Home » , , » မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် စာပေဟောပြောပွဲ ကျင်းပပြီးစီး

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် စာပေဟောပြောပွဲ ကျင်းပပြီးစီး

Written By မောင်စေတနာ on Sunday, July 14, 2013 | 6:10:00 PM

 

နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အဖွဲ့မှကြီးမှူး ကျင်းပသော အာဇာနည်နေ့ အထိမ်းအမှတ် စာပေဟောပြောပွဲ အစီအစဉ်ကို ကွာလာလမ်ပူမြို့တွင် ယနေ့ နေ့လည် ၁၂း၃၀ အချိန်တွင် ပြုလုပ်ခဲ့သည်။ 

အခမ်းအနားကို နိုင်ငံတော်သီချင်း သံပြိုင် သီဆိုပြီး စတင်ခဲ့ပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုဂျင်မီ မှ စတင်ဟောပြောခဲ့ရာ " ပညာတန်ခိုးနှင့် ပရဟိတလူမျိုး " ခေါင်းစဉ် ဖြင့်လည်းကောင်း (ရန်ကုန်) နာရေး ကူညီမှုအသင်း ဒု-ဥက္ကဌ စာရေးဆရာမ သန်းမြင့်အောင် မှ " အရပ်ဖက် လူ့အဖွဲ့ အစည်းများနှင့် ငြိမ်းချမ်းသော လူ့ဘောင် " ခေါင်းစဉ် ဖြင့်လည်းကောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင်မှ " နောက်ဆုံးခံတပ် " ခေါင်းစဉ်ဖြင့် စာပေအကြောင်း ဗဟုသုတ အကြောင်းများကို ဟောပြောခဲ့ရာ စာပေဟောပြောပွဲသို့ တက်ရောက်လာကြသော မြန်မာများမှ လက်ခုပ်သံများဖြင့် အားပေးခဲ့သည်။ 

ညနေ ၅ နာရီခွဲ အချိန်တွင် အခမ်းအနားအား အောင်မြင်စွာဖြင့် ပိတ်သိမ်းခဲ့ပြီး ၎င်းအခမ်းအနားကို မလေးရှားနိုင်ငံမှ အဖွဲ့အစည်းများ ၊ နှလုံးလှ ပရဟိတ အသင်းမှ အသင်းဝင်များ စာပေ ဝါသနာရှင်များနှင့် စာပေဟောပြောပွဲ ဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှ လှူဒါန်းကြသော အလှူရှင်များ တက်ရောက် အားပေးခဲ့သည်။ 

စာရေး ဆရာမ သန်းမြင့်အောင် ကိုမင်းကိုနိုင် ကိုဂျင်မီ တို့သည် ၁၅.၇.၂၀၁၃ ရက်နေ့တွင် မလေးရှားနိုင်ငံ ပီနန်မြို့ မြန်မာဘုန်းတော်ကြီးကျောင်းတွင်လည်း မလေးရှားနိုင်ငံရောက် မြန်မာများအား စာပေ ဗဟုသုတများကို ဟောပြောမည်ဖြစ်ကြောင်း သိရှိရသည်။ 

(သတင်း ၊ ဓာတ်ပုံ) 
နေဇော်လင်း 
Free Online Radio Media (Malaysia News) 
http://www.malaysiaonlineradiomedia.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။