Home » » ရွှေ့ပြောင်းမြန်မာ ကျောင်းသား၊ ကျောင်းသူ (၄၀၀)ကျော် ဖူခက် တိရိစ္ဆာန်ရုံအား သွားရောက်လေ့လာ

ရွှေ့ပြောင်းမြန်မာ ကျောင်းသား၊ ကျောင်းသူ (၄၀၀)ကျော် ဖူခက် တိရိစ္ဆာန်ရုံအား သွားရောက်လေ့လာ

Written By မောင်စေတနာ on Wednesday, December 14, 2011 | 4:30:00 AM



ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငခရိုင်ရှိ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းက ဖွင့်လှစ်ထားသော ရွှေ့ပြောင်းမြန်မာ ကလေးများ၏ စာသင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၄၀၀)ကျော်က ဖူခက်တိရိစ္ဆာန် ဥယာဉ်အား သွားရောက် လေ့လာခဲ့သည်။

http://www.ghre.org/mm/shared_media/images/20111206b.jpg

အဆိုပါ ခရီးစဉ်ကို Act Now Children Fund က ထောက်ပံ့ကူညီ ပေးခဲ့ခြင်း ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ (၄၀၀)ကျော်မှာ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED)မှ ဖွင့်လှစ်ထားသော စာသင်ကျောင်း (၇)ကျောင်းနှင့် Integration အစီအစဉ်ဖြင့် ထိုင်းအစိုးရ စာသင်ကျောင်းများတွင် ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူလေးများ ဖြစ်ကြသည်။

အသက် (၁၀)နှစ်အရွယ် သုံးတန်းကျောင်းသား မောင်အာကာစိုးက “အရင်က ကျားတွေ၊ မိကျောင်းတွေကို တီဗွီထဲမှာပဲ မြင်ဖူးတယ်။ အခုတော့ အပြင်မှာ တွေ့ဖူးသွားပြီ။ ပြပွဲတွေထဲမှာ ဆင်တွေ ကတာ ကြိုက်တယ်။ ချစ်စရာလည်း ကောင်းတယ်။ မိကျောင်းပြပွဲက ကြောက်စရာ ကောင်းတယ်” ဟုပြောသည်။

http://www.ghre.org/mm/shared_media/images/20111206d.jpg

ကျောင်းသား၊ ကျောင်းသူများကို စောင့်ရှောက်ရန်အတွက် လိုက်ပါသွားသည့် အသက် (၅၀)အရွယ် ကျောင်းဆရာမကြီး တဦးကလည်း “ကျမထိုင်းမှာ နေလာတာ (၁၀)နှစ် ရှိပါပြီ။ တခါမှ တိရိစ္ဆာန်ရုံကို မရောက်ဖူးဘူး။ မြန်မာပြည်မှာလည်း မသွားဖြစ်ဘူး။ ကျမတို့ နေတာက ရွာမှာဆိုတော့လေ။ အခုမှပဲ တချို့တိရိစ္ဆာန်တွေကို အပြင်မှာ မြင်ဖူးတယ်”ဟု ပြောပြသည်။

http://www.ghre.org/mm/shared_media/images/20111206c.jpg

အသက် (၁၃)အရွယ် လူငယ့်သိပ္ပံ ကျောင်းမှ ကျောင်းသူလေး တဦးက “သမီးတို့ ပျော်တယ်။ အကောင်တွေ တွေ့ရတာ စိတ်လှုပ်ရှားတယ်။ မြွေကြီးတွေကိုတော့ ကြောက်တယ်”ဟု ပြောပြသည်။ လေ့လာရေး ခရီးစဉ်ကို လေးရက်ခွဲကာ ကျောင်းများအလိုက် အုပ်စုခွဲပြီး တရက်စီ သွားရောက်ခဲ့ခြင်း ဖြစ်သည်။


ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED)မှ လက်ထောက် ဒါရိုက်တာ ဒေါ်ပိုပိုက “ဒီခရီးစဉ်ဟာ ကျမတို့ ကလေးတွေအတွက် အရမ်းတန်ဖိုးရှိပါတယ်။ တချို့ ကလေးတွေဆိုရင် ထိုင်းမှာမွေးပြီး သူတို့နေထိုင်တဲ့ နေရာ ဒေသကနေ ဘယ်ကိုမှ ရောက်ဖူးကြတာ မဟုတ်ဘူး။ စိတ်လှုပ်ရှားပြီး ညဘက် အိပ်မပျော်တဲ့ ကလေးတွေ ရှိတယ်လို့လည်း ကျမတို့ ကြားရတယ်” ဟုပြောပြသည်။

http://www.ghre.org/mm/shared_media/images/20111206e.jpg

ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED)အနေဖြင့် ၂၀၁၁-၂၀၁၂ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများကို လေ့လာရေး ခရီးများ ပို့ဆောင်ပေးလျက်ရှိရာ ယခုအကြိမ်သည် စတုတ္ထအကြိမ် ဖြစ်ပြီး လူဦးရေလည်း အများဆုံး ဖြစ်သည်။

Source by :http://www.ghre.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။