ကမ္ဘာ့ အသန်မာဆုံး (၁၀)နှစ်သား လူငယ်လေး ဖြစ်လာတော့ မှာလားအသက် (၁၀)နှစ် ဆိုတဲ့ အရွယ်ဟာ နုနယ်တဲ့ အရွယ် ဖြစ်တာကြောင့် သူတို့ရဲ့ အရိုးတွေ ကလည်း အရွယ်ရောက် လူကြီးတွေလို ကြံ့ခိုင် သန်မာခြင်း မရှိသေး ပါဘူး။ ဒါပေ မယ့် မန်ပရက်ဆန်းရဲ့ အရိုးတွေက လည်း ကမ္ဘာ့ အသန်မာဆုံး (၁၀)နှစ် သား လူငယ်လေးလို့ ချီးကျူးပြော ဆိုရလောက်အောင် ကြံ့ခိုင်သန်စွမ်း နေပြီလို့ ဆိုရတော့ မှာပါ။
ဘာ ကြောင့်လဲ ဆိုတော့ တခြားရွယ်တူ သူငယ်ချင်း တွေက ခရစ်ကတ် ကစား ရင်း ပျော်မြူးနေချိန်မှာ မန်ပရက်က သူ့နဖူးပေါ် အုန်းသီး တစ်လုံးတင်ပြီး ဘေ့စ်ဘော ဘတ်တံနဲ့ ရိုက်ခွဲခြင်းခံရတာကို ကျေနပ်နေလေ့ ရှိလို့ပါပဲ။
သူ့ရဲ့ရင်ဘတ်ကို မီးချောင်း တွေနဲ့ ရိုက်လိုက်ရင်တောင် သူက ဘာမှ ဖြစ်မသွားတဲ့ အပြင် မီးချောင်း တွေသာ အစိတ်စိတ်အမွှာမွှာကွဲသွား ပါတယ်။ အဲဒါကြောင့် မန်ပရက်ဟာ အိန္ဒိယရဲ့ မထင်မရှား ကိုယ်ခံပညာ တစ်မျိုးဖြစ်တဲ့ Gatha ပညာမှာ အသက်အငယ်ဆုံးဆရာတစ်ဆူ ဖြစ် လာခဲ့တဲ့အပြင် ကမ္ဘာ့ အသန်မာဆုံး (၁၀) နှစ်သားလူငယ်လေး ဖြစ် လာဖွယ်ရှိပါတယ်။
မန်ပရက်ဟာ စူးချွန်ပါ သံတင်းပုတ်တွေ၊ ဓား ရှည်တွေနဲ့ လေ့ကျင့်မှုတွေအပြင် ကားတွေ ကိုယ်ပေါ်ဖြတ်မောင်း ပြသမှုတွေပါဝင်တဲ့ Sikh မျိုးနွယ် စတန့်အဖွဲ့ရဲ့ အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်ပါတယ်။
ဒါ့ပြင် Gatka ကိုယ်ခံ ပညာဟာ ပန်ဂျက်ပြည်နယ်မှာ ခေတ် အဆက်ဆက်လက်ဆင့် ကမ်းသယ်လာတဲ့တုတ်သိုင်းပညာ တစ်မျိုးဖြစ်ပြီး Skikh မျိုး နွယ်တွေ ကိုသာ သရုပ်ပြခွင့် ပေးထားပါတယ်။
Source by :http://www.yoyarlay.com/

0 comments:
Post a Comment