Home » , » Guitar Amp မှ Frontman 212 R အကြောင်း သိကောင်းစရာ

Guitar Amp မှ Frontman 212 R အကြောင်း သိကောင်းစရာ

Written By မောင်စေတနာ on Wednesday, December 14, 2011 | 10:29:00 AM



ယခုတစ်ခါ မိတ်ဆက်ဖော်ပြလိုက်တဲ့ Amp အမျိုးအစားကတော့ Fender ၏အရောင်းရဆုံး Series ဖြစ်တဲ့ Frontman 212 R ပဲဖြစ်ပါတယ်။ ထို Amp ဟာ အလွန်ကောင်းမွန်ပြီးကျယ်လောင်သော အသံ ကိုထုတ်ပေးနိုင်ပါတယ်။ Watt ကတော့ 100 ရှိပြီး Home Studio နှင့် Recording များအတွက်အသုံးပြုရန်သင့်တော်ပါတယ်။

ထို Amp ၏ Speaker ဟာ 12 လက်မအရွယ်ရှိပြီး ဂန္ဓ၀င်ဂီတ၊ ခေတ်ပေါ်ဂီတ အစရှိသဖြင့်မျိုးစုံအောင်သုံးနိုင်ပြီး အသံအရည်အသွေးဟာလည်း လိုအပ်သလိုချိန်ညှိပြင်ဆင်ပေးနိုင်ပါတယ်။ ထို့အပြင် Reverb Distortion စသည့် Effect များကိုပါထည့်သွင်းပေး ထားပြီး ဂစ်တာသမားတော်တော်များများနှစ်ခြိုက်စေနိုင်မည့် အသံ Color မျိုးကိုပေးစွမ်းမှာပဲဖြစ်ပါတယ်။

ထို Amp ဟာ Solid State အမျိုးအစားရှိပြီး 4 Ohms ရှိပါတယ်။ ထို့ပြင် Amp အတွင်း Normal , Drive နှင့် More Drive ဆိုပြီး ရွေးချယ်အသုံးပြုနိုင်စေရန်အတွက် Channel Selector ပါဝင်ပါတယ်။ ထို Fender Amp ရဲ့ Normal ကတော့ Clean Tone အတွက် ဖြစ်ပြီး ရော့ဂစ်တာတီခတ်မှုနှင့် Vomp တွေအတွက်တော့ Drive ကို
ရွေးချယ်အသုံးပြုနိုင်စေပါတယ်။

Fender Amp အတွင်းပါဝင်ထည့်သွင်းထားသော Tone Control ကတော့အတော်လေးနှစ်သတ်စရာ ကောင်းပါတယ်။ ထို Tone ဟာ Bass နှင့် Treble ကို အလွယ်တကူချိန်ညှိပေးရာမှာ အသုံးပြုနိုင်ပြီး Foot Switch Jack ကိုလည်းအသုံးပြုနိုင်တာကိုတွေ့ရပါတယ်။ ထိုပြင် Amp တွင် Bass, Mid , Treble အစရှိသည့် EQ ကို အသုံးပြုနိုင်စေရန်လည်းထည့်သွင်းပေးထားပြီး Mid Contour Switch ကိုပါထည့်သွင်းပေးထားပါတယ်။



ထိုAmp တွင်နောက်ထပ်ပါဝင်လာတဲ့ Feature ကတော့ Preamp Out နှင့် Power Amp In စတဲ့ Effect Loop ကိုအသုံးပြုနိုင်ခြင်းပဲဖြစ်ပါတယ်။ Amp ၏ အသွင်အပြင်ကတော့အနက်ရောင်ဖြစ်ပြီး အလေးချိန်ကတော့ 48lbs ( 21.7Kg ) ရှိပါတယ်။ Amp ၏အမြင့်မှာ 19.5 လက်မနှင့်အကျယ်ကတော့ 26 လက်မရှိပါတယ်။ Fender Amp Series မျာရဲ့အသံဟာ ပျော့ပျောင်းညှင်သာပေမဲ့ ယနေ့ခေတ် Punk နှင့် Rock ဂီတ များအထိ ထို Fender Amp ကိုနှစ်ခြိုက်စွာအသုံးပြုနေကြပါတယ်။

Fender Amp ဟာ Instumental ဂစ်တာသမားတွေနှစ်ခြိုက်စွာအသုံး ပြုလာတဲ့ Amp အမျိုးအစားဖြစ်ပြီး ရွေးချယ်ဝယ်ယူ မည်ဆိုပါက သင့်တော်သော အမျိုးအစားပဲဖြစ်ပါတယ်။

Source by :http://www.onlineictreader.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။