Home » , » CDMA 800 MHZ ဖုန်းများ အင်တာနက်လိုင်း ချထားပေးမှု ရပ်ဆိုင်း

CDMA 800 MHZ ဖုန်းများ အင်တာနက်လိုင်း ချထားပေးမှု ရပ်ဆိုင်း

Written By မောင်စေတနာ on Wednesday, December 14, 2011 | 2:30:00 PM


မြန်မာအိုင်စီတီပြပွဲ၌ စီဒီအမ်အေ ဖုန်းအင်တာနက်စနစ် လျှောက်ထားနေသူများအား တွေ့ရစဉ်

CDMA 800 MHZ မိုဘိုင်း ဖုန်းအင်တာနက်လိုင်း ချထားပေးမှုအား ဒီဇင်ဘာလ ပထမပတ်မှ စတင်၍ ရပ်နားလိုက်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

CDMA 800 MHZ မိုဘိုင်းဖုန်း၏ အင်တာနက်စနစ်မှာ EVDO စနစ်ဖြစ်ပြီး ယင်းအင်တာနက်စနစ် အား ရန်ကုန်၊မန္တလေးနှင့် နေပြည်တော် မြို့ကြီးများတွင်သာ အသုံးပြုနိုင်သေးကြောင်းနှင့် လတ်တလော ကာလတွင် နယ်ဒေသများ၌ အသုံးပြုခွင့် မရသေးကြောင်း သိရသည်။

“ စီဒီအမ်အေအတွက်က အင်တာနက်လိုင်းပေါင်း လေးသောင်းလောက် ချထားပေးပြီးပါပြီ။ အခု အင်တာနက် လျှောက်ခွင့်ရပ်လိုက်တာက ပေးဖို့သတ်မှတ်ထားတဲ့ လိုင်းအရေအတွက် ပြည့်သွားလို့ပါ။ အင်တာနက် လိုင်းမှာလည်း သူ့မှာသတ်မှတ်ထားတဲ့ Capacity ရှိတယ်။ အခု တိုးချဲ့ထားတဲ့ စီဒီအမ်အေ ဖုန်းလိုင်း က သုံးသိန်းကျော်ရှိတဲ့အတွက် သူ့ Bandwidth ကိုကြည့်ပြီး အင်တာနက် Capacity ဘယ်လောက် ပေးမယ်ဆိုပြီး သတ်မှတ်ရတာပါ။

ဒီ အင်တာနက်လိုင်းက ချထားပေးတာလည်း ကြာပါပြီ။ နယ်ဒေသတွေမှာ အင်တာနက် အသုံးပြုခွင့်ပေးဖို့လတ်တလောမှာ အစီအစဉ်မရှိသေးပါဘူး” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ CDMA 800MHz မိုဘိုင်းဖုန်း အင်တာနက် အသုံးပြုခွင့် အား ၂၀၁၁ခုနှစ် ဇန်န၀ါရီလ ၈ရက် နေ့ ပြင်ဦးလွင်မြို့ ရတနာပုံဆိုက်ဘာ စီးတီး၌ ကျင်းပခဲ့သည့် န၀မအကြိမ်မြောက် မြန်မာအိုင်စီတီ ရက်သတ္တပတ် ပွဲတော်တွင် စတင်ချထားပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Source by :http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။