Home » , » သက်ကြီးဆရာဝန်များ အတွက် ပထမဆုံး Day Care Centre စတင်ဖွင့်လှစ်

သက်ကြီးဆရာဝန်များ အတွက် ပထမဆုံး Day Care Centre စတင်ဖွင့်လှစ်

Written By မောင်စေတနာ on Tuesday, February 21, 2012 | 1:30:00 PM

http://www.news-eleven.com/images/stories/feb12/we/72114.jpg

မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ သက်ကြီးဆရာဝန်များ ထောက်ကူအဖွဲ့( SGED) မှ ဖွင့်လှစ်သည့် မြန်မာနိုင်ငံ၏ ပထမဆုံး Day Care Centre ဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ လ ၁၈ ရက်နေ့က ရန်ကုန်မြို့ သူနာပြုတက္ကသိုလ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကျန်းမာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဖေသက်ခင်က အဖွင့်မိန့်ခွန်း ပြောကြားခဲ့ကာ မြန်မာနိုင်ငံ ဆရာဝန်အသင်း(ဗဟို) ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာကျော်မြင့်နိုင်က အမှာစကား ပြောကြားခဲ့ပြီး သက်ကြီး ဆရာဝန်များ ထောက်ကူအဖွဲ့ ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဒေါ်မြင့်မြင့်ခင်က ကျေးဇူးတင်စကား ပြောကြားခဲ့သည် ဟု သိရှိရသည်။

http://www.news-eleven.com/images/stories/feb12/we/72114a.jpg

ထို့နောက် Day Care Centre ၏ ကြေးကမ္ဗည်းစာတမ်းနှင့် အခန်းသော့ကို ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဖေသက်ခင်က သက်ကြီး ဆရာဝန်များထောက်ကူအဖွဲ့ ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဒေါ်မြင့်မြင့်ခင်ထံသို့ ပေးအပ်ခဲ့သည်။

လက်ရှိ Day Care Centre တွင် အသက် ၇၀ နှစ်နှင့်အထက် ဆရာဝန်ကြီးများနှင့် ၎င်းတို့၏မိသားစုဝင်များ အသုံးပြုနိုင်ရန် ရည်ရွယ်ထားပြီး နောက်ပိုင်းတွင် အခြား ပြင်ပမှ သက်ကြီးများကိုပါ လက်ခံ သွားရန် စီစဉ်ထားကြောင်း သိရသည်။

Day Care Centre တွင် အခမဲ့ ဆေးစစ်ဆေးမှု (Physical Examination, B.P Check)လုပ်ပေးခြင်း၊ ပုံမှန်ဈေးဖြင့် ECG Blood Sugar စစ်ဆေးခြင်းနှင့် Physiotherapy ပြုလုပ်ပေးခြင်း စသည့် ကျန်းမာရေး ၀န်ဆောင်မှုများအပြင် တီဗီ၊ ဗီဒီယိုများ ထားရှိပေးခြင်းတို့ကို စီစဉ်ပေးထားမည်ဖြစ်သည်။ အမှတ်(၁၄) မြေညီထပ် တောင်မြင်းပြိုင်ကွင်း လမ်း တာမွေမြို့နယ်တွင် ဖွင့်လှစ်ထားပြီး စင်တာတွင် လိုအပ်သည့် ပစ္စည်းများကို ဆက်သွယ်လှူဒါန်းနိုင် ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အသက်၆၀ နှစ်နှင့် အထက် သက်ကြီးရွယ်အိုအ ရေအတွက်မှာ ၂၀၀၇ ခုနှစ်တွင် နိုင်ငံလူဦးရေ၏ ၈ ဒသမ ၇ ရာခိုင်နှုန်း သာရှိရာမှ ၂၀၁၀ပြည့်နှစ်တွင် ၉ ဒသမ ၁ ရာခိုင်နှုန်း(ငါးသန်းကျော်) ထိ တိုးတက်လာကြောင်း သိရသည်။

Source by :http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။