Home » , » မလေးရှားနိုင်ငံသို့ ဒေါ်သန်းမြင့်အောင် ကိုမင်းကိုနိုင် ကိုဂျင်မီ တို့ရောက်ရှိလာ

မလေးရှားနိုင်ငံသို့ ဒေါ်သန်းမြင့်အောင် ကိုမင်းကိုနိုင် ကိုဂျင်မီ တို့ရောက်ရှိလာ

Written By မောင်စေတနာ on Saturday, July 13, 2013 | 7:42:00 PM

 

နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အဖွဲ့မှကြီးမှူး ကျင်းပသော အာဇာနည်နေ့ အထိမ်းအမှတ် စာပေဟောပြောပွဲအတွက် (ရန်ကုန်) နာရေးကူညီမှုအသင်း ဒု-ဥက္ကဌ စာရေးဆရာမ သန်းမြင့်အောင် နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင် ၊ ကိုဂျင်မီ နှင့် အဖွဲ့များသည် မလေးရှားနိုင်ငံကို ယနေ့နေ့လည် ၁၂း၃၀ မီနစ်အချိန်တွင် မလေးရှားနိုင်ငံသို့ ရောက်ရှိလာရာ KLIA လေဆိပ်တွင် နှလုံးလှ အဖွဲ့ဝင်များနှင့်အတူ ၈၈ မျိုးဆက်ခေါင်းဆောင်များ ၊ NLD မလေးရှားမှ ခေါင်းဆောင်များနှင့် အခြားအသင်း အဖွဲ့ဝင်များမှ ကြိုဆိုခဲ့ကြပါသည်။ 

ယနေ့ ညနေ ၄ နာရီခွဲ အချိန်တွင် ကေအယ် ကွာလာလမ်ပူရှိ နှလုံးလှ ပရဟိတ ရုံးခန်းတွင် မလေးရှားနိုင်ငံရှိ အဖွဲ့အစည်းများ ၊ စာနယ်ဇင်း မီဒီယာများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့သည်။ ယင်းအစီအစဉ်တွင် ကိုမင်းကိုနိုင် ၊ ကိုဂျင်မီတို့မှ အဖွဲ့အစည်းများမှ မေးမြန်းသော ကိစ္စများကို ဖြေကြားခဲ့ပြီး ည ၇ နာရီအချိန်တွင် အခမ်းအနား ပြီးဆုံးခဲ့သည်။ 

စာရေးဆရာမ သန်းမြင့်အောင် ကိုမင်းကိုနိုင် ကိုဂျင်မီ တို့သည် ၁၄.၇.၃၀၁၃ ရက်နေ့တွင် ကွာလာလမ်ပူမြို့တွင် စာပေဟောပြောမည်ဖြစ်ပြီး ၁၅.၇.၂၀၁၃ ရက်နေ့တွင် ပီနန်မြို့တွင် မလေးရှားနိုင်ငံရောက် မြန်မာများအား စာပေဗဟုသုတများကို ဟောပြောမည်ဖြစ်ကြောင်း သိရှိရသည်။ 

(သတင်း ၊ ဓာတ်ပုံ)
နေဇော်လင်း 
Free Online Radio Media (Malaysia News) 
http://www.malaysiaonlineradiomedia.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။