Home » » မန်ယူအသင်းအား အမြင့်ဆုံးအောင်မြင်မှု တစ်ခုရယူပေးပြီးမှ အနားယူမည့် ဖာဂူဆန်

မန်ယူအသင်းအား အမြင့်ဆုံးအောင်မြင်မှု တစ်ခုရယူပေးပြီးမှ အနားယူမည့် ဖာဂူဆန်

Written By မောင်စေတနာ on Tuesday, February 21, 2012 | 10:29:00 PM


w
မန်ယူအသင်းအား အမြင့်ဆုံးအောင်မြင်မှုတစ်ခုရယူပေးပြီးမှ အနားယူမည့် ဖာဂူဆန်

မန်ယူ နည်းပြကြီး ဖာဂူဆန်သည် သူ့အနေဖြင့် မန်ယူအသင်းတွင် နှစ်နှစ်၊ သုံးနှစ် ခန့်ဆက်လက်နည်းပြဦးမည်ဖြစ်ကြောင်းနှင့် မန်ယူအသင်းအား အမြင့်ဆုံးအောင်မြင်မှုတစ်ခုရယူပေးပြီးမှသာ အနားယူမည်ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားလိုက်သည်။

အသက် (၇၀) အရွယ်ရှိ အဆိုပါမန်ယူနည်းပြကြီးသည် ပြီးခဲ့သည့်ဆယ်စုနှစ်တစ်ခုတည်းကလည်း အနားယူရန် ဆုံးဖြတ်ခဲ့ဖူးပြီး၊ နောက်ပိုင်းတွင် သူ၏ ဆုံးဖြတ်ချက်ကိုပြန်လည်ပြင်ဆင်ခဲ့ကာ၊ အသင်းအတွက် ပရီးမီးယားလိဂ်ဖလား ငါးကြိမ်နှင့်၊ ချန်ပီယံလိဂ်ဖလားတစ်ကြိမ် ထပ်မံရယူပေးနိုင်ခဲ့သည်။

အဆိုပါ နှစ်တွေအတွင်း အက်ဖ်အေ ဖလားနှင့် ကားလင်းဖလားသုံးကြိမ် ထပ်မံရယူပေးခဲ့သည့် မန်ယူ နည်းပြကြီးသည် သူ့အနေဖြင့်အသင်းမှ အနားယူရမည့်အချိန် တဖြည်းဖြည်းနီးကပ် လာပြီဖြစ်ကြောင်း နားလည်လာခဲ့သည်။

သို့ပါသော်လည်း မန်ယူနည်းပြကြီးကသူ့အနေဖြင့်မန်ယူအသင်းအတွက် နောက်ထပ် အမြင့်ဆုံးအောင်မြင်မှု
တစ်ခုရယူပေးပြီးမှသာအနား ယူမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

”ကျွန်တော့်ရဲ့ နောက်ဆုံးအချိန်က ဘယ်တော့လဲဆိုတာ မသိပါဘူး၊ ကျန်းမာရေးကောင်းရင်တော့ နှစ်နှစ်၊ သုံးနှစ် အသင်းကို ဆက်ပြီး နည်းပြနိုင်ပါတယ်၊ ကျွန်တော့်ရဲ့ အလုပ်ဟာ ကျန်းမာဖို့ လိုအပ်ပါတယ်၊ ဒါပေမယ့် ကျွန်တော်ဟာ အဲဒါနဲ့ပတ်သက်ပြီး ကံကောင်းတယ်လို့ထင်ပါတယ် ”

” ကစားတွေနဲ့ အေးဂျင့်တွေက သူတို့ အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုတဲ့အခါတိုင်း၊ ကျွန်တော် ဘယ်တော့ အနားယူမှာလဲလို့ အရင်မေးတတ်ကြပါတယ်၊ ” ဟု ဖာဂူဆန်ကပြောကြားခဲ့သည်။

ဆက်လက်ပြီး၊ မန်ယူနည်းပြကြီးက သူ့အနေဖြင့် အနားယူပြီးပါက၊ အသင်းနှင့် မည်သို့မျှ ပတ်သက်တော့ မည်မဟုတ်ကြောင်း လည်း ဆက်လက်ပြောကြားခဲ့သည်။

” ကျွန်တော် လုံးဝ အဆုံးသတ်မှာပါ၊... အနားယူပြီးရင် အသင်းရဲ့ ဘယ်အခန်းကဏ္ဍမှာမှ ပါဝင် ပတ်သက်တော့မှာ မဟုတ်ပါဘူး၊ ဒါပေမယ့် ကျွန်တော့်ရဲ့ နာမည်ကတော့ ဆက်လက်ရှင်သန်နေလိမ့်မယ် ထင်ပါတယ်” ဟု ဖာဂူဆန်ကပြောကြားခဲ့သည်။

မန်ယူနည်ပြကြီး ဖာဂူဆန်သည်မန်ယူအသင်းအနေဖြင့်သူ့၏နေရာဆက်ဆံမည့်သူ အတွက်အတွေ့
အကြုံရင့်ကျက်သူကိုသာ ရွေးချယ်သင့် ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

Source by :http://mutdfan.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။