ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှေ့တွင် နိုင်ငံတော်သမ္မတကြီးထံသို့ ပေးအပ်မည့် အိတ်ဖွင့်ပေးစာအားCounsellor ဦးခွန်ထူးထံသို့ မြန်မာရွေ့ပြောင်းလုပ်သားများမှ ပေးအပ်နေစဉ်
ထိုင်းနိုင်ငံ ရောက် မြန်မာရွှေ့ပြောင်းလုပ်သားများမှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတကြီးထံ ပေးအပ်ရန် အိတ်ဖွင့် ပေးစာအား ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ ၁၆ ရက်နေ့က ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ ပေးအပ်ခဲ့ကြောင်း အလုပ်သမား ၀န်ကြီးဌာနမှ သတင်းရရှိသည်။
အိတ်ဖွင့် ပေးစာ၌ (၁)ယခင်အစိုးရများ လုပ်ဆောင်ခဲ့ ဘူးခြင်းမရှိခဲ့ပါသော ထိုင်းနိုင်ငံ ရောက်ရွှေ့ပြောင်း အလုပ်သမားများ အရေးအား အလေးပေး စိတ်ဝင်စားစွာ ဆောင်ရွက်လာသည်ကို ကျွန်ုပ်တို့ ကိုယ်တိုင် မြင်တွေ့လာခြင်း၊ (၂) ထိုင်းနိုင်ငံအတွင်း ရေဘေး ဒုက္ခရောက်နေစဉ် သမ္မတကြီး၏ လမ်းညွှန်မှုနှင့်အညီ ထိုင်းနိုင်ငံမြန်မာသံရုံးမှ ထိုင်းနိုင်ငံ သားများနှင့် မြန်မာနိုင်ငံ သားများ အား ဆေးဝါးပစ္စည်း၊ အစား အသောက်များ ပေးပို့လှူဒါန်းခြင်းများကို ကျွန်ုပ်တို့သိရှိ ခံစားရခြင်း၊ (၃) မြန်မာပြည်တွင်းငြိမ်းချမ်းရေးအတွက် လက်ရှိစေ့စပ်လျက်ရှိနေပါသော အဖွဲ့အစည်းများ၊ ကချင်လူမျိုးများနှင့် ငြိမ်းချမ်းရေးများ ရယူနိုင်ပါစေရန်
နှစ်ဘက်စလုံးမှ လူကြီးများအား တောင်းဆို အပ်ခြင်းအပြင် ရှမ်း၊ ကရင်၊ ချင်းများနှင့် ငြိမ်းချမ်းရေးများ ရယူနိုင်ခြင်း၊ (၄) တဆက်တည်းမှာပင်လျှင် ယခင် အစိုးရများလက်ထက်မှ ယခုအထိ (၁၈)ကြိမ်မြောက်ရှိခဲ့ပါသော လွတ်ငြိမ်းချမ်းသာခွင့်များ အတွင်း သမ္မတကြီး၏ ယခုစတုတ္ထအကြိမ်မြောက် လွတ်ငြိမ်း ချမ်းသာခွင့်သည် ကျွန်ုပ်တို့ မြန်မာပြည်သူပြည်သားများနှင့်တကွ တစ်ကမ္ဘာလုံးမှ လူအပေါင်း အတွက် အထူးကိုပါပဲ ၀မ်းသာပီတိ ကြည်နူးမှုဖြစ်ရခြင်း စသည့်အကြောင်းအရာများ ပါဝင်ပြီး ကျွန်ုပ်တို့ ပြည်တွင်း၊ ပြည်ပရှိ မြန်မာနိုင်ငံသားများအားလုံးအား ယခုထက်ပိုမို၍ မေတ္တာတရားထားပြီး စောင့်ရှောက်ပါစေကြောင်း ဆုမွန်ကောင်းတောင်း လိုက်ပါသည် ဟု ထည့်သွင်းရေးသားထားကြောင်း သိရသည်။
Source by :http://www.news-eleven.com/

.jpg?width=750)

0 comments:
Post a Comment