ဥသြလေးတွေက တွန်နေတယ်လေ။ ကြင်ဖော်ပျောက်လို့ လိုက်ရှာနေသလားပေါ့။ တစ်နှစ်လုံး စိမ်းစိုသာယာခဲ့ပီး တောတောင်တွေကို အလှဆင်ခဲ့တဲ့ ပင်းဝါးရုံတွေလဲ ရွက်ဟောင်းကိုခြွေ ရွက်သစ်တွေ ဝေချင်ရှာလှပေါ့။ 

အရိုးကျဲကျဲ အရေကျဲကျဲ ဖြစ်နေတဲ့ သည်တောသည်တောင်မှာ ဒေသရာသီ အလိုက်အရ ရှားရှားပါးပါး စိမ်းစိမ်းစိုစို မြင်ရခဲ အပင်တွေထဲ အပင်တစ်မျိုး နောက်ပီး ဒေသအရ နွေရာသီဆိုတော့ ရာသီစာ သီးနှံ ခေတ္တပြတ်လပ် ချိန်မှာ ရွာက လူတွေကို ရှာလည်အောင် အရသာပေးစွမ်းတဲ့ အပင်ကြီးပေါ့။ 

တစ်တောလုံးမှာမှ လက်ချိုးရေလို့ရတဲ့ အပင်ဆိုတော့ အိမ်ကအမေက ပေချပ်(ပလိုင်း/ တို) လွယ်ခိုငိးပီး သူခလေး ကိုယ့်ခလေး အမောတကော သူဦးငါရင် ကောက်ခိုင်းကြတာပေါ့ဗျာ။ အလုအယက်ပေါ့ တစ်ချို့ရက်များမတော့ တောကောင် ဂျီ သမင်တွေ စားနှင့်တာနဲ့ ရှိတာလေး အလုအယက်ကောက်ရင်း သရဲတစ္ဆေကြောက်ခဲ့ ရသေးပေါ့။ ငြိမ်းချမ်းမှု့တွေ ရှိတယ် ရိုးသားမှု့တွေရှိတယ် ဟန်ဆောင်ကောင်းတဲ့ အကျင့်စရိုက်တွေ အလျဉ်းမတွေရဘူး။ 

မိသားစုဆန်တဲ့ နွေးထွေးမှု့တွေ ပြည့်နှက်နေတဲ့ အရပ်ဒေသ။ ပျူငှာတဲ့ ဖော်ရွေမှု့ ဧည့်ရိပ်ဧည့်ကဲ လိုသည်ထက်ပိုတဲ့ ဒေသလေး။ ချစ်စရာကောင်းသော မိမိ ရပ်ရွာလေးဟာ အမှိုက်သရိုက်တွေ ရောယှက်နေတဲ့ ဂလိုဘယ် လေကြမ်းတွေ မဝင်ရောက်သေးတော့ ခုထိလှဆဲ လှမြဲပါပဲလေ။ ဒီလို ချစ်စရာကောင်းတဲ့ အလေ့အထ လေးတွေထိန်းသိမ်းဖို့ ကျနော်တို့ မျိုးဆက်တွေ ပြတ်သွားလို့မဖြစ်ပါဘူး။ 

ရိုးသား သန့်ရှင်းတဲ့ ခေတ်ပညာတတ် လောကတတ်လေးတွေ ဖြစ်ကြသင့်တယ်။ တစ်ချို့သော အများစု မြို့ကြီးသူ စက်ဆီမယ်မယ်တွေလို ဟန်ဆောင်အပြုံး ဟန်ဆောင်မာယာတွေ မရှိကြဘူး။ သူတို့တွေမှာ ရှိတဲ့ အတွင်းစိတ်မှာ ဖြူစင်တဲ့ အလှတရားတွေရှိတယ်။ နူးညံ့တဲ့ ဘာသာရေးအဆုံးအမ အမြဲ ကိန်းဝပ်နေတယ်။ သေချာလို့လားလို့လား လို့မေးခဲ့ရင်ဖြေနိုင်ပါတယ်။ဘာလို့လဲ ဆိုတော့ ခင်ဗျားတို့ ကျုပ်တို့လို အင်တာနက်လေးကိုဇိမ်ပါပါ ဖုန်းအကောင်းစားလေးနဲ့ ဖီးမခံနိုင်ဘူး။ 

