Home » , » ICRC ထောင်ထဲ ၀င်စစ်ခွင့်

ICRC ထောင်ထဲ ၀င်စစ်ခွင့်

Written By မောင်စေတနာ on Friday, February 24, 2012 | 3:39:00 PM

အင်းစိန်ထောင်ရှေ့ မြင်ကွင်းတခု

မြန်မာပြည်ကို မကြာသေးခင်က သွားရောက်ခဲ့တဲ့ Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့်တဲ့အဖွဲ့ရဲ့ အကြီးတန်းသုတေသနအရာရှိ David Scott Mathieson က မြန်မာအကျဉ်းထောင် တွေကို ပြင်ပအဖွဲ့အစည်းတွေ သွားရောက်စစ်ဆေးခွင့် ပေးဖို့ တောင်းဆိုလိုက်တယ်လို့ AFP သတင်းတပုဒ်မှာ ရေးထားပါတယ်။

သူက အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ (ICRC) ထောင်ထဲဝင်စစ်ခွင့်ကို ဆိုလိုတာပါ။

ICRC က ၉၉ ခုနှစ်ကတည်းက မြန်မာပြည်ထောင်တွေထဲ ၀င်စစ်ခွင့် ရခဲ့ပါတယ်။

၂၀၀၆ မှာတော့ ကြံ့ခိုင်ရေးအသင်းက ICRC ထောင်ထဲ သွားစစ်ရင် သူတို့လည်း အတူတူ လိုက်ကြည့်မယ်လို့ ပြောပါတယ်။

ICRC က လက်မခံပါဘူး၊ သူတို့က အကျဉ်းသားတွေနဲ့ တွေ့တဲ့အခါ ထောင်ထဲ သွားစစ်တဲ့အခါ ဘယ်အဖွဲ့နဲ့မှ အတူတူ သွားလေ့မရှိဘူး၊ ဒါဟာ နိုင်ငံတကာမှာ သူတို့ချမှတ်ထားတဲ့ မူဝါဒ ဖြစ်တယ်လို့ ဆိုတယ်။
ဗိုလ်ချုပ်ကြီးများရဲ့ ကြံ့ခိုင်ရေးအသင်း (ယခု ကြံခိုင်ရေးပါတီ)က လက်မလျှော့ပါဘူး။ ဒါနဲ့ပဲ ICRC နဲ့ မြန်မာပြည်အကျဉ်းထောင်တွေ ဝေးသွားပါတယ်။

သမ္မတကြီးဦးသိန်းစိန်အစိုးရ တက်လာပြီး သိပ်မကြာခင်မှာတော့ ICRC ကို ထောင်ထဲဝင်ခွင့် ပြန်ပေးပါတယ်။
ထောင် ၃ ခုပါ။ ဖားအံ၊ မော်လမြိုင်၊ မြောင်းမြထောင်တွေကို ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်လယ်ပိုင်း အဲဒီလို ခွင့်ပြုခဲ့တယ် ဆိုပေမယ့် အကျဉ်းသားများနဲ့ သီးသန့်တွေ့ဆုံခွင့် မရသေးပါ။ ရခဲ့တာကတော့ အဲဒီထောင်တွေထဲ ရေသန့်ပေးဝေမှု၊ မိလ္လာစနစ် တို့ကို စစ်ဆေးကြည့်ရှု့ခွင့် ဆိုတာပါပဲ။

အကျဉ်းသားများနဲ့ တွေ့ဆုံခွင့်ရရေး ခွင့်ပြုချက် တောင်းထားပါတယ် လို့ ICRC ရဲ့ အင်တာနက်စာမျက်နှာမှာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၁၅ ရက်စွဲနဲ့ ဖော်ပြထားပါတယ်။

ICRC ကို ယခင်လုပ်ငန်းတွေ လုပ်ကိုင်ခွင့်မပေးသေးပေမယ့် အစိုးရဖွဲ့ပေးထားတဲ့ လူ့အခွင့်အရေးကော်မရှင်ကိုတော့ မြစ်ကြီးနား၊ အင်းစိန်ထောင်တို့ကို ၀င်ခွင့်ပြုခဲ့ပါတယ်။ ကော်မရှင်ကလည်း သူတို့တွေ့ရှိချက်ကို ထုတ်ပြန်ပါတယ်။

မြစ်ကြီးနားထောင်မှာ အကျဉ်းသားအရေအတွက်က သတ်မှတ်ထားတဲ့ အရေအတွက်ထက် ပိုများနေတယ်၊ ဒါကို အမြန်ဆုံး ဖြေရှင်းပေးသင့်တယ်လို့ ဒီဇင်ဘာ ၁၃ မှာ ကြေညာချက် ထုတ်ခဲ့ပါတယ်။

အကျဉ်းသားတို့ရဲ့ ကျန်းမာရေး စားသောက်ရေး အကျဉ်းထောင်သန့်ရှင်းရေး အခြေအနေများကတော့ ကောင်းမွန်တယ်လို့ ယူဆပါတယ် တဲ့။

Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။