မလေးရှားမှ တရားမဝင်ရွှေ့ပြောင်းလုပ်သား မြန်မာနိုင်ငံ ပြန်လာပါက အရေးမယူပါ
Thursday, January 1, 2015
အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ ညွှန်ချုပ် ဦးမျိုးအောင် နှင့် တွေ့ဆုံခြင်း
► မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံမှ သွားရောက်လုပ်ကိုင်နေသော တရားဝင်ရွှေ့ပြောင်း လုပ်သားတစ်သိန်းခန့်ရှိပြီး တရားမဝင်သွားရောက်လုပ်ကိုင် သော အလုပ် သမားဦးရေမှာ လေးသိန်းခန့် ရှိနေပါသည်။
ယခုနှစ် ၂ဝ၁၄ နှစ်ကုန်ပိုင်း ဇန်နဝါရီလတွင် မလေးရှားနိုင်ငံရှိ တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို ဖမ်းဆီးတော့မည်ဟု မလေးရှားအစိုးရမှ ထုတ်ပြန်ကြေညာလိုက် သည်။ မလေးရှား အစိုးရက စီမံချက်ဖြင့် ဖမ်းဆီးမှုဖြစ်သဖြင့် ဖမ်းဆီးရမိပါက ထောင် ဒဏ်သုံးလနှင့် ကြိမ်ဒဏ်တစ်ချက်ကျခံရမည်ဟုလည်း ကြေညာထား သည်။ ယင်းကိစ္စအပေါ်တွင် မလေးရှားနိုင်ငံသို့ သွားရောက်လုပ် ကိုင်နေသော မြန်မာရွှေ့ပြောင်းလုပ်သားများက စိုးရိမ်ပူပန်လျက် ရှိပြီး မြန်မာနိုင်ငံသို့ ပြန်လာချင်ကြသော်လည်း လက်တွေ့တွင် နိုင်ငံသားမှတ်ပုံတင် မရှိသောကြောင့် ပြန်လာရန် အခက်အခဲရှိနေ ကြောင်း သိရသည်။ ယင်းကိစ္စအပေါ်တွင် အလုပ်သမားညွှန်ကြား ရေးဦးစီးဌာနမှ ညွှန်ချုပ် ဦးမျိုးအောင်ကို ပေါ်ပြူလာနယူးစ်မှ ဆက် သွယ် မေးမြန်းထားပါသည်။
►မလေးရှားအစိုးရက ထုတ်ပြန်လိုက်တဲ့အပေါ်မှာ မြန်မာရွှေ့ ပြောင်းလုပ်သားတွေက အမိမြေ ပြန်လာချင်နေပြီလို့ သိရပါ တယ်။ အဲဒါ သူတို့က ပြန်လာလို့ရအောင် ဘယ်လိုဆောင် ရွက်ရပါမလဲ။
အဲဒါက မလေးရှားမှာ ကျွန်တော်တို့ မြန်မာအစိုးရဘက်က ဖွင့်ထားတဲ့ နိုင်ငံခြားသံရုံးရှိပါတယ်။ အဲဒီကို သွားရောက်ဆက် သွယ်ပါ။ မြန်မာသံအရာရှိနဲ့ သံရုံးကိုယ် စားလှယ်တွေဘက်က မြန်မာရွှေ့ပြောင်းတွေကို ပြန်လာလို့ရအောင် ဆက်ဆောင်ရွက် ပေးပါလိမ့်မယ်။
►ပြန်လာလို့ရအောင် ဆောင်ရွက်ပေးတဲ့နေရာမှာရော အလွယ်တ ကူဖြစ်အောင် ဝန်ကြီးဌာနဘက်က ဆောင်ရွက်ပေးထားတာများ ရှိပါသလား။
အလွယ်တကူဆိုတဲ့နေရာမှာကျတော့ ကျွန်တော်တို့ဘက်က မြန်မာနိုင်ငံသား ဟုတ် မဟုတ်ဆိုတာကို သေသေချာချာဂရုစိုက် ပြီး လုပ်ရတယ်ပေါ့။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဆောင်ရွက် မှုမှာ အားနည်းချက်ရှိသွားရင် မြန်မာနဲ့အတူ တခြားနိုင်ငံခြားသားတွေရောပါလာရင် ကျွန်တော်တို့ဘက်က ပြန်ရှင်းဖို့ခက် ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ဘက်က သေသေချာချာအတည် ပြုရပါတယ်။
►သံရုံးမှာလာပြီး အကြောင်းကြားတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ရော ဘယ်လို ဆက်လက် လုပ်ဆောင်ပေးပါသလဲ။
သံရုံးမှာလာပြီး သူတို့က မြန်မာနိုင်ငံသားပါ၊ မြန်မာနိုင်ငံကို ပြန်ချင်လို့ပါဆိုပြီး လာရောက်အကြောင်းကြားရင် သံရုံးဘက်က နိုင်ငံသား ဟုတ် မဟုတ်ကို ပြန် စစ်ဆေးပါ လိမ့်မယ်။ နိုင်ငံသား မှန်တယ်ဆိုရင် သံရုံးဘက်က စာရွက်စာတမ်းတွေနဲ့ နိုင်ငံသားဟုတ်ကြောင်း ထောက်ခံပေးလိမ့်မယ်။ ပြီးရင် ပြန်လာလို့ရပါပြီ။
►အဲဒီလို ပြန်လာတဲ့ အလုပ်သမားတွေကိုရော အစိုးရဘက်က ဘယ်လို ဆောင်ရွက်ပေးတာမျိုး ရှိပါသလဲ။ ပြန်ရောက်လာတဲ့ လုပ်သား တွေကိုရော အရေး ယူဆောင် ရွက်တာမျိုး ရှိပါသလား။
နိုင်ငံခြား သံရုံးမှာကတည်းက ကျွန်တော်တို့ဘက်က မြန်မာ နိုင်ငံသား ဟုတ် မဟုတ် သေချာစစ်ဆေးတာပဲရှိပါတယ်။ နိုင်ငံကို အမြန်ဆုံး ပြန်လာလို့ရအောင်တော့ အတတ်နိုင်ဆုံး လုပ်ပေးနေပါ တယ်။ ပြန်ရောက်လာတဲ့သူတွေကိုလည်း အရေးယူတာတွေ မရှိပါဘူး။
ရဲ လွင် တွေ့ ဆုံ မေး မြန်း သည်။
Popular Myanmar News Journal
http://www.popularmyanmar.com/

Nay Zaw Lin1 @ နေဇော်လင်း
Free Online Media Malaysia (Radio & Tv Live)
Free Online Tv Website - www.nayzawlin.com
Free Media Website - www.malaysiaonlineradiomedia.com
Free Facebook Acc - https://www.facebook.com/nay.zawlin1
Free 4D Facebook Page - https://www.facebook.com/nayzawlin18
Free Health Facebook Page - https://www.facebook.com/nayzawlin4

.jpg?width=750)

0 comments:
Post a Comment