High Class မှ ပံ့ပိုးကူညီစီစဉ်သည့် IRON CROSS တေးဂီတ ဖျော်ဖြေပွဲကို ဇန်န၀ါရီလ ၁၁ ရက် နေ့ ညနေ ၆ နာရီခွဲက တောင်ကြီး မြို့ ပြည်နယ်အားကစားပြိုင်ဝင်း ကျောက်တိုင်ကွင်းတွင် ကျင်းပရာ မြို့ခံဂီတ၀ါသနာရှင်များ အပြင် ရွှေ ညောင်၊ ညောင်ရွှေ၊ အင်းလေး၊ အေး သာယာ၊ ကလော၊ အောင်ပန်း၊ ဟို ပုံး၊ ဆီဆိုင်၊ လွိုင်လင်၊ ပင်လုံမြို့များ မှ IC ပရိသတ်များလည်း လာရောက် ကြည့်ရှုစည်ကားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖျော်ဖြေရေး အစီအစဉ်ကို သုံးပိုင်းခွဲ၍ ကျင်းပရာ ပထမပိုင်းတွင် မျိုးကြီး၊ ၀ိုင်ဝိုင်း၊ အငဲ၊ လေးဖြူတို့က တစ်ဦးလျှင် စိတ်ကြိုက်သီချင်းလေးပုဒ်စီကို ဆက်တိုက်ဖျော်ဖြေခဲ့ပြီး ဒုတိယပိုင်း အစီအစဉ်အဖြစ် Lead ချစ်စမ်းမောင်၊ Bass ခင်မောင်သန့်၊ Keybord ဗညားနိုင်၊ Drum ခရမ်း တို့က တစ်ဦးချင်းစိတ်ကြိုက် လက်စွမ်းပြတီးကွက်များကို တီးခတ်ပြသရာ ပရိသတ်များ အထူးနှစ်ခြိုက် အားပေးခဲ့ကြောင်း၊ အထူးသဖြင့် တောင်ကြီးမြို့သူနှင့် အိမ်ထောင်ပြုထားသည့် Drum ခရမ်းက ပရိသတ် နှင့် အမေးအဖြေပြုလုပ်ရင်း ဒရမ်လက် စွမ်းပြသွားရာ ပရိသတ်များက နှစ်သက်သဘောကျခဲ့ကြသည်
တတိယပိုင်း အစီအစဉ်အဖြစ် ၀ိုင်ဝိုင်း၊ မျိုးကြီး၊ အငဲ၊ လေးဖြူတို့ က တစ်ဦးလျှင် တစ်ပုဒ်စီအလှည့် ကျဖြင့်လည်းကောင်း၊ နှစ်ယောက် တွဲ၊ သုံးယောက်တွဲ၊ လေးယောက် တွဲ ပရိသတ်အကြိုက် သီချင်းမျိုးစုံ ဖြင့်ဖျော်ဖြေခဲ့ရာ ပရိသတ်များအထူး နှစ်သက် သဘောကျကြကြောင်း၊ ယခင်နှစ် သင်္ကြန်က IC လာရောက် ခြင်းမရှိ၍ IC နှင့်တောင်ကြီးပရိသတ် နှစ်နှစ်ခန့်ဝေးကွာနေခဲ့ရာ ယခုကဲ့သို့ ပြန်ဆုံခြင်းဖြစ်၍ ပိုမိုအားပေးကြခြင်း ဖြစ်နိုင်ကြောင်း မြို့ခံလူငယ်ပရိသတ် တစ်ဦးက ပြောပြခဲ့သည်။
Source by :http://www.news-eleven.com/

0 comments:
Post a Comment