 သမ္မတကြီး ပေးတဲ့ ဖုန်းကဒ်ကံစမ်းမဲတောင် အိမ်ခြေ ၂၆၀ နီးပါးရှိတာ ထက်ဝက်တောင်မရှိတဲ့ အရေအတွက်လေးကို ယတြာချေ သလိုလေးဖောက်ပေးတော့ ဖုန်းကိုင်ဖို့ မပြောနဲ့ ဖုန်းကဒ်တောင် သူများပေါက်တာလေးယူကြည့်မှ မြင်ဖူးတာလေ။ အစီအစဉ်သာရပ်ဆိုင်းသွားတာ အသင့်ထူထားတဲ့ ကျနော့်အိမ်က ဧရိယာတိုင်တောင် နှစ်သောင်းခွဲကုန်ခဲ့တယ် ဝယ်ထူထားခဲ့တာ ။ 

ဆင်ဖိုးထက် ချွန်းဖိုးက ပိုဈေးကြီး ကဒ်ကို နိုင်ငံခြား ပြန်ထွက်မယ်ဆိုပီ့း ရန်ကုန်ရောကတော့ ပြည်တော်အဝင်က ဝယ်ခဲ့တဲ့ ဖုန်းကဒ်လေးကို ပြန်ထုတာ တစ်သိန်းရတော့ တစ်ခါတည်း စာအုပ်တွေ စာကြည့်တိုက်မှာ ရှိဖို့မတည်လိုက်တော့တာလေ။ ခုတော့ ဖုန်းခေါ်ချင်ရင် သူများအိမ်တွေ ပတ်ခေါ်နေရတော့တာပေါ့။ 

တစ်ဖက်ကလည်း ဝမ်းသာနေရသလို တဖက်ကလည်း ထောင်ထားခဲ့တဲ့ ဧရိယာတိုင်ကြီးကို အားနာလိုက်တာ။ အမေကိုလဲ မဲပေါက်ရင် ဆင်းကဒ် ထည့်သုံးဖို့သေချာ သင်ထားခဲ့တာ မေ့နေလောက်ရောပေါ့။ ဆိုတော့ဗျာ။ ဖုန်းကို ဇိမ်ရှိရှိမသုံးနိုင်တာပဲလား မဟုတ်သေးဘူးဗျ။ ဖတ်စရာ သတင်းဂျာနယ် တွေ့ထိဖို့လောက်ထိလဲ တောသူတောင်သားတွေဗျ။ အားအားရှိ ဝယ်မသုံးနိုင်ဘူးလေ။ ဘာကြောင့်လဲ ။ 

ဝင်ငွေပေါ့။ တစ်ရက်တစ်ရက် စားဖို့ရှာရတာ အလျင်မမှီတာနဲ့တင် ဖေ့ဘွတ် သုံးနေသူကြီးတို့လို မလန်းနိုင်ကြပါဘူးဗျာ။ ဒါပေမယ့်သူတို့တွေဟာ ဘွဲ့ရပြီးသား ရွာရဲ့ ပညာတတ် မိကောင်းဖခင် အမသမီးလေးတွေပါ။ ညီညွတ်ကြတယ် စည်းရုံးကြတယ်။မိသားစု စားဝတ်နေရေး အတွက် အိမ်က အားကိုအားထားပြုရတဲ့အမျိုးသမီးတွေပါ။ 

သူတို့ဟာ နုနယ်ရမယ့် အရွယ်ဆိုပေမယ့် အဖေအို အမေအိုတွေရဲ့ ဓားမဦးချ တောင်သူ အလုပ်ကြမ်းတွေလုပ်ကိုင်ရင်း ဘဝတိုးတက်ဖို့ လမ်းတွေ ရှာမတွေပဲ ရွာမှဂာ ပိတ်မိနေတဲ့ ကျနော် လုပ်ဖော်ကိုင်ဖက် အစ်မတွေကို ကျနော် အလုပ်ပေးဖို့ဆုံးဖြတ်ခဲ့တယ်။ အလုပ်ဆိုလို့ ပိုက်ဆံပေးနိုင်တဲ့ အလုပ်တော့ မဟုတ်ဘူးပေါ့လေ။ ကျုပ်ကိုယ်တိုင်တောင် ခြေကောင်းလက်ကောင်း အရွယ်ကောင်းမလို့ ကိုယ့်လုပ်အားကို သူများနိုင်ငံမှာ ရောင်းစားနေရသေးတာဂလား။ 

