Home » , » အချိန်ပြည့် လျှပ်စစ်မီး ပေးတော့မည်ဟု ဆို

အချိန်ပြည့် လျှပ်စစ်မီး ပေးတော့မည်ဟု ဆို

Written By မောင်စေတနာ on Thursday, June 7, 2012 | 12:40:00 AM

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy9cwLv3DNfnn7bbduRuBx8uynIjgUaWdZiX-fMafbH6qjpGEc9rzlmTw3jF1LL_Zq1VAmv3fNk_MJXYsWLUHXmcibU4p5Ctk3N1DzvLXyTdMu_GuImWYtk1uuC9UK1d2sYYnQqri8uAOp/s400/20120523z4.jpg

ယမန်နေ့က စတင်ကာ ရန်ကုန်တိုင်း စည်ပင်သာယာ နယ်နိမိတ်ပြင်ပနဲ့ မန္တလေးတိုင်း မြို့နယ်တချို့ကလွဲရင် ကျန်ဒေသအားလုံးနီးပါးမှာ ၂၄ နာရီအပြည့် လျှပ်စစ်မီး ရရှိမှာဖြစ်တယ်လို့ အမှတ် ၂ လျှပ်စစ် စွမ်းအား ၀န်ကြီးဌာနက ထုတ်ပြန်ချက်ကို MRTV-4 အင်တာနက်စာမျက်နှာမှာဖော်ပြထားပါတယ်။

မကြာသေးခင်က မန္တလေးမြို့မှ စတင်ခဲ့တဲ့ ၂၄ နာရီ လျှပ်စစ်မီး ရရှိရေး ဖယောင်းတိုင် ထွန်းက ငြိမ်းချမ်းစွာ ဆန္ဒပြမှုများက မြန်မာပြည် မြို့ကြီးတွေပါမက မြို့နယ်ပေါင်း ၂၀ ကျော်လောက်ထိ ပြန့်နှံ့လာခဲ့ပါတယ်။

ဒီနောက်ပိုင်း အစိုးရကလည်း မီးစက်တွေ ပေးဝေတဲ့ အစီအစဉ်နဲ့ လတ်တလော အားချင်း ဖြေရှင်းပေး မှုတွေလည်း လုပ် လာတာတွေ့ရပါတယ်။

ဒီနောက်ပိုင်း အစိုးရက လျှပ်စစ်ဖြန့်ဖြူးမှုတွေကို ပုဂ္ဂလိက လုပ်ကိုင်နိုင်ဖို့ ရင်းနှီးမြှုပ်နှံကြဖို့ နိုင်ငံပိုင် သတင်းစာတွေက ဖိတ်ခေါ်မှုတွေလည်း ဆက်တိုက်လုပ်လာပါတယ်။

ဒါကတော့ နောက်ဆုံး ၀န်ကြီးဌာနက ပြောလာတာကတော့ ဇွန်လ ၅ ရက်က စပြီး တနိုင်ငံလုံးနီးပါး ၂၄ နာရီ အပြည့် လျှပ်စစ်မီး ရတော့မယ့် သဘောဖြစ်ပါတယ်။

တာဝန်ရှိသူ တဦး အဆိုအရတော့ ရန်ကုန်တိုင်း အတွင်းက စက်မှုဇုံတွေတော့ လျှပ်စီးမီး အချိန်ပြည့် မပေးနိုင်သေးပါဘူးတဲ့။

အခုလို အစိုးရဘက်က ကြိုးစားပေး လာတာကတော့ မင်္ဂလာသတင်းတခုလည်းဖြစ်ပါတယ်။ ဆက်လက်စောင့်ကြည့်ရအုံး မှာလည်း ဖြစ်ပါတယ်။

Source by :http://blog.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။