Home » , » မလေးရှားနိုင်ငံ ပီနန်မြို့တွင် စာပေဟောပြောပွဲ ကျင်းပပြီးစီး

မလေးရှားနိုင်ငံ ပီနန်မြို့တွင် စာပေဟောပြောပွဲ ကျင်းပပြီးစီး

Written By မောင်စေတနာ on Tuesday, July 16, 2013 | 3:17:00 PM

 
နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အဖွဲ့မှကြီးမှူး ကျင်းပသော အာဇာနည်နေ့ အထိမ်းအမှတ် စာပေဟောပြောပွဲ အစီအစဉ်ကို ၁၅.၇.၂၀၁၃ တနင်္လာနေ့ နေ့လည် ၁နာရီ အချိန်တွင် ပီနန်မြို့ ဓမ္မိကာရာမ မြန်မာဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။ 

၎င်း အခမ်းအနားကို နာရေး ကူညီမှုအသင်း ဒု-ဥက္ကဌ (ရန်ကုန်) စာရေး ဆရာမ သန်းမြင့်အောင် နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုဂျင်မီ ၊ ကိုမင်းကိုနိုင် တို့မှ စာပေအကြောင်း ဗဟုသုတ အကြောင်းများနှင့် ပီနန်မြို့မှ အဖွဲ့အစည်းများ ပရိသတ်များထဲမှ မေးလာသော မေးခွန်းများ ကို ဖြေဆိုပေးခဲ့သည်။ 

ညနေ ၅ နာရီခွဲ အချိန်တွင် အခမ်းအနားအား အောင်မြင်စွာဖြင့် ပိတ်သိမ်းခဲ့ပြီး ၎င်းအခမ်းအနားကို မလေးရှားနိုင်ငံ ပီနန်မြို့မှ အဖွဲ့အစည်းများ ၊ နှလုံးလှ ပရဟိတ အသင်းမှ အသင်းဝင်များ စာပေ ဝါသနာရှင်များ လာရောက် အားပေးခဲ့သည်။

စာရေးဆရာမ သန်းမြင့်အောင် ကိုမင်းကိုနိုင် ကိုဂျင်မီ တို့သည် ညနေ ၆ နာရီအချိန်တွင် ပီနန်မြို့ ၊ ပီနန်ကောင်တာရှိ ရွှေညီအစ်ကိုဆိုင်တွင် ပရဟိတ အသင်းများနှင့် တွေ့ဆုံခဲ့ပြီး ၎င်းအသင်းများမှ မေးလာသော နိုင်ငံအကြောင်း ၊ ပရဟိတများ အကြောင်း ၊ လူမှုရေး ကိစ္စများ ၊ အလုပ်သမား ကိစ္စမေးခွန်းများနှင့် လိုအပ်သော ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ ပီနန် နာရေးကူညီမှုအသင်းသို့ သွားရောက် တွေ့ဆုံခဲ့သည်။ 

ည ၉ နာရီအချိန်တွင် ဝါးတောမှ ဒါနကုသလ နာရေးကူညီမှုအသင်းသို့ စာရေးဆရာမ သန်းမြင့်အောင် ကိုမင်းကိုနိုင် ကိုဂျင်မီ တို့သွားရောက်ခဲ့ပြီး ဝါးတော ၊ ဂျာဝှီးရှိ ပရဟိတအသင်းများ နှင့် တွေ့ဆုံကာ ပရဟိတလုပ်ဆောင်ချက်များ ၊ နာရေးကူညီမှုများ ၊ အလုပ်သမားကိစ္စများကို လုပ်ဆောင်ချက်များကို ဆွေးနွေးခဲ့ကြပြီး ည(၁၀)နာရီ ၎င်းနေရာမှ ကေအယ်သို့ ပြန်ခဲ့ကြောင်း သိရှိရပါသည်။ 

၁၆.၇.၂၀၁၃ ရက်နေ့တွင် မလေးရှားနိုင်ငံ ပူထရာဂျာယာရှိ နိုင်ငံခြားရေးရာ အဆင့်မြင့် အရာရှိနှင့် မလေးရှားနိုင်ငံရောက် မြန်မာ အလုပ်သမားများကိစ္စများကို ဆွေးနွေးမှာဖြစ်ပြီး ဆက်လက်၍ ဆာလာရမ်းရှိ ၈၈မျိုးဆက်များနှင့် တွေ့ဆုံမှာ ဖြစ်ကြောင်း သိရှိရသည်။ 

ညနေပိုင်း အချိန်တွင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုဂျင်မီ ၊ ကိုမင်းကိုနိုင် နှင့် အဖွဲ့များသည် စင်္ကာပူနိုင်ငံသို့ ထွက်ခွာမည်ဖြစ်ကာ ကေအယ်ရှိ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အဖွဲ့ တာဝန်ရှိသူများမှ လိုက်ပါပို့ဆောင်မည် ဖြစ်ကြောင်း သိရှိရသည်။ 

(သတင်း ၊ ဓာတ်ပုံ) 
နေဇော်လင်း 
Free Online Radio Media (Malaysia News) 
http://www.malaysiaonlineradiomedia.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။