မလေးရှားနိုင်ငံ အီပို့မြို့တွင် ရခိုင်လူငယ် တစ်ဦး ထပ်မံ အသတ်ခံရ
ရခိုင်လူငယ် တစ်ဦးဖြစ်သူ ဆာဌေးအောင် ( Shar Htay Aung)
သည် ယခုလ ၂၆ ရက်နေ့က သတ်ဖြတ်ခံခဲ့ရကြောင်း နိရဉ္စရာက သတင်းရရှိသည်။
သူ၏ အလောင်းအား မလေးရှားနိုင်ငံ ပါဟန်းပြည်နယ် အီပို့ မြို့ ကား Parking တစ်ခု အနားတွင် တွေ့ရှိခဲ့ရသည်ဟု ရဲက ပြောကြောင်း ရခိုင် ဒုက္ခသည်များ ကူညီရေးရုံး အတွင်းရေးမှူးဟောင်း နားရေးကိစ္စဆောင်ရွက်ပေးနေသူ ကိုစိုးသန်းမှ ပြောသည်။
“ ရဲက ကျနော်ကို ဖုန်းဆက်တယ်။ ဒီမှာ မင်းတို့  မြန်မာလူမျိုးတစ်ယောက် အသက်ခံရတာတွေ့ တယ်တဲ့။ သွားကြည့်တော့ သေဆုံးနေတာ ကမှောက်လျှက်ပါ။ ခေါင်းမှာလည်း အချက်ပေါင်းစွာ အခုတ်ခံထားရတယ်။ လည်းပင်းကိုလည်း အလှီးခံထားရတယ်” ဟု ပြောသည်။
မလေးရဲတပ်ဖွဲ့မှ သူ့အလောင်းအား အောက်တိုဘာလ ၂၆ ရက်နေ့ ညဥ့် ၁၁ နာရီအချိန်တွင် တွေ့ ရှိခဲ့ကြောင်း သက်ဆိုင်ရာ ရဲများက သတင်းပေးပို့ခဲ့သည်ဟု သူက ဆိုသည်။
သေဆုံးသူ၏ နေရပ်လိပ်စာကိုအတိအကျ မသိရှိရသေးကြောင်းနှင့် သက်ဆိုင်ရဲအရာရှိများနှင့်ေ တွ့မှ ထပ်မံစုံစမ်းရမည်ဟု ကိုစိုးသန်းမှ ပြောသည်။
သေဆုံးသူ၏အကျီင်္အိတ်ထဲမှ မလေးရှားနိုင်ငံရှိ ရခိုင်ဒုက္ခသည်များ ရုံးမှ ထုတ်ပေးသည့် ကဒ်ပြားနှင့် ယူအန်ကတ်ကို တွေ့ရှိရပြီး သေဆုံးသူ ဆာဌေးအောင်မှာ အသက်(၂၈) ဖြစ်ပြီး ဒုက္ခသည် တစ်ဦးဖြစ်ကြောင်း သိရသည်။
သေဆုံးသူသည် အလုပ်မှပြန်လာချိန်တွင် လူသတ်သမားများသည် နောက်ကနေ နောက်ယောင်ခံ လိုက်လာပြီး လုပ်ကြံသက်ဖြတ်ခဲ့ပုံရကြောင်း၊ မည်သူမည်ဝါလုပ်ကြံသည်ကို မသိရသော်လည်း မကြာခင် အချိန်အတောအတွင်း တရားခံအား အမြန်ဆုံးဖော် ထုတ်ဖမ်းဆီးသွားမည်ဖြစ်ကြော င်း မလေးရှားနိုင်ငံ ပါဟန်းပြည်နယ် အီပိုမြို့ တာဝန်ခံ ရဲအရာရှိမှ ကိုစိုးသန်းအား ပြောပြခဲ့သည်ဟု ဆိုသည်။
သို့သော်လည်း မလေးရှားနိုင်ငံတွင် ၂၀၁၂ ခုနှစ် ရခိုင်အရေးအခင်း ဖြစ်ပြီးကတည်းက မြန်မာနိုင်ငံသား ၅၀ နီးပါး အသတ်ခံခဲ့ရသော်လည်း မလေးရှားရဲမှ ထိထိရောက်ရောက် စုံစမ်း အရေးယူဖေါ်ထုတ်မူ မရှိသဖြင့် ဆက်လက်ပြီး သတ်ဖြတ်မူများ ဖြစ်ပေါ်နေသည်ဟု သိရသည်။
မလေးရှားတွင်လစဉ်အလိုက် တစ်လကို(၂) နှစ်ယောက်နှုန်းဖြင့် မြန်မာနိုင်ငံသားများ အသက်ခံနေရကြောင်း၊ တရားခံများကို မလေးရဲက ဖေါ်ထုတ် အရေးယူမှာ လုံးဝ မရှိသလောက်ပင် ဖြစ်ကြောင်း မလေးရှားနေ မြန်မာများက ပြောကြားသည်။
ယခုလ ၂၆ ရက်နေ့ကလည်း ထွန်းနိုင် (ခေါ်) မင်းမင်းလတ်ဆိုသူ၏ အလောင်းကို သူနေသော အငှားအိမ်နှင့် မီတာ ၅၀၀ လောက်တွင် ခေါင်းနှင့် လည်ပင်းဒဏ်ရာများဖြင့် တွေ့ရှိခဲ့ကြောင်း မလေးရှားနိုင်ထုတ် The Star Daily တွင် ဖော်ပြထားသည်။
(နိရဉ္စရာသတင်းဌာန- ၂၈ အောက်တိုဘာ ၂၀၁၄) / ၀ဏ္ဍခွာညို (ရန်ကုန်)
စနေသား @ ယောဟန်
Free Online Media Malaysia (Radio & Tv Live)
Free Online Tv Website - www.nayzawlin.com
