Home » , » အကျဉ်းကျ ရွှေ့ပြောင်းမြန်မာ အလုပ်သမားများအား ကူညီထောက်ပံ့

အကျဉ်းကျ ရွှေ့ပြောင်းမြန်မာ အလုပ်သမားများအား ကူညီထောက်ပံ့

Written By မောင်စေတနာ on Thursday, February 23, 2012 | 6:30:00 PM



ဖေဖေါ်ဝါရီလ (၁၄)ရက်တွင် ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED)သည် ဖန်ငခရိုင်၊ ဖန်ငမြို့ရှိ အကျဉ်းထောင်တွင် အကျဉ်းကျနေသော ရွှေ့ပြောင်းမြန်မာ အလုပ်သမားများအား သွားရောက် တွေ့ဆုံကာ ထောက်ပံ့ ပစ္စည်းများပေး၍ အားပေးစကား ပြောကြား ခဲ့သည်။

FED ၏ ရွှေ့ပြောင်း အလုပ်သမား ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ တာဝန်ခံ ကိုမိုးဝေက “ထောင်ထဲမှာ အကျဉ်းကျ ခံနေရတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ လိုအပ်ချက် တွေဖြစ်တဲ့ ကျန်းမာရေး၊ လူမှုရေး ကိစ္စတွေ ပြီးတော့ သူတို့ရဲ့ မိသားစုတွေနဲ့ အဆက်သွယ်ရရှိဖို့ တဖက်တလမ်းက ကူညီပေးနိုင်ဖို့အတွက် ကျွန်တော်တို့ အဖွဲ့အစည်း အနေနဲ့ ထောင်တွေကို ပုံမှန်သွားရောက်ရခြင်း ဖြစ်ပါတယ်” ဟုပြောပြသည်။

အကျဉ်းသားများအတွက် ငပိကြော်၊ ဘာလချောင်ကြော်များ ပေးအပ်ခဲ့ပြီး မဂ္ဂဇင်း၊ ဆောင်းပါးစာအုပ်များ၊ အလုပ်သမား အခွင့်အရေးဆိုင်ရာ စာအုပ်၊ စာစောင်များ၊ ဆေးဝါးများ၊ အားကစား ပစ္စည်းများအပြင် အကျဉ်းသားများ အားလပ်ချိန်တွင် စိတ်အပန်းပြေစေရန်နှင့် တီဗီသတင်းများ ကြည့်ရှုနိုင်ရန်အတွက် (၂၉)လက်မ တီဗွီတစ်လုံးကိုပါ ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။ (FED)ကျန်းမာရေး ဌာနကလည်း ကျန်းမာရေး ပညာပေးခြင်းနှင့် လိုအပ်သည့် ဆေးဝါးများ ထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။

ထောင်အာဏာပိုင်များကလည်း အဖွဲ့အစည်း အနေဖြင့် လူသားချင်း စာနာ ထောက်ထားသောအားဖြင့် အကျဉ်းကျ အလုပ်သမားများအား ယခုကဲ့သို့ ကူညီခြင်းအား ကျေးဇူးတင်ရှိသည်ဟု ပြောကြားကြောင်း သိရသည်။

http://www.ghre.org/mm/shared_media/images/20120221b.jpg

အဆိုပါ အကျဉ်းထောင်တွင် (၂၀၁၁) နိုဝင်ဘာလကုန်ထိ အကျဉ်းကျ ခံနေရသော ရွှေ့ပြောင်းမြန်မာ အလုပ်သမား အမျိုးသား(၂၇)ဦးနှင့် အမျိုးသမီး (၅)ဦးရှိခဲ့ရာ ဒီဇင်ဘာလ ထိုင်းဘုရင် မင်းမြတ်ကြီး မွေးနေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် (၂၂)ယောက် လွတ်မြောက်ခဲ့ပြီး ယခုအချိန်တွင် အမျိုးသား (၉)ဦးနှင့် အမျိုးသမီး (၁)ဦး၊ စုစုပေါင်း (၁၀)ဦးသာ ကျန်ရှိတော့ကြောင်း သိရသည်။

FED သည် ယခုနှစ် ဇန်န၀ါရီ (၁၉)ရက်နေ့ကလည်း ဖန်ငခရိုင်ရှိ တကွာပါ အကျဉ်းထောင်သို့ သွား၍ အကျဉ်းသားများအား ကူညီထောက်ပံ့ ပေးခဲ့သေးကြောင်း သတင်းရရှိပါသည်။

Source by :http://www.ghre.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။