Home » » အိမ်မြေ ပိုင်ဆိုင်ခွင့်ရရှိသည့် နိုင်ငံခြားသားများ အား စင်ကာပူ နိုင်ငံသားများက မကျေနပ်

အိမ်မြေ ပိုင်ဆိုင်ခွင့်ရရှိသည့် နိုင်ငံခြားသားများ အား စင်ကာပူ နိုင်ငံသားများက မကျေနပ်

Written By မောင်စေတနာ on Friday, September 16, 2011 | 8:08:00 PM



PropertyGuru သုတေသနက ပြုလုပ်သော စစ်တမ်းလေ့လာချက်အရ ၆၆% သော စင်ကာပူသားများက နိုင်ငံခြားသားများစင်ကာပူတွင် အိမ်မြေ၀ယ်ယူခြင်းကို ဆန့်ကျင်ကြ ကြောင်း ဖေါ်ပြသည်။ အစိုးရ၏ နိုင်ငံခြားသား အား အရေးပေးသော ဥပဒေကြောင့် တိုင်းခြားသားများအိမ်မြေ ပိုင်ဆိုင်လာခြင်းကို လွန်ခဲ့သော နှစ်များနှင့် နှိုင်းယှဉ်ပါက ပိုမိုဆန့်ကျင်လာကြကြောင်းသိရသည်။

သို့သော နိုင်ငံခြားသားများ အိမ်မြေပိုင် ဆိုင်ခြင်း ဆိုသော အယူအဆ သည် အမျိုးသား ရေး နိုင်ငံရေးရာများနှင့် ဆက်စပ်နေသည့် အရေး ကိစ္စဖြစ်သည်။ စင်ကာပူရှိ မြေယာပိုင်ဆိုင်မှုသည် ဂုဏ်သိက္ခာနှင့်သက်ဆိုင်နေ၍ စင်ကာပူ သားများသာ ရထိုက်သည်ဟု ယုံကြည်နေကြေသည်။ သို့သော အဆိုပါ နိုင်ငံခြားသားများက ပြည်တွင်း စီးပွားရေး တွင် တန်ဖိုးရှိ သော ရင်းနှီးမြုပ်နှံသူများဖြစ်နေ၍ ကိုယ်ပိုင် အိမ်ယာနှင့် မြေကို စင်ကာပူတွင်ပိုင်ဆိုင်လိုကြသည်။

နိုင်ငံခြားသားများအနေဖြင့် စင်ကာပူ တရားရေး ၀န်ကြီးဌာန၏ ခွင့် မပြု သမျှ အိမ်မြေ ၀ယ်ယူခွင့်မရှိဟု သတ်မှတ်ထားသည်။ ၀ယ်လိုသောနိုင်ငံခြားသားများအနေနှင့် သတ်မှတ်ထားသောစံနှုန်းများနှင့် ကိုက်ညီမှသာ တရားရေးဝန်ကြီးဌာနက ခွင်ပြုချက်ပေးပါသည်။

ဝယ်ယူမည့် အိမ် မြေတွင် PR ရရှိထားသူများ သာ နေထိုင်ရခြင်း၊ ၀င်ငွေမြင့်မားခြင်း၊ သက်မွေးဝမ်းကြောင်းပညာ တက်မြောက်ခြင်း ၊ အလုပ်အကိုင်အတွေ့အကြုံရှိခြင်း၊ နှင့် ပုဂ္ဂလိက နှင့် အစိုးရ လုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံထားသူဖြစ်ခြင်း စသော တင်းကျပ်သည့် စည်းကမ်းများကို ချမှတ်ထားသည်။ထို့ပြင် ၃နှစ်အတွင် တဆင့်ပြန်လည်ရောင်းချခြင်းမပြုရန် နှင့် စတုရန်းမီတာ ၁၅၀၀၀ထက် ကျော်လွန်ခြင်းမရှိရ ဟု သတ်မှတ်ထားသည်။

သို့သော နိုင်ငံခြားသားရင်းနှီးမြုပ်နှံသူများကို အထူးဆွဲဆောင်ထားသော ဆန်တိုဆာ ပင်လယ်အော် ၌ သာ အထူး သတ်မှတ်များဖြင့် ဘန်ဂလို နှင့် မြေကွက်များကို ၀ယ်ယူခွင့်ပြုထားသည်။

Source by :https://linyonemagazine.wordpress.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။