Home » , » မွေးနေ့မှာ တရားစခန်း ငါးရက် ဝင်ခဲ့တဲ့ ဝတ်မှူန် ရွှေရည်

မွေးနေ့မှာ တရားစခန်း ငါးရက် ဝင်ခဲ့တဲ့ ဝတ်မှူန် ရွှေရည်

Written By မောင်စေတနာ on Monday, August 20, 2012 | 1:39:00 PM



မွေးနေ့ မှာ ဘာသာရေးလုပ်မယ့် ဝတ်မှူန်ရွှေရည်ရုပ်သံကြေငြာ များတွင် ပရိတ်သတ် အားပေးမှူ အထူးရရှိနေသူ ဝတ်မှူန်ရွှေရည် ကသူမမွေးနေ့ တွင် အားပေးမှူ အထူးရရှိနေသူ ဝတ်မှူန်ရွှေရည်က သူမမွေးနေ့ တွင် ဘာသာရေး လုပ်ချင်သည့် အတွက် တရားစခန်းငါးရက် ဝင်မည် ဖြစ်ကြောင်းပြောသည်။ "တရားစခန်းကို ၁၂ ရက်နေ့ စဝင်မယ်။ ဒီကျောင်းမှာပဲ ငါးရက်လောက်ပေါ့။

တစ်နှစ်လုံးကျတော့လည်း ဘာသာရေး ကမလုပ်ဖြစ် ဘူးလေ ။မွေးနေ့ မှာဒီနှစ်တော့ ဘာသာရေးလေး သေချာလေး လုပ်ချင်တယ်ပေါ့ " ဟု ဝတ်မှူန်ရွှေရည် ကဆိုသည်။ သြဂုတ်လ ၁၀ ရက်နေ့ တွင် ကျရောက်သည့် သူမ၏ မွေးနေ့ အတွက် မှော်ဘီမြို့ ရှိ အောင်ဇမ္ဗူတောရ ဘုန်းကြီးကျောင်းတွင် နေ့ ဆွမ်း။ အရုဏ်ဆွမ်း ဆက်ကပ် လှူဒါန်းပြီး နှင်းဆီကုန်း ဘိုးဘွားရိပ်သာနှင့် မေရီချက်မင်းကျောင်း တို့တွင်လည်း အလှူငွေများ လှူဒါန်းမည် ဖြစ်ကြောင်း ဝတ်မှူန်ရွှေရည် က ပြောသည်။

"ဒီမွေးနေ့ လေး လုပ်တာက ပရိတ်သတ် ရဲ့ ကုသိုလ်လည်းပါပါတယ်။ ပရိတ်သတ်ပေးတဲ့ မေတ္တာ ကြောင့် ဒီလို အလှူလေးတွေကို ကုသိုလ်ယူနိုင်တာပါ။ ကစ်လည်းပရိတ်သတ် ကို ကစ်လှူတဲ့ ကုသိုလ်ကို မေတ္တာပို့ ပေးပါတယ်။" ဟုပရိတ်သတ်အတွက် မေတ္တာပို့ စကား အဖြစ် ဝတ်မှူရွှေရည် ကပြောသည်။

Source by :http://www.yoyarlay.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။