Home » , » MPU ကတ်များအတွက် Secondary Data Center ကို နေပြည်တော် ဗဟိုဘဏ်တွင် တပ်ဆင်ရန်ရှိ

MPU ကတ်များအတွက် Secondary Data Center ကို နေပြည်တော် ဗဟိုဘဏ်တွင် တပ်ဆင်ရန်ရှိ

Written By မောင်စေတနာ on Sunday, September 30, 2012 | 9:24:00 PM


MPU ကတ်များအတွက် Secondary Data Center ကို နေပြည်တော် ဗဟိုဘဏ်တွင် တပ်ဆင်ရန်ရှိလက်ရှိ အသုံးပြုလျက် ရှိသည့် MPU ကတ်များ အတွက် Data Center တစ်ခုကို ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်တွင် ထားရှိပြီး နောက်ထပ် Secondary Data Center ကို နေပြည်တော်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်တွင်ထားရှိသွားမည် ဖြစ်ကြောင်း သိရသည်။ 

လက်ရှိတွင် MPU ကတ်များကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် စက်တင်ဘာလ ဒုတိယပတ်အတွင်းက စတင်သုံးစွဲလျက်ရှိရာ နောက်ပိုင်းတွင် ကျန်မြို့များသို့လည်း ဆက်လက်တိုးချဲ့ သုံးစွဲသွားမည်ဖြစ်ပြီး MPU အဖွဲ့ဝင်ဘဏ် ၁၇ ဘဏ်တွင် အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။ 

 ပြည်တွင်းရှိ ATM စက်များတွင် ငွေထုတ်ရန်နှင့် ဈေးဝယ်ရာတွင် အသုံးပြုနိုင်ရန်အတွက် MPU (Myanmar Payment Union) ကတ်များကို နိုင်ငံတကာတွင် ကတ်များဖြစ်သော Visa, Master, JCB, ASEAN Card CPU ကဲ့သို့ ကတ်များကိုလည်း MPU ကွန်ရက်တွင် ချိတ်ဆက်အသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ပြီး CPU (China Unionpay) ကတ်များနှင့် ချိတ်ဆက်ရန်ရှိကြောင်း သိရသည်။ 

 အဆိုပါ MPU ကတ်များ အသုံးပြုလိုသူများအတွက် ATM ကတ် ကိုင်ဆောင်ထားသူများကို ဘဏ်များက MPU ကတ်နှင့် လဲလှယ်ပေးမည်ဖြစ်ပြီး စတင် အသုံးပြုချိန်တွင် ATM စက်ပေါင်း ၁၂၇ လုံးဖြင့် စတင်အသုံးပြုနိုင်မည်ဖြစ်သည်။ CPU (China Unionpay) ကတ်များနှင့် ချိတ်ဆက်အသုံးပြု ရန်လာမည့် ၂၀၁၂ ခုနှစ်တွင် အသုံးပြုနိုင်ရန် စီစဉ်လျက်ရှိပြီး Visa နှင့် Master ကတ်များနှင့် ချိတ်ဆက်မှုအတွက် ဆွေးနွေးနေဆဲသာ ဖြစ်ကြောင်း MPU စီမံခန့်ခွဲမှု ကော်မတီမှ သိရသည်။ 

Source by :http://yoyarlay.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။