Home » , » ကော့မှူးခရီး နဲ့ NLD အဖွဲ့ဝင်များ

ကော့မှူးခရီး နဲ့ NLD အဖွဲ့ဝင်များ

Written By မောင်စေတနာ on Wednesday, February 22, 2012 | 1:30:00 AM

မျိုးဆက်သစ်လူငယ်များ

ပြီးခဲ့တဲ့လက မော်လမြိုင်ထောင်ကနေ ပြန်လွတ်လာတဲ့ ကိုကျော်အေးနိုင်

ဒီကနေ့ ကော့မှူးခရီးစဉ်မှာ လိုက်ပါသွားတဲ့ ရန်ကုန်က NLD အဖွဲ့ဝင်တွေထဲမှာ ကိုကျော်အေးနိုင်လည်း ပါပါတယ်။

သူ့ကို ထောက်လှမ်းရေးတွေက ၁၉၉၉ ခုနှစ်မှာ ဖမ်းပြီး ထောင်ထဲ ထည့်လိုက်ပါတယ်။ ၁၀ နှစ်ကျော် အကြာမှာတော့ အစိုးရမင်းတို့ရဲ့ သဘောထားကြီးမှုကြောင့် အပြင်လောက ပြန်ရောက်လာပါပြီ။

နှစ်ပေါင်းများစွာ ဒီမိုကရေစီ လှုပ်ရှားမှုမှာ ပါဝင်သူများအတွက် နိုင်ငံရေးအဖွဲ့တွေက ဘာမှ မပေးနိုင်ပါဘူး။ ကိုယ့်စရိတ်ကိုယ်စားပြီး အိတ်စိုက် လုပ်ကိုင်ကြသူတွေပါ။ သူတို့ အဖမ်းခံရလို့ ဥပဒေကြောင်းအရ ကူညီတဲ့ ရှေ့နေတွေကိုယ်တိုင်တောင် ထောင်ကျခဲ့ကြတာမဟုတ်လား။

ပင်နီအင်္ကျီနဲ့ တံဆိပ်နဲ့ မျိုးဆက်သစ်တွေ၊ အပင်ပန်း အဆင်းရဲခံပြီး ဒီမိုကရေစီအရေး လှုပ်ရှားမှုမှာ ကာလရှည်ကြာ ဆက်လက်လုပ်ကိုင်နေသူတွေကို ဒီကနေ့ ကော့မှူးခရီးစဉ် ဓာတ်ပုံတွေထဲမှာ တွေ့ရပါတယ်။


ဒီမိုကရေစီ ဆိုတဲ့ မျှော်လင့်ချက်ပဲ ပေးနိုင်တဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ဆောင်ရွက်နေတုန်း ထောင်ထဲရောက်သွားသူတွေ မနည်းမနောပါပဲ။ သူတို့ထဲမှာ ကိုကျော်အေးနိုင်က ကံကောင်းတယ်လို့ ဆိုရမယ် ထင်ပါတယ်၊ သူက ထောင်ထဲကနေ အရှင် ထွက်နိုင်ခဲ့လို့ပေါ့။


Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။