ဆိုတော့ ကိုယ့်လို ကိုယ့်မျိုးဆက် ရွာမျိုးဆက် နိုင်ငံ့မျိုးဆက် ဖြစ်လာမယ့် သူလေးတွေ ကလေးငယ်တွေကို ဒီလို မရှိ မပြည်စုံ သံသရာကြီးထဲမှာ မလည်စေလိုဘူး။ ကျုပ်တို့တတ်နိုင်တာ ကျုပ်တို့လုပ်ကြရအောင်ဆိုပြီး ဆင်းရဲသား စာကြည့်တိုက်လေးကို အသက်သွင်းဖို့ သူတို့ကို ရွာမှာ စာကြည့်တိုက်မှူး ဘဏ္ဌာရေးမှူး အဖွဲ့စသဖြင့်ပေါ့ သူငယ်ချင်းတွေပါဆွဲထည့်ပီး အလုပ်ပေးထားခဲ့တာ ။ ကိုယ်တိုင်က တိုက်စစ်မှူးကြီးပေါ့လေ။ ဘယ်လောက်ကြံ့ကြံ့ခံမလဲဆိုတာတော့ ရုန်းကန်ကြည့်ရအုံးမယ်ပေါ့ဗျာ။ 

(စပ်မိလိုပါဗျာ ကိုယ့်အကြောင်းတွေပါ လေရှည်မိတယ် )။ ပုံလေးကတော့ မနက်ဖန် 13; 5; 2014 မှာ စာပေဟောပြောပွဲ အသေးစားလေး ထပ်မံကျင်းပဖို့ ရာမှာ တည်ခင်း ဧည့်ခံ အမြည်းကျွေးဖို့ သူတို့ ဘော်ဘော် တစ်သိုက် ဟင်းကုပ်ပွင့်တွေ လိုက်ကောက်စုနေကြတာ သူတို့အပျော်တွေ မိတ်ဆွေတို့ဆီ ကူးစက်မလားမိဘူးလားဗျာ………… ဒီ Post လေးနဲ့ လုပ်ဖော်ကိုငိဖက်အစ်မများရဲ့ ပရဟိတ နစ်ဝင် ပေးဆပ်မှု့ကို ဂုဏ်ပြုရင်းနဲ့အားလုံး မင်္ဂလာပါ ခင်ဗျာ………… နောက်များ ဆက်ပါဦးမည်======> လက်ပန်းရွာမှ ပုံရိပ်များ 

Credit - ကိုရင် ဒိပ္ပ
https://www.facebook.com/aung.aungtunmyat 

(ညီလေးတို့ရွာ (၄) ကိုဆက်လက် တင်ပေးသွားပါမည်) 

တိုးတက်ရောင်ခြည် စာကြည့်တိုက် - လက်ပန်းကျေးရွှာ ၊ ကျောက်ထုမြို့ ၊ ယောဒေသ ၊ မကွေးတိုင်း မှာ တည်ရှိပြီး လက်ရှိ မလေးရှားနိုင်ငံရောက် ကျွန်တော် သူငယ်ချင်း ဖြစ်သူ ကိုဝဏ္ဏစိုး မှ ဦးစီး ဦးဆောင်ကာ ပြုလုပ် နေပါတယ်။ ကျွန်တော် ကိုယ်တိုင်လည်း လုပ်အားဒါနအဖြစ် ပါဝင်ပြီး စာကြည့်တိုက် ဖြစ်မြောက်ရေး အတွက် အဖက်ဖက်မှ ကူညီပေးနေပါတယ်။ 

 အောက်က လိပ်စာလေးကို Like လုပ်ထားပြီး စာကြည့်တိုက်လေး အတွက် ဝိုင်းဝန်းပါဝင်ပြီး ကုသိုလ်ပြုဖို့ ဖိတ်ခေါ် လိုက်ပါတယ် ခင်ဗျာ ..... https://www.facebook.com/TTYCL ကိုဝင်ရောက်ပြီး Like ကိုနှိပ်ပါ။ ပြီးရင် Get Notifications ကို တစ်ချက်နှိပ်ပေးပါ။ 

Admin 
နေဇော်လင်း1 
Free Online Radio Media (Malaysia) 
Website - www.malaysiaonlineradiomedia.com 
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။