Home » , »  ၂၀၁၂ ခုနှစ်အတွင်း ရိုက်ကူးမည့် မြန်မာရုပ်ရှင် ဇာတ်ကားသစ်များအား HD ကင်မရာဖြင့် ရိုက်ကူးထုတ်လုပ်ရန် ပြင်ဆင်မှု ပိုမိုများပြားလာ

 ၂၀၁၂ ခုနှစ်အတွင်း ရိုက်ကူးမည့် မြန်မာရုပ်ရှင် ဇာတ်ကားသစ်များအား HD ကင်မရာဖြင့် ရိုက်ကူးထုတ်လုပ်ရန် ပြင်ဆင်မှု ပိုမိုများပြားလာ

Written By မောင်စေတနာ on Friday, February 24, 2012 | 2:30:00 AM



၂၀၁၂ ခုနှစ်အတွင်း ရိုက်ကူးမည့် မြန်မာရုပ်ရှင် ဇာတ်ကားသစ်များအား ရုပ်ရှင်ကင်မရာဖြင့် ရိုက်ကူးရန်ထက် HD ကင်မရာဖြင့် ရိုက်ကူး၍ ဖလင်အဖြစ် ပြန်လည်ကူးပြောင်းပြသရန် ပြင်ဆင်မှု ပိုမိုများပြားလာသည်ဟု ရုပ်ရှင် အသိုင်းအ၀ိုင်း အတွင်းမှ စုံစမ်း သိရှိရသည်။

ယင်းသို့ HD ကင်မရာ ဖြင့်ရိုက်ကူးရန် စိတ်ပါဝင်စားမှုများ ပြားလာခြင်းမှာ အရုပ်အသံ အရည်အသွေးပိုင်းဆိုင်ရာတွင် ပြန်လည် ပြင်ဆင်နိုင်သည့် အခွင့်အလမ်းရှိခြင်း၊ ငွေကြေးကုန်ကျမှုတွင်လည်းဖလင် ၀ယ်ယူရခြင်းထက်သက်သာခြင်းတို့ အပြင် ယခုနှစ်ပိုင်းများ၌ အကယ်ဒမီဆုရရှိသည့် ဇာတ်ကားအများစုမှာ HD ကင်မရာဖြင့်ရိုက်ကူးပြီး ဖလင် အဖြစ် ပြန်လည်ကူးပြောင်းသည့် ဇာတ်ကားများ ဖြစ်နေခြင်း စသည့်အချက်များကြောင့် ဖြစ်သည်ဟု ရုပ်ရှင်အနုပညာ နယ်ပယ်အတွင်း သုံးသပ်ခဲ့ကြသည်။

“Special Effect တွေ လုပ်ဖို့လိုတဲ့ ဇာတ်ကားဖြစ်နေလို့၊ ဇာတ်ဝင်ခန်းဖြစ်နေလို့ HD နဲ့ရိုက်ပြီး ဖလင် အဖြစ် ပြန်ပြောင်းတယ် ဆိုတာကို ဘာမှမပြောချင်ပေမယ့် ရုပ်ရှင်ကင်မရာနဲ့ ရိုက်လည်းရတာကို HD ကင်မရာနဲ့ရိုက်ပြီး ပြန်ပြောင်းမယ် ဆိုတာကတော့ ပြန်စဉ်းစားဖို့လိုပါတယ်။ ဒါဆို မြန်မာ့ရုပ်ရှင်လုပ်ငန်း အနေနဲ့ ဇာတ်ကားတိုင်းကို HD နဲ့ရိုက်ကူး ခွင့်ပေးတော့မှာလားဆိုတာ မေးစရာရှိလာပါပြီ။