Free Media Website - www.malaysiaonlineradiomed ia.com
Free 4D Facebook Page - https://www.facebook.com/ nayzawlin18
Free Health Facebook Page - https://www.facebook.com/ nayzawlin4
ရခိုင်လူငယ် တစ်ဦးဖြစ်သူ ဆာဌေးအောင် ( Shar Htay Aung)
သည် ယခုလ ၂၆ ရက်နေ့က သတ်ဖြတ်ခံခဲ့ရကြောင်း နိရဉ္စရာက သတင်းရရှိသည်။
သူ၏ အလောင်းအား မလေးရှားနိုင်ငံ ပါဟန်းပြည်နယ် အီပို့ မြို့ ကား Parking တစ်ခု အနားတွင် တွေ့ရှိခဲ့ရသည်ဟု ရဲက ပြောကြောင်း ရခိုင် ဒုက္ခသည်များ ကူညီရေးရုံး အတွင်းရေးမှူးဟောင်း နားရေးကိစ္စဆောင်ရွက်ပေးနေသူ
“ ရဲက ကျနော်ကို ဖုန်းဆက်တယ်။ ဒီမှာ မင်းတို့  မြန်မာလူမျိုးတစ်ယောက် အသက်ခံရတာတွေ့ တယ်တဲ့။ သွားကြည့်တော့ သေဆုံးနေတာ ကမှောက်လျှက်ပါ။ ခေါင်းမှာလည်း အချက်ပေါင်းစွာ အခုတ်ခံထားရတယ်။ လည်းပင်းကိုလည်း အလှီးခံထားရတယ်” ဟု ပြောသည်။
မလေးရဲတပ်ဖွဲ့မှ သူ့အလောင်းအား အောက်တိုဘာလ ၂၆ ရက်နေ့ ညဥ့် ၁၁ နာရီအချိန်တွင် တွေ့ ရှိခဲ့ကြောင်း သက်ဆိုင်ရာ ရဲများက သတင်းပေးပို့ခဲ့သည်ဟု သူက ဆိုသည်။
သေဆုံးသူ၏ နေရပ်လိပ်စာကိုအတိအကျ မသိရှိရသေးကြောင်းနှင့် သက်ဆိုင်ရဲအရာရှိများနှင့်ေ
သေဆုံးသူ၏အကျီင်္အိတ်ထဲမှ မလေးရှားနိုင်ငံရှိ ရခိုင်ဒုက္ခသည်များ ရုံးမှ ထုတ်ပေးသည့် ကဒ်ပြားနှင့် ယူအန်ကတ်ကို တွေ့ရှိရပြီး သေဆုံးသူ ဆာဌေးအောင်မှာ အသက်(၂၈) ဖြစ်ပြီး ဒုက္ခသည် တစ်ဦးဖြစ်ကြောင်း သိရသည်။
သေဆုံးသူသည် အလုပ်မှပြန်လာချိန်တွင် လူသတ်သမားများသည် နောက်ကနေ နောက်ယောင်ခံ လိုက်လာပြီး လုပ်ကြံသက်ဖြတ်ခဲ့ပုံရကြောင
သို့သော်လည်း မလေးရှားနိုင်ငံတွင် ၂၀၁၂ ခုနှစ် ရခိုင်အရေးအခင်း ဖြစ်ပြီးကတည်းက မြန်မာနိုင်ငံသား ၅၀ နီးပါး အသတ်ခံခဲ့ရသော်လည်း မလေးရှားရဲမှ ထိထိရောက်ရောက် စုံစမ်း အရေးယူဖေါ်ထုတ်မူ မရှိသဖြင့် ဆက်လက်ပြီး သတ်ဖြတ်မူများ ဖြစ်ပေါ်နေသည်ဟု သိရသည်။
မလေးရှားတွင်လစဉ်အလိုက် တစ်လကို(၂) နှစ်ယောက်နှုန်းဖြင့် မြန်မာနိုင်ငံသားများ အသက်ခံနေရကြောင်း၊ တရားခံများကို မလေးရဲက ဖေါ်ထုတ် အရေးယူမှာ လုံးဝ မရှိသလောက်ပင် ဖြစ်ကြောင်း မလေးရှားနေ မြန်မာများက ပြောကြားသည်။
ယခုလ ၂၆ ရက်နေ့ကလည်း ထွန်းနိုင် (ခေါ်) မင်းမင်းလတ်ဆိုသူ၏ အလောင်းကို သူနေသော အငှားအိမ်နှင့် မီတာ ၅၀၀ လောက်တွင် ခေါင်းနှင့် လည်ပင်းဒဏ်ရာများဖြင့် တွေ့ရှိခဲ့ကြောင်း မလေးရှားနိုင်ထုတ် The Star Daily တွင် ဖော်ပြထားသည်။
(နိရဉ္စရာသတင်းဌာန- ၂၈ အောက်တိုဘာ ၂၀၁၄) / ၀ဏ္ဍခွာညို (ရန်ကုန်)
စနေသား @ ယောဟန်
Free Online Media Malaysia (Radio & Tv Live)
Free Online Tv Website - www.nayzawlin.com
Free Media Website - www.malaysiaonlineradiomed
Free 4D Facebook Page - https://www.facebook.com/
Free Health Facebook Page - https://www.facebook.com/
0 comments:
Post a Comment