မလေးရှားရင်းဂစ် ငွေစက္ကူအသစ်များကို ၂၀၁၂ ခုနှစ် ဇူလိုင်လတွင် ထုတ်ဝေဖွယ်ရှိကြောင်းကို မလေးရှား ရုပ်/သံများမှာ ကြေငြာသွားပါတယ်။ အသစ်ထုတ်မယ့် ငွေစက္ကူများကတော့ ၁ ရစ်ဂစ်၊ ၅ ရင်းဂစ်၊ ၁၀ ရင်းဂစ်၊ ၂၀ ရင်းဂစ်၊ ၅၀ ရင်းဂစ် နဲ့ ၁၀၀ ရင်းဂစ် တို့ ဖြစ်ပါတယ်။ ထူးခြားတာက ၂ ရင်းဂစ်ကို အသစ်ထုတ်ဝေခြင်း မရှိပဲ တန်ဖိုးအသစ်ဖြစ်သော ၂၀ ရင်းဂစ် ငွေစက္ကူ အသစ်ကို စတင် မိတ်ဆက်ထားပါတယ်။
ယခင်က ပေါပေါသီသီ တွေ့ မြင် သုံးစွဲခဲ့ရတဲ့ ၂ ရင်းဂစ် ငွေစက္ကူဟာ ယခုအခါ ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီး မျိုးဆက်သစ် လူငယ်တချို့ ဆို မမြင်ဖူး သလောက် ဖြစ်နေပါပြီ။ ငွေစက္ကူအသစ်များအပြင် အကြွေစေ့များဖြစ်သော 5 sen, 10 sen, 20 sen နဲ့  50 sen အသစ်များကိုလည်း ထုတ်ဝေသွားမယ်လို့  သတင်းမှာ ကြေငြာသွားပါတယ်။

0 comments:
Post a Comment