အဲဒီလိုဘယ်ဇာတ်လမ်း အမျိုးအစားပဲဖြစ်ဖြစ် HD နဲ့ရိုက်တာသာ စစ်မှန်ရင် ဖလင်အဖြစ် ပြန်ပြောင်းခွင့်ပေးမယ် ဆိုရင်တော့ ရုပ်ရှင်လုပ်ငန်းက ၀ယ်ထားတဲ့ကင်မရာ အသစ်ကြီး အပါအ၀င် ရုပ်ရှင်ကင်မရာတွေ အားလုံးကို လှူဒါန်းလိုက်ရမှာလား။ HD နဲ့ပဲ ရိုက်ပြီး ရုပ်ရှင်ရုံတွေ မှာ ပရိုဂျက်တာတွေနဲ့ ထိုးပြရတော့မှာလား ဆိုတာကို မေးချင်ပါတယ်။ ဖလင်ဆိုတာ ရွှေနဲ့ဆက်ပြီး ၀ယ်ယူ ကြရတာပါ။

အကယ်ဒမီမှာလည်း ၂၀၀၉ ခုနှစ်ကစလို့ HD နဲ့ ရိုက်တဲ့ ဇာတ်ကားတွေကို ပေးခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ်အတွက် ဇာတ်ကား ၁၅ ကား ရုံတင်ရာမှာ ၁၂ ကားက ရုပ်ရှင်ကင်မရာနဲ့ ရိုက်ထားပြီး ၃ကား က HD စနစ်နဲ့ ရိုက်ထားတာပါ။ ရုပ်ရှင်ကင်မရာနဲ့ ရိုက်တဲ့ကားတွေ က နှစ်ဆုပဲ ရခဲ့ပါတယ်။ ဒီတော့ရှေ့လျှောက်မှာ စဉ်းစားစရာတွေ အများကြီးဖြစ်လာပါတယ်” ဟုဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)ကသုံးသပ်ခဲ့သည်။

ထို့အပြင် ကင်မရာမင်း အကယ်ဒမီကျောက်ဖြူကလည်း “ဒီမှာကတော့ HD နဲ့ဆိုရင် HD နဲ့ ချည်း ပြုံပြီးရိုက်နေကြတဲ့ သဘောပေါ့။ နိုင်ငံတကာမှာ ဖလင်က အဓိကပါပဲ။ Effect တွေ လုပ်မယ်ဆိုမှသာ HD နဲ့ရိုက်ကူးပြီး ဖလင်အဖြစ်ပြန်လှန် ကြတာပေါ့လေ။ HD ဆိုတာလည်း ဗီဒီယိုလိုင်းကနေ ခွဲထွက်လာတယ် လို့ပဲ ပြောလို့ရပါတယ်။ ဖလင်ဆိုတာ ကတော့ ရုပ်ရှင်ရဲ့ဖခင်တစ်ဦးလေ။ သူ့ကိုပျောက်ပျက်သွားစေလို့ မရပါ ဘူး။ရုပ်ရှင်အနုပညာပိုင်းအရလည်း အရေးပါတယ်လို့ ဆိုရမှာပါ။ HD ကိုတော့ ခေတ်ရဲ့အစွယ်အပွားတစ် ခုအနေနဲ့ပဲအသုံးချသင့်ပါတယ်” ဟု သူ၏အမြင်အား ရှင်းပြခဲ့သည်။

HD ကင်မရာဖြင့် ရုပ်ရှင် ဇာတ်ကားရိုက်ကူးမှုအား ယခုနှစ်ပိုင်းများ အတွင်းစိတ်ပါဝင်စားမှုပိုမိုများပြား လာခြင်းဖြစ်ပြီး ၂၀၁၂ခုနှစ်ဆန်းပိုင်း တွင်ရိုက်ကူးခဲ့သည့်ရုပ်ရှင်ဇာတ်ကား အချို့ကို HD စနစ်ဖြင့် ရိုက်ကူးခဲ့ပြီး ထပ်မံရိုက်ကူးရန် ပြင်ဆင်လျက်ရှိ သည်ဟုသိရှိရသည်။

Source by :http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။