Home » , » အင်တာနက်သုံး ဖုန်းခေါ် ဆိုမှု (Y talk Calling) စနစ်ကို ဖေဖော်ဝါရီလ ၇ ရက်နေ့စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရှိရ

အင်တာနက်သုံး ဖုန်းခေါ် ဆိုမှု (Y talk Calling) စနစ်ကို ဖေဖော်ဝါရီလ ၇ ရက်နေ့စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရှိရ

Written By မောင်စေတနာ on Sunday, February 5, 2012 | 7:00:00 PM



အင်တာနက်သုံး ဖုန်းခေါ် ဆိုမှု (Y talk Calling) စနစ်ကို ဖေဖော်ဝါရီလ ၇ ရက်နေ့စတင် အသုံးပြုနိုင် မည်ဖြစ်ကြောင်းသိရှိရသည်။

Ytalk Calling စနစ်ဖြင့် အသုံးပြိုလိုသူများအနေဖြင့် Soft Phone နံပါတ်(ID) တစ်ခု လိုအပ်ပြီး ထို Soft Phone နံပါတ် (ID) အတွက် VoIP account card အား ကျပ်ငွေ တစ်သောင်းနှင့် ဝယ်ယူနိုင်ကြောင်း သိရှိရသည်။

“ကျွန်တော်တို့ အနေနဲ့ Soft Phone နံပါတ် (ID) နဲ့ တွဲဖက်အသုံးပြုရမယ့် Soft Phone Software ကို
အင်တာနက်ဆိုင်တွေမှာ ထည့်ထားပေးမှာပါ။ ကိုယ်ပိုင်အနေနဲ့ သုံးဖို့အတွက်တော့ အဲဒီ Soft Phone Software ကို လောလောဆယ် ပေးမသုံးသေးဘူး” ဟု ရတနာပုံ ဝဘ်ပေါ်တယ်မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

ငွေဖြည့်ကဒ် (Recharge via Voucher Card) များကို 10 FEC, 30 FEC, 50 FEC
စသော ဈေးနှုန်းသုံးမျိုးနဲ့ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

၎င်းတို့ဝဘ်လိပ်စာတွင် ငွေကျပ် တစ်သောင်းဖြင့် ဝယ်ယူထားသည့် VoIP account card ပါ Soft Phone နံပါတ် (ID) အား Password အတိုင်းဝင်၍၊ Activate ပြုလုပ်ပြီး မိမိဝယ်ယူထားသည့် ငွေဖြည့်ကဒ် (Recharge via Voucher Card)အား ငွေဖြည့်သွင်း ရာတွင် အသုံးပြုရမည် ဖြစ်ကြောင်း သိရှိရသည်။

မိမိဆက်သွယ်ခေါ်ဆိုသော နိုင်ငံများအတွက် သုံးစွဲခအား ငွေဖြည့်ကဒ် (Recharge via Voucher Card) တွင်းမှ
တစ်မိနစ်လျှင် 0.15 FEC ၊ 0.35 FEC နှုန်းဖြင့် ငွေဖြတ်သွားမည်ဖြစ်ပြီး VoIP account card နှင့် Recharge via
Voucher Card များအား အင်တာနက်ဆိုင်တွေနှင့် City Mart ဆိုင်များတွင် လွယ်ကူစွာ ဝယ်ယူ
ရရှိနိုင်မည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။

အဆိုပါ ဖုန်းကဒ်များကို ၇.၂.၂၀၁၂ (အင်္ဂါနေ့) နံနက်(၉)နာရီခွဲတွင် ရန်ကုန်မြို့ Conference Hall – Myanmar Info – Tech ( MICT Park ) တွင်စတင်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

Ytalk စံနစ်အား PAC လိုင်စင်ရှိ သော အင်တာနက်ကဖေးများကိုသာ ရောင်းချသွားမည်ဖြစ်ပြီး အိမ်တွင်းအင်တာနက် ချိတ်ဆက်ထားသူများအတွက် ရောင်းချပေးမှု မရှိသေးကြောင်းရတနာပုံတယ်လီပို့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ခုစစချင်းတော့ PAC လိုင်စင်ရှိတဲ့ ဆိုက်ဘာကဖေးတွေကိုပဲ ရောင်းပေးမှာပါ။ အိမ်သုံးယူဇာတွေအတွက် မပါ သေးပါဘူး။ လိုအပ်တဲ့ Software အတွက်တော့ ကျွန်တော်တို့ တယ်လီပို့က၀န်ထမ်းတွေ လိုက်သွင်းပေး မှာ ဖြစ်ပါတယ် ” ဟု ရတနာပုံတယ်လီပို့မှ တာဝန်ရှိသူက ပြောသည်။

Myanmar Express
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။