Home » , , » အလှူ့ဒါယကာ ဦးလှိုင်ဦး အလှူ့ဒါယိကာမ ဒေါ်နွေးနွေးလှိုင် တို့၏ ဒုလ္လဘ ရဟန်းခံ အလှူတော် မင်္ဂလာ

အလှူ့ဒါယကာ ဦးလှိုင်ဦး အလှူ့ဒါယိကာမ ဒေါ်နွေးနွေးလှိုင် တို့၏ ဒုလ္လဘ ရဟန်းခံ အလှူတော် မင်္ဂလာ

Written By မောင်စေတနာ on Monday, August 20, 2012 | 7:36:00 PM



၁၉.၈.၂၀၁၂ တနင်္ဂနွေနေ့က ရှားအလမ်းရှိ ဒုလ္လဘ ရဟန်းခံ အလှူဖြစ်တဲ့ အလှူ့ဒါယကာ ဦးလှိုင်ဦး အလှူ့ဒါယိကာမ ဒေါ်နွေးနွေးလှိုင် တို့၏ အလှူသို့ သွားရောက်ခဲ့ပါတယ်။ အခုလို နိုင်ငံခြားကို ရောက်နေကြတဲ့ မြန်မာတွေအတွက် အလှူတစ်ခုဖြစ်မြောက်ဖို့ အင်မတန်မှ ခက်ခဲ့ပါတယ်။ အခုလို မလေးရှားနှစ်သစ်ကူး ပိတ်ရက်မှာ ဒုလ္လဘ ရဟန်းခံ အလှူလေးကို ပြုလုပ်ဖြစ်တဲ့ အလှူ့ဒါယိကာမ ဒေါ်နွေးနွေးလှိုင်က ဒီလို ဆိုပါတယ်။


ဆရာတော် ဟောကြားသော တရားတော်များကို နာယူနေစဉ်

ကိုယ်ရဲ့မွေးရပ်မြေ မဟုတ်ပဲ ဒီလိုသူများနိုင်ငံမှာ အလှူဒါန ပြုလုပ်ဖြစ်တာ ရည်ရွှယ်ချက်လည်း မရှိသလို မျှော်လင့်မှုလည်း မရှိဘူးပေါ့နော်။ ဒါပေမဲ့ အစ်မရဲ့ အမျိုးသားက ရဟန်းဝတ်ချင်တယ် ဆိုတော့ လုပ်ဖြစ်တယ်ပေါ့။ အစ်မရဲ့ အမျိုးသား အပါအဝင် ၅ ယောက်ပေါ့။ ရဟန်းခံပေး ဖြစ်ပါတယ်။ တစ်ခြား ရဟန်းမဝတ်ရသေးတဲ့ ကလေးတွေ အတွက်လည်း အစ်မ ပါရမီဖြည့်ပေး ချင်လို့ အခုလို အလှူလေးကို ပြုလုပ်ဖြစ်တာပါ။ အစ်မတို့က ဗုဒ္ဓဘာသာတွေ ဖြစ်တယ် ဆိုတော့ အခု အမိမြေ မဟုတ်တဲ့ နေရာမှာ လုပ်ဖြစ်တာဆိုတော့ အရမ်းပဲ ဝမ်းသာ ပီတိ ဖြစ်မိပါတယ်။

အလှူနဲ့ ပက်သက်ပြီးတော့ အဖက်ဖက်က ပါဝင် ကူညီ လုပ်ဆောင်ပေးကြတဲ့ ရွှေမြန်မာ ညီအစ်ကို မောင်နှမတွေကို ကျေးဇူးတင်ရှိပါတယ်။ အစ်မ တစ်ယောက်တည်း အားနဲ့ ဒီလိုဖြစ်မှာ မဟုတ်ဘူးလေ အားလုံး ညီအစ်ကို မောင်နှမတွေရဲ့ ကြိုးစားမှုကြောင့် ဒီအလှူပွဲဖြစ်မြောက်တာပါ။ ဒါကြောင့် လာရောက် ကူညီသူတွေကို ကျေးဇူးတင် လေးစားပါတယ်။ အဖက်ဖက်က ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးတဲ့ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အဖွဲ့ ကိုလည်း အထူးပဲ ကျေးဇူးတင်ပါတယ်။



အလှူတော် မင်္ဂလာ အစီအစဉ်ကို နံနက် ၁၀ နာရီအချိန်တွင် စရိယာရာမကျောင်း ဆရာတော် နှင့် သံဃာတော်များ ကြွရောက်လာပြီး ငါးပါး သီလပေးကာ အလှူနဲ့ ပက်သက်သော တရားတော်ကို ဟောကြားခဲ့ပါတယ်။ ဆရာတော် ဟောပြောရာတွင် အခုလို နိုင်ငံခြားကို ရောက်နေတဲ့ အချိန်မှာ လူမျိုးရေး ဘာသာရေးနဲ့ ကိစ္စများ ပရဟိတလုပ်ငန်း များတွင် ပါဝင်ကူညီဖို့ အကြောင်းအရာများကို အသိပေးဟောပြောခဲ့ပါတယ်။ တရားတော် ဟောကြားပြီး အချိန်တွင် ရေစက်ချ အမျှဝေ အပြီးတွင် နေ့ဆွမ်း ဆက်ကပ် လှူဒါန်း ခဲ့ပါသည်။


နေ့ဆွမ်းဆက်ကပ် လှူဒါန်းနေစဉ်

မလေးရှားနိုင်ငံ အတွင်း မြန်မာ ဘုန်းတော်ကြီးကျောင်းများနှင့် ရွှေမြန်မာများ နေထိုင်ရာ အလုပ် အိမ်နေရာများတွင် အခုလို ဝါဆိုလအတွင်း ဝါဆိုသင်္ကင်္န်း ကပ်ပွဲများနှင့် အလှူဒါန ပြုလုပ်လှူဒါန်းပွဲများကို မလေးရှားနိုင်ငံ နေရာ အသီးသီးတွင် ပြုလုပ်လျှက်ရှိကြပြီး မလေးရှားရောက် မြန်မာများ အနေဖြင့် လူမျိုးရေး ဘာသာရေးများတွင် တတ်နိုင်သလောက် အဖက်ဖက်မှ အကျိုးပြုနိုင်စေရန် အတွက် (မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ) မှ အသိပေး ရေးသား တင်ပြလိုက် ရပါသည်။


(အလှူဒါယိကာမ သူနာပြု ဆရာမ ဒေါ်နွေးနွေးလှိုင်)


http://api.ning.com/files/YJJKArGjbe9oJHX*ZH9p9VZANNFWn62DDvWbVz0LnAdrS7yAR4AfG4aE0VPlsZawVqYt9euly9itq*RQg3mdpeCC0uL8Ln2Q/nayzaw147.gif

နေဇော်လင်း

( မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ )

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။