Home » , » ဆန္ဒပြခွင့် နည်းဥပဒေ ထွက်ပြီ

ဆန္ဒပြခွင့် နည်းဥပဒေ ထွက်ပြီ

Written By မောင်စေတနာ on Tuesday, July 10, 2012 | 2:09:00 PM

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေပြီ။ လွှတ်တော်တွေကလည်း ငြိမ်းချမ်းစွာ ဆန္ဒပြခွင့် ဥပဒေပြဌာန်းလိုက်ပါပြီလို့ ဆိုခဲ့ပေးမယ့် နည်းဥပဒေ မရှိသေးလို့ ဆန္ဒပြခွင့် မရခဲ့တာ အခုတော့ ဆန္ဒပြခွင့် ရဖို့ နည်းဥပဒေ ထွက်ပေါ်လာပါပြီ။

ယခင်က ဆန္ဒပြခွင့် ဥပဒေအရ ဆန္ဒပြလိုကြတဲ့ သူတွေအနေနဲ့ ပြည်ထဲရေး ဌာနကို အကြိမ်ကြိမ်လျှောက်ထား ခဲ့ကြပေမယ့် နည်းဥပဒေ မရှိသေးလို့ ဆန္ဒပြခွင့်တွေ မရခဲ့ကြပါဘူး။

ထူးခြားတာက ပြည်ထဲရေး ၀န်ကြီး ဒု ဗိုလ်ချုပ်ကြီး ကိုကိုရဲ့ လက်မှတ်နဲ့တကွ ဒီနည်းဥပဒေကို ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့ကတည်းက ပြီးစီးခဲ့ပေမယ့် ဒီကနေ့ ဇူလိုင်လ ၁၀ ရက်နေ့ကျမှ နိုင်ငံပိုင် သတင်းစာတွေ က ဖော်ပြ လာတာပါ။

လွန်ခဲ့တဲ့ ဇူလိုင်လ ၇ ရက်နေ့က သမိုင်းဝင် ဆဲဗင်း ဇူလိုင်နေ့ပြီးမှ အခုလို ပြည်သူကို အသိပေးလိုက် တာလည်းဖြစ်ပါတယ်။ ပြည်ထဲရေး ဌာနကိုတော့ နည်းဥပဒေ ပြီးကတည်းက ဖြန့်ဝေပြိးသားဖြစ်ပြီး အခု ပြန်လည်ကျင်းပနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို လည်း ဝေပေးထားခဲ့ပါတယ်။ ပြုပြင်ပြောင်း လဲရေး နဲ့အတူ မရိုးသားတဲ့ လက္ခဏာတွေ မြင်နေရသေးတာ စိတ်မကောင်းစရာပါ။

ဘာပဲ ပြောပြော အခုတော ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ရပါပြီ။ နည်းဥပဒေအရ အခန်း ၄ ခန်းပါဝင်ပြီး ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်တို့နဲ့ပတ်သက်ပြီး မြို့နယ် ရဲတပ်ဖွဲ့မှူးဆီကို ခွင့်ပြုမိန့်တောင်းခံတာ ၊ ရဲတပ်ဖွဲ့မှူးနဲ့ သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီး ၀န်ကြီးချုပ်တွေနဲ့ ညှိနှိုင်းပြီး ခွင့်ပြုမိန့်ချပေးတာ၊ ငြင်းပယ်တာ၊ အယူခံဝင်တာဆိုတာတွေ ပါဝင်ပါတယ်။

Source by :http://blog.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။