Home » , » ၂၁ ရက်နေ့ အဖမ်းဆီး မတိုင်မီ မြန်မာသံရုံးမှ ကြော်ငြာချက် ထုတ်ပြန်

၂၁ ရက်နေ့ အဖမ်းဆီး မတိုင်မီ မြန်မာသံရုံးမှ ကြော်ငြာချက် ထုတ်ပြန်

Written By မောင်စေတနာ on Thursday, January 16, 2014 | 11:36:00 PM

မလေးရှားရောက် မြန်မာနိုင်ငံသားများ အထူးသဖြင့် တရားမဝင် နေထိုင်နေသော မြန်မာများအားလုံးအတွက် မလေးရှားရောက် မြန်မာများfacebook စာမျက်နှာမှာ ယနေ့ည အထူးသတင်း တစ်ပုဒ်အနေဖြင့် တင်ဆက်ပါသည် ။ ယခုသတင်းအား မလေးရှားရောက် သူငယ်ချင်းများအားလုံးသိရှိရန် မကိုးမကားပဲ ဆက်လက်မျှဝေဖို့ မေတ္တာရပ်ခံသည် ။ 

လွန်ခဲ့သော ၁၄.၁.၂၀၁၄ နေ့ မလေးရှား Thestar သတင်းစာတွင် 6P အစီအစဉ်အားလုံး ပြီးဆုံးပြီဖြစ်သောကြောင့် လာမည့် ၂၁.၁.၂၀၁၄ တွင် တရားမဝင်နေထိုင်သူအားလုံးကို အဆုံးသတ် ဖမ်းဆီးမည်ဖြစ်ကြောင်း ၊ ထိုတရားမဝင်နေထိုင်သူများကို ဆက်လက် ခန့်ထားသော အလုပ်ရှင်များကိုလည်း ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံ ထုတ်သတင်းစာများ အားလုံး တွင်တရားဝင်ကြော်ငြာ သွားခဲ့သည် ။ သို့ကြောင့် တရားမဝင် ဖြစ်နေသော ၊ အေးဂျင်း အလိမ်ခံရသော ၊ ပါမစ်မရသေသော အားလုံးသော အိုဗာစတေး သမားများ တခါ ပြန်လည် မျက်ခုံးလှုပ်ကြရပြန်သည် ။ 

သို့သော် .. ယနေ့ မလေးရှားအစိုးရ မှ အဆိုပါ အဖမ်းဆီး မတိုင်မီ တရားမဝင် ဖြစ်နေသူများ မလေးရှားနိုင်ငံမှ ထွက်ခွာလိုပါက မလေးရှားနိုင်ငံ အစိုးရ နှင့် လဝကမှ ဒဏ်ကြေး ဆောင်၍ ပြန်လည် ထွက်ခွာ ခွင့်ပေးမည်ဖြစ်ကြောင်း သက်ဆိုင်ရာ သံရုံများသို့ တရားဝင် စာပို့ခဲ့သည် ။ 

ထို့ကြောင့် တရားမဝင် ဖြစ်နေသော မြန်မာနိုင်ငံသားအားလုံး မိမိတို့ ရှိ စာရွက်အထောက်အထား ၊ ပတ်စပို့မူရင် ၊ မရှိပါက မြန်မာနိုင်ငံသား ဖြစ်ကြောင်း အထောက်အထားဖြစ်သော CI ကို မြန်မာသံရုံးတွင် လျှောက်ထားကာ မလေးရှား အစိုးရမှ သတ်မှတ်သော ဒဏ်ကြေးပေးဆောင်ပြီး လေယာဉ်လက်မှတ် ဝယ်ကာ ပြန်နိုင်မည်ဖြစ်ကြောင်း အဆိုးကြားမှ သတင်းကောင်းတစ်ခု အနေဖြင့် တင်ဆက်ပေးရပါသည် ။ ထို့အတွက် မြန်မာသံရုံး၏ ကြော်ငြာချက် အပြည့်အစုံမှ အောက်ပါ အတိုင်းဖြစ်သည် ။ 

