Home » » ရန်ကုန်၌ အထပ်အမြင့်ဆုံး အဆောက်အအုံ ၂၀၁၃ တွင်ဆောက်ရန်စီစဉ်

ရန်ကုန်၌ အထပ်အမြင့်ဆုံး အဆောက်အအုံ ၂၀၁၃ တွင်ဆောက်ရန်စီစဉ်

Written By မောင်စေတနာ on Tuesday, November 6, 2012 | 11:50:00 AM


ရန်ကုန်၌ အထပ်အမြင့်ဆုံး အဆောက်အအုံ ၂၀၁၃ တွင်ဆောက်ရန်စီစဉ်မြန်မာနိုင်ငံတွင် အမြင့်ဆုံးဖြစ်မည့် အထပ်မြင့် အဆောက်အအုံကို လာမည့် နှစ်လယ်မတိုင်ခင် စဆောက်တော့မည်ဖြစ်ကြောင်း The National Trading ကုမ္ပဏီလီမိတက်မှ သိရသည်။ 

ကုန်သည်လမ်း နှင့် ၃၆ လမ်းထောင့်တွင် တည်ဆောက်မည့် အဆိုပါ အဆောက်အအုံကို မြန်မာ၊ စင်ကာပူနှင့် ဂျပန် ကုမ္ပဏီတို့ ပူးပေါင်းတည်ဆောက်မည်ဖြစ်ပြီး ဂျပန်နည်းပညာဖြင့် လ (၃၀) အပြီးတည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။ 

ရင်းနှီးမြှပ်နှံမှု ဒေါ်လာသန်း ၁၀၀ အထက်ရှိမည့် အဆိုပါ အဆောက်အအုံ ၏အထပ်အမြင့်မှာ ရန်ကုန်ရှိ အမြင့်ဆုံး အဆောက်အဦး အထပ်ရေ ၂၁ ထပ် ထက်များစွာမြင့်မည်ဟု သိရသည်။ အထပ်အရေအတွက်ကိုမူ နောက်ပိုင်း တွင် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း National Trading ကုမ္ပဏီမှသိရသည်။ 

Source by :http://yoyarlay.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။