Home » , » မိုဘိုင်းဖုန်းများ အင်တာနက် လျှောက်ထား နိုင်သည့် နေရာ ထပ်မံတိုးချဲ့

မိုဘိုင်းဖုန်းများ အင်တာနက် လျှောက်ထား နိုင်သည့် နေရာ ထပ်မံတိုးချဲ့

Written By မောင်စေတနာ on Wednesday, May 16, 2012 | 2:15:00 PM



မိုဘိုင်းဖုန်းများ အင်တာနက် လျှောက်ထားနိုင်သည့် နေရာ ထပ်မံတိုးချဲ့မြန်မာ့ ဆက် သွယ် ရေး လုပ်ငန်းမှ ချထားပေးသည့် မိုဘိုင်းဖုန်းများ အင်တာနက် လျှောက်ထားရန် အ တွက် လျှောက်ထားနိုင်သည့်နေရာ များကို ထပ်မံ တိုးချဲ့ ထားကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

အဆိုပါ မိုဘိုင်းဖုန်းများတွင် အင်တာနက် လျှောက်ထားမှုကို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ မေလ ၇ ရက်နေ့မှ စတင်ချထား ပေးခြင်း ဖြစ်ပြီး စတင် ချထားပေးပြီး နောက်ပိုင်း ထပ်မံ၍ နေရာခြောက် နေရာ တိုးချဲ့ ထားကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

မိုဘိုင်းဖုန်းများအတွက် အင်တာနက် လျှောက်ထားနိုင်သည့် နေရာများမှာ ယခင်က ရွှေဂုံတိုင် မိုဘိုင်းဆက်သွယ်ရေးရုံး၊ ပန်းဆိုး တန်း မိုဘိုင်း ဆက်သွယ်ရေးရုံး (စာတိုက်ကြီး)၊ အလုံဆက်သွယ် ရေး စီးပွားဌာန၊ ရန်ကုန်တိုင်း စီးပွား ဌာန၊ လမ်း ၄၀ အော်တို တယ်လီ ဖုန်းရုံးတို့ ဖြစ်ပြီး လက်ရှိအချိန်တွင် နေရာခြောက်ခု ထပ်မံတိုးချဲ့ထားပြီး ရန်ကုန်တက္ကသိုလ်စာတိုက်၊ အင်း စိန် စာတိုက်၊ ဗိုလ်တထောင်စာ တိုက်၊ ရန်ကင်းစာတိုက်၊ မရမ်း ကုန်းစာတိုက်နှင့် ဒဂုံမြောက် စာ တိုက်များဖြစ်သည်။ ယင်းသို့ အင်တာနက်လျှောက်ထားခြင်းကို မိုဘိုင်းဖုန်းသုံးစွဲသူများက စိတ်ဝင် စားပြီး လျှောက်ထား သူများပြားသောကြောင့် နေရာတိုးချဲ့ပေးခြင်း ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

ယင်းသို့လျှောက်ထားရာတွင် လည်း အချိန်သတ်မှတ်ထားပြီး မြန်မာ့ ဆက်သွယ်ရေးရုံးများတွင် နေ့လည် ၁ နာရီခန့်အထိ လျှောက် ထားနိုင်သည်ဟု ကိုယ်တိုင်သွား ရောက်လျှောက်ထားသူများက ပြောသည်။ ရတနာပုံတယ်လီပို့တွင် သွားရောက်လျှောက်ထားသူများ၏ ပြောဆိုချက်အရရတနာပုံတယ်လီပို့ တွင်နေ့လည် နှစ်နာရီခန့်အထိ လျှောက်ထားနိုင်ကြောင်း သိရသည်။

မိုဘိုင်းဖုန်းများအတွက် အင် တာနက် လျှောက်ထားရာတွင် ဖုန်း စာချုပ် မိတ္တူလိုအပ်ပြီး လျှောက်ထားရာတွင် ငွေကျပ်တစ်သောင်း ဖြင့် လျှောက်ထား နိုင်သည်။ အင် တာနက် အသုံးပြုခနှုန်းမှာ ဂျီ အက်စ်အမ်ဖုန်းများအတွက် တစ်မိ နစ်လျှင် နှစ်ကျပ်ပေးဆောင်ရမည် ဖြစ်ပြီး၊ WCDMA ဖုန်းနှင့် စီဒီ အမ်အေ ၈၀ဝ မဂ္ဂါဟဇ်ဖုန်းများ အတွက် တစ်မိနစ်လျှင်လေးကျပ် ပေး ဆောင်ရမည်ဖြစ်သည်။

မိုဘိုင်းဖုန်းများအတွက် အင်တာနက် လျှောက်ထားရာတွင် လက်ရှိ ချထား ပေးသော ကျပ်နှစ် သိန်းတန် ဂျီအက်စ်အမ်နှင့် နှစ် သိန်းခွဲတန် WCDMA ဖုန်းများအ တွက်သာ မဟုတ်ဘဲ မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ ချထားပေး သော မိုဘိုင်းဖုန်းများအားလုံးတွင် လျှောက်ထားနိုင်သည်ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

ကျပ်ဆယ့်ငါးသိန်းတန် ဂျီအက်စ် အမ်ဖုန်း အသုံးပြုသူတစ်ဦးက “ကျွန်မတို့ဖုန်းတွေလည်း အင် တာနက် လျှောက်လို့ရမယ်ဆိုတော့ ကောင်းပါတယ်။ ဖုန်းနဲ့အင်တာနက် သုံးတာက ကိုယ်သိချင်တာကို မြန် မြန်သိရအောင်ရှာချင်ရင်အဆင်ပြေ ပါတယ်။ ဒါကြောင့်ဖုန်းနဲ့ အင်တာ နက် လျှောက်ဖို့ကို စိတ်ဝင်စားပါ တယ်”ဟုပြောသည်။

Source by :http://www.yoyarlay.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။