 ပြည်ထာင်စု သမ္မတ မြန်မာနိုင်ငံတော်သံရုံး ကြော်ငြာချက် 

 ၁၊ မလေးရှားပြည်ထဲရေး ဝန်ကြီးဌာနမှ ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၁ ရက်နေ့မှ ၂၀၁၄ ခု နှစ် ဇန်နဝါရီ ၂၁ အထိဆောင်ရွက်ပေးလျှက်ရှိသည့် "6P Special Programme Management of Illegal Undocumented Foreign Workers " အစီအစဉ်မှာ ပြီးဆုံးတော့မည်ဖြစ်ပါကြောင်း ၊ အစီအစဉ်ပြီးဆုံးသည့် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂၁ ရက် သန်းခေါင်ချိန် ၁၂:၀၁ အချိန်မှ စတင်၍ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများပါဝင်သော စစ်ဆင်ရေး အဖွဲ့များဖြင့် နိုင်ငံအနှံ့ တရားမဝင် နိုင်ငံခြားသားများ အား စစ်ဆေး ဖမ်းဆီးသွားမည် ဖြစ်ကြောင်း မလေးရှားပြည်ထဲရေးဝန်ကြီးဌာန မှ အသိပေး ကြော်ငြာ ထားပါသည် ။ 

၂၊ အဆိုပါဖမ်းဆီးများအတွင်း ဖမ်းဆီးခြင်းမခံရမီ မိမိတို့သက်ဆိုင်ရာ နိုင်ငံသို့ ပြန်လည်ထွက်ခွာရန် အတွက် မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနထံ သွားရောက် လျှောက်ထားနိုင်ပါကြောင်း ၊ ထိုသို့လျှောက်ထားရာတွင် အပြန်လေယာဉ် လက်မှတ် နှင့် နိုင်ငံကူးလက်မှတ် (သို့) နိုင်ငံသားဖြစ်ကြောင်း အထောက်အထားလက်မှတ် ( C of I ) တင်ပြရန် လိုမည်ဖြစ်ကြောင်း ၊ မိမိဆန္ဒအလျှောက် ပြန်လည်ထွက်ခွာ ရန် လျှောက်ထားလာသူများအား သတ်မှတ်ဒဏ်ကြေး (Compound Fees) သာကောက်ခံသွားမည်ဖြစ်ပြီး ပစ်ဒဏ်ချမှတ်ခြင်း လုံးဝပြုမည် မဟုတ်ပါကြောင်း ၊ ဒဏ်ကြေးမည်မျှ ကျခံရမည်ကို ထပ်မံအသိပေးကြော်ငြာသွားမည်ဖြစ်ကြောင်း မလေးရှားပြည်ထဲရေး ဝန်ကြီးဌာန မှ မြန်မာသံရုံးအပါအဝင် နိုင်ငံခြားသံရုံးများသို့ အသိပေးအကြောင်းကြားလာပါသည် ။ 

၃၊ သို့ပါ၍ မလေးရှားနိုင်ငံတွင် တရားမဝင်နေထိုင်လျှက်ရှိသော မြန်မာနိုင်ငံသားများအနေဖြင့် မိမိဆန္ဒအလျှောက် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာနိုင်ရန်အတွက် မြန်မာသံရုံးသို့ လာရောက် စုံစမ်းနိုင်ပါကြောင်း နှင့် နိုင်ငံသားဖြစ်ကြောင်း အထောက်အထား လက်မှတ် ( C of I) များ လျှောက်ထားနိုင်ပါကြောင်း အသိပေးအပ်ပါသည် ။ 

ပည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သံရုံး ကွာလာလမ်ပူမြို့ ၊ မလေးရှားနိုင်ငံ ။ ရက်စွဲ ၊ ၂၀၁၄ ၊ ဇန်နဝါရီလ ၁၅ ရက်နေ့ ************************************* 

ဆက်လက်ပြီး မလေးရှားအစိုးရ၏ ကြော်ငြာချက်များ ၊ မြန်မာသံရုံးကြော်ငြာချက်များ ၊ အဖမ်းအဆီးသတင်းများ ၊ မြန်မာပြည်ပြန်ရန် လုပ်ငန်းစဉ်များ အားလုံး ကို ကျွန်တော်တို့ မလေးရှားရောက် မြန်မာများ Facebook စာမျက်နှာတွင် တိကျစွာ ဆက်လက် တင်ဆက်သွားမည်ဖြစ်ကြောင်း မလေးရှားရောက် မြန်မာများ အားလုံးကို သတင်းကောင်းပါ အပ်ပါသည် ။ 

Credit : မလေးရှားရောက်မြန်မာများ Facebook စာမျက်နှာ 

 Admin 
Nay Zaw Lin1 
Free Online Radio Media (Malaysia) 
Website - www.malaysiaonlineradiomedia.com 
Facebook Page - www.facebook.com/pages/Nayzawlin1/29253007413172
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။